Pages

Tuesday, March 11, 2014

**** အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။ ****

         အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။



၂။ ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။


၃။ လူကြီးလူကောင်းတို့က “ငါတို့သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီး များလည်း သီချင်းဆိုကြတာပါပဲ” ဟု စွတ်စွဲ ကဲ့ရဲ့တတ်၏။


၎။ တရားဟောရင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။


၅။ နောင်လာနောင်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်” ဟု အတုလိုက်တတ်ကြသည်။ ။


{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ   တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }


  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်     ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။

     ဦးသိန်းဝေ။


           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment