*♠ ** သိမြင်ရေး ** ♠*♠ (၁)
* “သင်္ခတ နှင့် သင်္ခါရ" *
မိဘနှစ်ပါးကြောင့်ပဲ ဆိုဆို
ကံ,စိတ်,ဥတု,အဟာရ တို့၏ထောက်ပံ့
မှုကြောင့် ဖြစ်နေတာပဲ ပြောပြော
ဆံပင် မွှေးညှင်း ခြေသည်း လက်သည်း
စသော-၃၂-ကောဌာသ ရုပ်တရားကြီးကို
“သင်္ခတ"မျိုးဟုမှတ်ပါလေ။
ထို သင်္ခတ ရုပ်ကြီးသည် ဖြစ် တည် ပျက်
မွေး အို နာ သေ တို့ဖြင့် မရပ်မနား ပြောင်း
လဲနေသည်။ထို့ကြောင့် “ဆင်းရဲတုံးကြီး"
ဟုခေါ်ကြလေသည်။ထိုဆင်းရဲတုံး
သည်(သေမှ)သုဿာန်ကြမှ ဆုံးပါမည်။
ထိုဆင်းရဲတုံးဖြစ်တဲ့ ရုပ်တရားကြီးကို
မဆင်းရဲအောင်(ဝါ)မအို မနာ မသေအောင်
ပြုလုပ်နေပါက ထိုပြုလုပ်မှုသည်
“သင်္ခါရ"ဖြစ်နေပါသည်။သင်္ခါရ ဟုခေါ်
ပါသည်။အလိုသမုဒယနှင့်အပိုပြ
တဲ့ ဒုက္ခ သာ မှန်သည်။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရ မျိုးဖြစ်သည်။
မြတ်စွာဘုရားရှင်က “သဗ္ဗေ
သင်္ခါရာ အနိစ္စာ, ဒုက္ခာ , သဗ္ဗေဓမ္မာ
အနတ္တာ"ဟု ဟောတော်မူပါသည်။
မိမိ ဟုဆိုအပ်တဲ့ ရုပ်တရားကြီးဟာ
ချမ်းသာတုံးချမ်းသာခဲကြီးမဟ
ဆင်းရဲတုံး ဆင်းရဲခဲကြီးသာမှန်တယ်။
ကျောက်စရစ်ခဲကို ဆီထွက်အောင်
ကြိတ်သော်လည်းဆီထွက်မလာသလို
နွားချိုကိုနို့ညှစ်က နို့မထွက်သလို
ထိုဆင်းရဲတုံးဆင်းရဲခဲကြီးအ
ရုပ်တရားကို ချမ်းသာချင်မှု ရှေ့ သွားဖြင့်
ချမ်းသာအောင် ဘယ်လိုပင် လုပ်ပေး
သော်လည်း လုပ်ပေးလို့ ဘယ်လိုမှ မ
ရ ကောင်းပါ။
အကယ်၍ ဆင်းရဲမျိုးကြီးမှန်နေတဲ့
သင်္ခတရုပ်ကြီးကို ချမ်းသာချင်မှုပြင်းထန်၍
နင်းကန်ကြိုးကုတ်ပြုလုပ်နေပ
ချမ်းသာချင်မှုနှင့်ချမ်းသာေ
နှစ်ခုတို့သာ နူရာဝဲစွဲ လဲရာသူခိုးထောင်း
ဆိုသလို သင်္ခါရဒုက္ခတွေ ပိုလာပေတော့သည်။
ဒါ့ကြောင့် ဆင်းရဲအမှန်ကို ဆင်းရဲအမှန်
အတိုင်းသိမြင်ပြီးနေကြ။
ချမ်
အောင်လုပ်ပေးမနေကြနဲ့။ အလိုသိမ်း
၍အေးအေးဆေးဆေးငြိမ်းငြိမ်းက
လူဖြစ်ကျိုးနပ်အောင် လူ့ထုံးစံလူ့
ဝတ္တရားအတိုင်း “အတ္တဟိတ ပရဟိတ"
ညီမျှစွာနဲ့လုပ်ကိုင်နေထိုင
ကြပါလို့ ဆန္ဒပြုချင်ပါတယ်။
ထိုသင်္ခါရတရားအားလုံးဆုံးရာမ
မှန်ပါသည်။နိဗ္ဗာန်အစစ်သည်
ထိုအလို သမုဒယ နှင့် အပိုပြုသမျှ
ဒုက္ခတို့၏ ငြိမ်းခြင်းဖြစ်သည်။
သခတ ဆုံးရာ သုဿာန် , သင်္ခါရ
အားလုံးဆုံးရာမှ နိဗ္ဗာန် ဟု
ကျေးဇူးရှင် ဆရာတော် ဘုရားကြီးများ
ဟောကြားဆုံးမသွန်သင်တာကို
နာကြားမှတ်သားရတာကို တဆင့်ပြန်
လည်ဖေါက်သည်ချလိုက်ရပါသည်
မိတ်ဆွေအပေါင်းသူတော်ကောင်း
* ဝိဘဇ္ဇ ဝေဖန်သုံးသပ်
ဥာဏ်အမြင်မှန်ရကြပါစေသော်……။
ဘုရား တရား သံဃာံ အဆုံးအမ များမှ ပြန်လည်မျှဝေသည်....။
No comments:
Post a Comment