Pages
▼
****** ဝိပဿ နာဥာဏ်ရဲ့အစွမ်း ****
ဝိပဿ နာဥာဏ်ရဲ့အစွမ်း
ဝိပဿ နာဥာဏ်ဟာ လတ်တလောဖြစ်လာမယ့် ကံတွေကို ဖြတ်တောက်ပေးပါတယ်။
ဝိပဿ နာရှုမှတ်ပွားများနေချိန်မှာ ရုပ်နာမ်လို့ ရှုလိုက်တာ ရုပ်ကိုရုပ်
နာမ်ကိုနာမ်လို့ ရှုလိုက်တာဟာ ကံတွေကို ဖြတ်ပစ်လိုက်တဲ့ ဥာဏ်တွေပါ။ အသိနှင့်သတိ ပေါင်းစပ်ပြီး ရုပ်နာမ်လို့ ရှုမှတ်လိုက်တာဟာ ဝိပဿ နာဥာဏ်ပါ။
ရုပ်နာမ်လို့ မရှုရင် ဥာဏ်နေရာမှာ ကံဝင်လာမှာပါ။ မရှုမှတ်ဘဲနေရင် ကံကနေရာယူ ဝင်ရောက်လာပါမယ်။
မြင်လိုက်ရတဲ့ အခိုက်အတန့်လေး မြင်ရတဲ့ တစ်ခဏမှာ မြင်လိုက် သိလိုက်တဲ့
ရုပ်နာမ်ကို ရှုလိုက်တယ်ဆိုရင် ဥာဏ်ဖြစ်လာပါတယ်။ရုပ်နာမ်ကို မရှုဘူးဆိုရင်
မျက်စိဖွင့်လို့ တစ်ချက်ကြည့်လိုက်တာနှင့် ကံအထိရောက်အောင် ဖြစ်သွားပါတယ်။
အသံတစ်သံကို နားထောင်ရင်လည်း ကြားတဲ့အသံကို ရုပ်လို့မရှုလိုက်ရင် ကံအထိ ဖြစ်သွားပါတယ်။
စိတ်က စဉ်းစားရင်လည်း အတွေးစိတ်ကို နာမ်လို့ မရှုမှတ်ရင် အတွေးတစ်ခုဟာ
ကံအထိရောက်အောင် ဆက်သွားပါတယ်။ ကံအထိ မရောက်အောင် ကံဝင်မလာအောင်
ဝိပဿနာဥာဏ်ဝင်ပေးရမယ်။
ဒါဟာ ရုပ်,ဒါဟာ နာမ်လို့
ရုပ်နာမ်ဓမ္မတွေကို ရှုနေတဲ့ အသိဥာဏ် ရုပ်ရုပ် နာမ်နာမ်လို့
ရှုပွားနေတဲ့ဥာဏ်ဟာ ကံကို ဖြတ်တောက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
https://www.facebook.com/ko.latt.5015မှ
No comments:
Post a Comment