*
လောကမှာ အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို
တတ်မြောက်ပင် တတ်မြောက်ထားသော်လည်းပဲ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီး
တရားကို အားမထုတ်ဘူးဆိုရင် ဒါသင်ယူခြင်းများတဲ့ ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ်
တရားသမားလို့ မဆိုနိုင်ဘူး။ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရနိုင်ပါဘူး။
စာပေကျမ်းဂန်များကို သင်အံ့မှတ်သားခြင်းနှင့် အချိန်ကုန်ပြီးတော့
ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်၍ တရားကိုမကြိုးစားရင် သင်ယူခြင်းများတဲ့
ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ်။ တရားသမားဟူ၍ မဆိုနိုင်ပါဘူး။
* အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို သင်အံ့မှတ်သားထားပြီး တတ်မြောက်ပါတယ်။ တတ်မြောက်ပြီးတဲ့အခါမှာ တစ်ပါးသော ပုဂ္ဂိုလ်များကို စာပေကျမ်းဂန်လည်းပို့ချ တရားတွေလည်းဟော ကိုယ်ကိုယ်တိုင်တော့ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီး တရားကိုမကြိုးစားရင် သိစေခြင်းများတဲ့ ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ် တရားသမားဟူ၍ မဆိုနိုင်ပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်လည်းပဲ မရနိုင်သေးပါဘူး။
* အကြင်ပုဂ္ဂုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို သင်အံ့မှတ်သားပို့ချ ပို့ချပြီးတော့ သူရရှိထားတဲ့ စာပေကျမ်းဂန်များကိုသာ ရွတ်ဖတ်ပြီးတော့နေပါတယ် ဤကဲ့သို့ စာပေကျမ်းဂန်များကို အမြဲတမ်းရွတ်ဖတ်နေမယ်ဆိုရင် ရွတ်ဖတ်ခြင်းများတဲ့ ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ်။ တရားသမားဟူ၍ မဆိုနိုင်ပါဘူး။
* အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို သင်အံ့မှတ်သား ပို့ချ ရွတ်ဖတ်ပြီးတော့ ကိုယ်ရရှိထားတဲ့ စာပေကျမ်းဂန်များကို အမြဲတမ်း ဆင်ခြင်နေပါတယ်။ သုံးသပ်နေပါတယ်။ ကြံစည်နေပါတယ်။ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီးတော့ တရားကို မကြိုးစားဘူး။ အဲဒီ ပုဂ္ဂိုလ်အမျိုးအစားသည် ကြံစည်ခြင်းများတဲ့ ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ်။ တရားသမားဟူ၍ မဆိုနိုင်ပါဘူး။ သြော်… စာပေကျမ်းဂန်များကို သင်အံ့မှတ်သား ပို့ချ ရွတ်ဖတ် ကြံစည်ငြားသော်လည်းပဲ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီးတော့ တရားကိုမကြိုးစားသောကြောင့်
တရားသမား မဖြစ်သောကြောင့် မဂ်ဥာဏ် ဖိုလ်ဥာဏ် မရနိုင်ပါဘူး။ မဂ်ဥာဏ်
ဖိုလ်ဥာဏ်မှ မရခဲ့သော် ဘုံဘဝကြီးမှာ ခန္ဓာမျိုးစုံရ၍ အိုနာသေနှင့် တွေ့ကြ
ကြုံကြရအုံးမယ် အင်မတန်မှ ကြောက်စရာကောင်းပါတယ်။
* အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကိုလည်း သင်အံ့မှတ်သား တစ်ပါးသော ပုဂ္ဂိုလ်များလည်း ပို့ချ ကြိမ်ဖန်များစွာလည်း ကြံစည်စဉ်းစားပြီးတော့ ဆိတ်ငြိမ်တဲ့ ဓမ္မာရုံမှာဖြစ်စေ။ ကျောင်းကန်ဘုရားမှာဖြစ်စေ။ သစ်ရိပ်ဝါးရိပ်မှာဖြစ်စေ။ တောတောင်ထဲမှာဖြစ်စေ။ ပွားများနေမယ်ဆိုရင် ဤကဲ့သို့ လူသူကင်းဆိတ်တဲ့ နေရာဌာနမှာ ချည်းကပ်ပြီးတော့ တရားကို အားထုတ်မှသာလျှင် တရားသမားဖြစ်နိုင်ပါတယ်။
ဤကဲ့သို့ တရားသမားဖြစ်ရင်လည်းပဲ တဏှာ မာန ဒိဋ္ဌိတွေ ကင်းစင်ပြီးတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ် အမြင်မှန်တွေ ရရှိနိုင်ပါတယ်။
-------------------------- ----
အရှင်ဇနိတာလင်္ကာရ-မိုးကုတ်
* အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို သင်အံ့မှတ်သားထားပြီး တတ်မြောက်ပါတယ်။ တတ်မြောက်ပြီးတဲ့အခါမှာ တစ်ပါးသော ပုဂ္ဂိုလ်များကို စာပေကျမ်းဂန်လည်းပို့ချ တရားတွေလည်းဟော ကိုယ်ကိုယ်တိုင်တော့ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီး တရားကိုမကြိုးစားရင် သိစေခြင်းများတဲ့ ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ် တရားသမားဟူ၍ မဆိုနိုင်ပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်လည်းပဲ မရနိုင်သေးပါဘူး။
* အကြင်ပုဂ္ဂုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို သင်အံ့မှတ်သားပို့ချ ပို့ချပြီးတော့ သူရရှိထားတဲ့ စာပေကျမ်းဂန်များကိုသာ ရွတ်ဖတ်ပြီးတော့နေပါတယ် ဤကဲ့သို့ စာပေကျမ်းဂန်များကို အမြဲတမ်းရွတ်ဖတ်နေမယ်ဆိုရင်
* အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကို သင်အံ့မှတ်သား ပို့ချ ရွတ်ဖတ်ပြီးတော့ ကိုယ်ရရှိထားတဲ့ စာပေကျမ်းဂန်များကို အမြဲတမ်း ဆင်ခြင်နေပါတယ်။ သုံးသပ်နေပါတယ်။ ကြံစည်နေပါတယ်။ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီးတော့ တရားကို မကြိုးစားဘူး။ အဲဒီ ပုဂ္ဂိုလ်အမျိုးအစားသည် ကြံစည်ခြင်းများတဲ့ ပုဂ္ဂိုလ်ဟူ၍သာ ဆိုရမယ်။ တရားသမားဟူ၍ မဆိုနိုင်ပါဘူး။ သြော်… စာပေကျမ်းဂန်များကို သင်အံ့မှတ်သား ပို့ချ ရွတ်ဖတ် ကြံစည်ငြားသော်လည်းပဲ ဆိတ်ငြိမ်ရာအရပ်မှာ ချည်းကပ်ပြီးတော့ တရားကိုမကြိုးစားသောကြောင့်
* အကြင်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်သည် စာပေကျမ်းဂန်များကိုလည်း သင်အံ့မှတ်သား တစ်ပါးသော ပုဂ္ဂိုလ်များလည်း ပို့ချ ကြိမ်ဖန်များစွာလည်း ကြံစည်စဉ်းစားပြီးတော့ ဆိတ်ငြိမ်တဲ့ ဓမ္မာရုံမှာဖြစ်စေ။ ကျောင်းကန်ဘုရားမှာဖြစ်စေ။ သစ်ရိပ်ဝါးရိပ်မှာဖြစ်စေ။ တောတောင်ထဲမှာဖြစ်စေ။ ပွားများနေမယ်ဆိုရင် ဤကဲ့သို့ လူသူကင်းဆိတ်တဲ့ နေရာဌာနမှာ ချည်းကပ်ပြီးတော့ တရားကို အားထုတ်မှသာလျှင် တရားသမားဖြစ်နိုင်ပါတယ်။
ဤကဲ့သို့ တရားသမားဖြစ်ရင်လည်းပဲ တဏှာ မာန ဒိဋ္ဌိတွေ ကင်းစင်ပြီးတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ် အမြင်မှန်တွေ ရရှိနိုင်ပါတယ်။
--------------------------
အရှင်ဇနိတာလင်္ကာရ-မိုးကုတ်
No comments:
Post a Comment