Pages
▼
ကံဖြစ်ပုံ အဆင့်ဆင့်
ကံဖြစ်ပုံ အဆင့်ဆင့်
လူတစ်ယောက်မှာ……
မျက်စိဖွင့်ရင် နားစွင့်ရင်
ဘယ်အထိ…
ခရီးရောက်သွားလဲ
ကြည့်ကြပါစို့။
ကိုယ့်ရဲ့……
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့
မျက်စိ,နှား,နှာခေါင်း,လျှာ,ကိုယ်
စိတ်တွေရဲ့ ထိတွေ့မှု…
ဖဿကနေ,
ခံစားမှု ဝေဒနာ……
လိုချင်မှု တဏှာ
စွဲလန်းမှု ဥပါဒါန်
ပြုလုပ်ဆောင်ရွက်မှု
ကံအထိ ရောက်သွားပါတယ်။
မျက်စိတစ်ချက် ဖွင့်လိုက်တဲ့
အချိန်အခါမှာ……
မြင်လိုက်တဲ့……
အဆင်းမျိုးစုံ ရူပါရုံ
ဒီအဆင်းမျိုးစုံ ရူပါရုံနှင့်
ကိုယ့်မျက်လုံး မျက်စိနှင့်
ပေါင်းဆုံမိတယ်…
ထိတွေ့မိတယ်ဆိုတာ
ဖဿပါ။
အဲဒီထိတွေ့မှုကို……
အကြောင်းပြုပြီးတော့
ခံစားတယ်ဆိုတာက
ဝေဒနာပါ။
ဝေဒနာနှင့်……
ခံစားပြီးတော့
ခံစားရုံတင် မကသေးဘူး။
မြင်ရတဲ့……
အဆင်းမျိုးစုံပေါ်မှာ
သဘောကျတယ်
နှစ်သက်တယ်ဆိုတာ
ဖြစ်လာရင် တဏှာပါ။
တဏှာကနေ……
စွဲလန်းတဲ့ အဆင့်ရောက်အောင်
ပြင်းပြင်းထန်ထန်
ပြင်းပြင်းပြပြကို……
လိုလားတောင့်တနေတာက
ဥပါဒါန်ပါ။
ဥပါဒါန်ပြီးရင်……
ဘာဖြစ်လာမလဲဆိုတော့
ပြုလုပ်မှုကံတွေ
ဖြစ်လာပါတယ်။
ဒီတော့……
ကံကို
ဘယ်သူဖန်တီးနေတာလဲ
ပြန်ကြည့်ရင်
ကိုယ်ကိုယ်တိုင်ကပဲ
ဖန်တီးနေတာလို့
ပြောရမှာပါ။
ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ
No comments:
Post a Comment