
မေတ္တာ၏ အစောဆုံးအကျိုးကျေးဇူး
“ကိုယ် စိတ်လွပ်လပ်နေမှု” ဖြစ်ပါသည်၊၊ ကိုယ် စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသောစိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင်
မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏အကျိုးကို တကယ်ရရှိနိုင်ကြောင်း ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊
ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊
မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို တင်ပြ ဆွေးနွေး သွားပါမည်၊၊
မိမိကိုယ်ကို မေတ္တာပို့ပုံ---ဘုရားတပည့်ေ
မိဘနှစ်ပါးကို မေတ္တာပို့ပုံ---ဘုရားတပည့်ေ
ချစ်ခင်သူကို မေတ္တာပို့ပုံ---ဘုရားတပည့်ေ
ဒေသအလိုက် မေတ္တာပို့ပုံ---ရန်ကုန်မှာ
ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)
အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
မေတ္တာနှင့် ဆက်စပ်သည့် မှတ်သားဖွယ်များကို တင်ပြလို့အတိုင်းတာ တခုအထိလုံလောက်ပြီဟု အရှင်ယူဆပါသည်၊လုံးဝ ပြည့်စုံသည်ဟုကား မဆိုသာပါ၊၊ စာတမ်းပုံစံဖြင့် တင်ပြသောအခါ သိပ်ရှည်လွန်းသွားလျင် စာဖတ်သူ ငြီးငွေ့တတ်သည့် သဘာဝကို စာရေးသူများ နားလည်ရပါသည်၊၊ တိုက်တွန်းချက်တခု အနေဖြင့် (ဦးသုခ)ရေးသော မေတ္တသုတ် စာအုပ်ကိုလည်း ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းလိုပါသည်၊၊
အရှင်ကေ၀လ(အလင်း စက်)(၈.၁၀.၂၀၁၀)(မေတ္တသုတ်ပါ
No comments:
Post a Comment