Pages

Tuesday, March 11, 2014

**** မရောင်းကောင်းသော ကုန်ပစ္စည်းများ။ ****

       မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော နိုင်ငံဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည်
အင်္ဂတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ်၊ ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာဝင် တစ်ယောက်
အနေဖြင့် မရောင်းကောင်းသော ကုန်ပစ္စည်း ငါးပါးကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းတို့မှာ=

           (၁)။ သတ္တ၀ဏဇ္ဇာ  =အများသေစေကြောင်း လေး၊ မြှား၊ သေနတ်စသော လက်နက်
                                    အမျိုးမျိုးကို ရောင်းခြင်း။
           ဗုဒ္ဓမြတ်ဘုရားသည် ဓား၊ လှံ၊ လေးမြှားစသော လက်နက်တို့ကို မိမိကိုယ်တိုင် ပြုလုပ်
၍ လည်းကောင်း၊တခြားတစ်ပါးသောသူကို ပြုလုပ်ခိုင်း၍လည်းကောင်း၊ သူတစ်ပါးပြုလုပ်ပြီးသည်ကို တစ်ဆင့်ဝယ်ယူ၍လည်းကောင်း ရောင်းဝယ်ခြင်း မပြုလုပ်ရဟု တားမြစ်တော်မူပါသည်၊လက်နက်တို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း ဖြစ်သဖြင့်ဖြစ်ပါသည်။


            (၂)။ သတ္တ၀ဏိဇ္ဇာ  = ဆင်၊ မြင်း၊ လူ စသော အစေခံ သတ္တ၀ါအပေါင်းကိုရောင်းခြင်း။
         ဗုဒ္ဓမြတ်စွာသည် မိစ္ဆာစာရဖြင့် အသက်မွေးသော မိန့်မပေါ့ (ပြည့်တန်ဆာ) ရောင်းဝယ်
ခြင်း၊ လူများကို ကျွန်ဖြစ်စေရန်ရောင်းဝယ်ခြင်း၊ ဆင်၊ မြင်း တို့ကိုရောင်းဝယ်ခြင်း မပြုလုပ်ရဟု
တားမြစ်တော် မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏ အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။


            (၃)။ မံသ၀ဏဇ္ဇာ  = ကြက်၊ ၀က်၊ နွား စသော အသားစားကြောင်း သတ္တ၀ါ အပေါင်းကို ရောင်းခြင်း။
         ဗုဒ္ဓမြတ်စွာသည် ကြက်၊ ၀က်၊ နွား စသော ဟင်းလျာသတ္တ၀ါတို့ကို မွေးမြူ၍ သားငါးမျိုး
ကုန်ရောင်းခြင်းကို တားမြစ်တော် မူပါသည်။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်း ဟူသော အကြောင်းကြောင့် ဖြစ်ပါသည်။


           (၄)။ မဇ္ဇ၀ဏိဇ္ဇာ    = သေရည် အရက်အမျိုးမျိုးကို ရောင်းခြင်း။
         ဗုဒ္ဓမြတ်စွာသည် သေရည် သေရက် ဘိန်း စသောယစ်မျိုး ကုန်ရောင်းခြင်းကို တားမြစ်တော်မူပါသည်။ အဘယ်ကြောင့်ဆိုသော် သေရည် သေရက်တို့သည် ရတနာသုံးပါးကုသိုလ်တရားတို့၌ မေ့လျော့ကြောင်း၊

အကျိုးစီးပွားပျက်ကြောင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။

           (၅)။ ၀ိသ၀ဏိဇ္ဇာ   = အများကို သေစေတတ်သော အဆိပ် အမျိုးမျိုးကို ရောင်းခြင်း။


         ဗုဒ္ဓမြတ်စွာသည် သေစေတတ်သော အဆိပ်အမျိုးမျိုး ရောင်းခြင်းကို တားမြစ်တော် မူပါ
သည်။ အဘယ့်ကြောင့်ဆိုသော် အဆိပ် အမျိုးမျိုးတို့သည် တစ်ပါးသောသတ္တ၀ါတို့ကို သေစေတတ်သောကြောင့် ဖြစ်ပါသည်။


         ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်း မပြုဘဲ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော
သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။ သို့မှသာ ကောင်းမြတ်သော စိတ်ထား ပြည့်ဝပြီး သင့်တင့်ညီညွှတ် မျှတသော ကုန်သွယ်မှု ဖြစ်နိုင်ပါမည်။ ကောင်းသော အသက်မွေးမှုပြုခြင်း၊ သမာ
အာဇီဝဖြင့် အသက်မွေးခြင်း ဖြစ်နိုင်ပေမည်။


         ထို့ကြောင့် တရားချစ်ခင် ကျင့်ကြံအားထုတ်  နေကြသော ဓမ္မမိတ်ဆွေ  အပေါင်းတို့ကလည်း မရောင်းအပ်သော ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းမှ ရှောင်ရှားနိုင်ကာ ကောင်းသထက်
ကောင်း မြင့်မြတ်သထက် မြင့်မြတ်ကာ မြတ်နိဗ္ဗ်ာကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။


  { နှစ်ဖက်လှဦးကျော်လွင်၏ ဗုဒ္ဓဘာသာလူထက်လူကို ကိုးကားရေးသားပူဇော်ပါသည်။ }


    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


ဒီနေရာမှ ကူးယူမျှဝေသည်။

No comments:

Post a Comment