Pages

Saturday, March 1, 2014

“အမှားပုံကို ဉာဏ်နဲ့ရှု၊ အမှန်ပုံကို လိုက်၍တု”

Photo: “အမှားပုံကို ဉာဏ်နဲ့ရှု၊ အမှန်ပုံကို လိုက်၍တု”
••••••••••••••••••••••••••••••••••
အမှားကိုယ်စီရှိနေကြတဲ့ အမှားလောကကြီးမှာ 
မှားပြီးခဲ့တဲ့ အမှားဆိုတာ တစ်စိမ့်စိမ့်တွေးပြီး 
နောင်တရဖို့၊ သောကဖြစ်ဖို့၊ 
ပူဆွေးနေဖို့ မဟုတ်ပါဘူး။
မှားခဲ့တဲ့အမှားကို သင်ခန်းစာယူပြီး 
နောင်မမှားအောင် ကြိုးစားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 
မကောင်းတဲ့အတွေးဆိုတာ တွေးလေလေ၊
ဆွေးလေလေပဲဖြစ်ပြီး
ကောင်းတဲ့အတွေးကတော့ 
တွေးလေလေ အေးလေပဲ ဖြစ်တဲ့အတွက် 
“မကောင်းတာ” ကို အမြန်မေ့ဖျောက်ပြီး ၊
ကောင်းတာတွေ “အမှန်” ရောက်လာအောင်
ကြိုးစားရမှာ ဖြစ်ပါတယ်။ 

တကယ်တမ်းကျတော့ မှားခဲ့သမျှ အမှားတွေကို 
ပြန်ဆင်ခြင်ကြည့်ရင် သတိလက်လွတ်ခဲ့လို့ 
ဖြစ်ကြတာတွေပဲ များပါတယ်။ 

သတိလွတ်ပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်မိ၊ 
စိတ်လိုက်မာန်ပါ ပြောလိုက်မိ၊ 
စိတ်လိုက်မာန်ပါ တွေးကြံလိုက်မိကြလို့ပဲ ဖြစ်ပါတယ်။
 
ဒီတော့ကား ပြီးခဲ့တာတွေကို 
ခဝါချပြီး နောင်မမှားဖို့ကိုသာ 
အမှားကို သင်ခန်းစာယူရင်း 
အမှန်လမ်းကို လျှောက်လှမ်းနိုင်အောင် 
သတိယှဉ်တဲ့ လှုပ်ရှားမှု၊ သတိယှဉ်တဲ့ ပြောဆိုမှု၊ 
သတိယှဉ်တဲ့ ကြံစည်တွေးတောမှုတွေနဲ့ တတ်နိုင်သမျှ 
အမှားကင်းအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 
အမှားကို ဉာဏ်နဲ့ဆင်ခြင်ပြီး ၊ 
အမှန်ကို ပြင်ဆင်နေထိုင်နိုင်အောင်
ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm  

No comments:

Post a Comment