Pages

Tuesday, March 11, 2014

**** လယ်တီဆရာတော်ကြီး ပြုစုခဲ့သည့်ကျမ်းများ။ ****

       မြန်မာသက္ကရာဇ် ၁၂၄၇ -ခုတွင်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိသျှတို့ အနှစ် ၆၀ ကျော် အုပ်စိုးသွားပါသည်။
ဗြိတိသျှတို့ အုပ်စိုးသည့်ကာလအတွင်း လောကီလောကုတ္တရာ စာဆိုတော်ကြီးများ အသီးသီး ပေါ်ထွန်းခဲ့တဲ့အနက် လယ်တီဆရာတော်ဘုရား ကြီးမှာ ဘာသာ၊ သာသနာအတွက် ထူးထူးခြားခြား စွမ်းစွမ်းတမံ ဆောင်ရွက်လမ်းညွှန်သွားတဲ့
ဓမ္မစာဆိုတော်ကြီးတစ်ပါး ဖြစ်ပါတယ်။


         လယ်တီဆရာတော်ကြီးကို ၁၂၀၈ -ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲရင်းမြို့၊ စိုင်ပြင်ကြီးရွာ၌ မွေးဖွားခဲ့ပါတယ်။ လယ်တီဆရာတော်
ကြီးဟာ အရေးကောင်း၊ အဟောကောင်း၊ အကျင့်ကောင်း၊ စာတတ်ပေတတ် ပိဋကတ်ပါရဂူ
ပုဂ္ဂိုလ်ကျော်ကြီးတစ်ပါး ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံး

 နွားသားရှောင်ကြည်ရေးကို လှုံ့ဆော်ဟောကြားသွားတဲ့ ကရုဏာရှင် ပုဂ္ဂိုလ်ကြီး  ဖြစ်ပါတယ်။

        လယ်တီဆရာတော်ကြီးသည် ၁၂၃၇ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ
ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံတော်မူရသည်။ ၁၂၈၃ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ယူနီ
ဗာစီတီတက္ကသိုလ်ကျောင်းတိုက်ကြီး၏ အဓိပတိ ဒီလစ်ပိဋကတ္တယပါရဂူဘွဲ့တံဆိပ်တော် ဆက်
ကပ်ခြင်းကိုလည်း ခံခဲ့ရပါသည်။ 


သံခိပ်အသင်းတော် တည်ထောင်ပြီး အဘိဓမ္မာ သာသနာပြန့် 
ပွားအောင် ဆောင်ရွက်သွားတဲ့ ဓမ္မစာဆိုတော်ကြီးလည်း ဖြစ်ပါတယ်။ ဒီပနီအမျိုးမျိုး၊ ကျမ်းစာ  အမျိုးမျိုး၊ မေတ္တာစာအမျိုးမျိုး၊  ဆုံးမစာအမျိုးမျိုး  ရေးသားပြုစုသွားတဲ့ ပရဟိတလမ်းညွှန်  
ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါတယ်။ 


ဆရာတော်ကြီး ရေးသားပြုစုခဲ့သမျှ ကျမ်းစာများအနက် လက်
လှမ်းမီသမျှ လေ့လာတင်ပြရလျှင်==

(၁) ကမ္မဌာန်း ဒီပနီ၊ 
(၂) ကမ္မဌာန်းကျမ်းကြီး၊
 (၃) ဂေါဏသုရာဒိ ဒီပနီ၊ 
(၄) ဂ မ္ဘီရကဗျာကျမ်း၊ 
(၅) စတုသစ္စ ဒီပနီ၊ 
(၆) စေတီယင်္ဂဏ ၀ိနိ စ္ဆယ၊ 
(၇) ဒါနာဒိ ဒီပနီ၊
 (၈) ဒီဃာသန၀ိနိ စ္ဆယ၊ 
(၉) ဓာတ်ကမ္မဌာန်း ကျမ်းသစ်၊
 (၁၀) ဓမ္မ ဒီပနီ၊ 
(၁၁) နိယာမ ဒီပနီ၊
 (၁၂) နိရုတ္တိ ဒီပနီ ခေါ် ၀ိတ္တိမောဂ္ဂလာန် ဋီကာပါဌ်၊ 
(၁၃) နိရုတ္တိ ဒီပနီ ခေါ် ၀ိတ္တိမောဂ္ဂလာန် ဋီကာ နိသယ၊
(၁၄) နိဗ္ဗာန ဒီပနီ၊

 (၁၅) နိဗ္ဗာန ၀ိသဇ္ဇနာ၊
 (၁၆) ပဋိစ္စသမုပ္ပါဒ် ဒီပနီ၊
 (၁၇) ပဋိစ္စသမုပ္ပါဒ် အကျဉ်းလင်္ကာ၊ 
(၁၈) ပဓာနသုတ် ပါဠိတော်နိဿယသစ်၊
 (၁၉) ပရမတ္ထဒီပနီခေါ် သဂြိုင်္ဟ် မဟာဋီကာပါဠ်၊ 
(၂၀) ပရမတ္ထဒီပနီခေါ် သဂြိုင်္ဟ် မဟာဋီကာ နိဿယ၊ 
(၂၁) ပရမတ္ထသံခိပ်၊ 
(၂၂) ပါရမီ ဒီပနီ၊ 
(၂၃) ပဌာရ်နုဒ္ဒေသ ဒီပနီပါဠ်၊ 
(၂၄) ပုဏ္ဏောဝါဒ ကမ္မဌာန်း၊ 
(၂၅) ဗောဓိပက္ခိယ ဒီပနီ၊ 
(၂၆)ဘာဝနာ ဒီပနီ၊ 
(၂၇) မဟာသယန ဒီပနီ၊
 (၂၈)မင်္ဂဂ္ဂ ဒီပနီ၊ 
(၂၉) ရူပ ဒီပနီ၊
 (၃၀) ရောဂန္တရ ဒီပနီ၊ 
(၃၁) ရုပ်ပိုင်း အကျဉ်း၊ 
(၃၂) လယ်တီပုစ္ဆာ အဖြေပေါင်းချုပ်၊
 (၃၃) လယ်တီမင်္ဂလသုတ္တန်၊
(၃၄) လက္ခဏ ဒီပနီ၊

 (၃၅) လန်ဒန်ပါဠိဒေ၀ီ ပု စ္ဆာ သ၀ိသဇ္ဇနာပါဒ်၊ 
(၃၆) ၀ိကာလဘောဇန သိက္ခာပုဒ် အဆုံးအဖြတ်၊ 
(၃၇) ၀ိနယသံခိပ်၊ 
(၃၈) ၀ိပဿနာ ဒီပနီ၊
 (၃၉) ၀ိရတီသီလ ၀ိနိ စ္ဆယ၊
(၄၀) ၀ိဇ္ဇာမဂ္ဂ ဒီပနီ၊

 (၄၁) သရဏဂုံ ၀ိနိစ္ဆယကျမ်းသစ်၊ 
(၄၂) သသင်္ခါရ သသင်္ခါရ၀ိနိစ္ဆယ၊
(၄၃) သာသနဒါယဇ္ဇ ဒီပနီ၊ 

(၄၄) သာသန၀ိသောဓနီ ပ၊ ဒု၊ တ၊
 (၄၅) သီလ၀ိနိစ္ဆယ၊ 
(၄၆) သုကုမာရမဂ္ဂ ဒီပနီ၊ 
(၄၇) သောတာပန် ပုစ္ဆာ၊ 
(၄၈) သောမနာဿုပေက္ခာ ဒီပနီ၊ 
(၄၉) သင်ပုန်းကြီးသံခိပ်၊
 (၅၀) သစ္စတ္တ ဒီပနီ၊ 
(၅၁) သဒ္ဒ သံခိပ်၊
 (၅၂) သတ်ပုံ သံခိပ်
၊ (၅၃) သိက္ခာဂဟဏ ၀ိနိစ္ဆယ၊
(၅၄)သမာဒိဌိ ဒီပနီ၊ 

(၅၅) သံဝေဂ လေးချိုးနှင့် အဓိပ္ပာယ်၊ 
(၅၆) အနု ဒီပနီ၊ 
(၅၇) အနတ္တ ဒီပနီ၊
(၅၈)အနတ္တ ဒီပနီ ကျမ်းသစ်၊ 

(၅၉) အနတ္တ၀ိဘာဝနာပါဌ် နိဿယ၊
 (၆၀) အလင်းကျမ်း၊
 (၆၁) အာဇီဝဌမက သီလအဆုံးအဖြတ်၊
 (၆၂) အာနာပါန ဒီပနီ၊
 (၆၃) အာဝေဏိက ဂုဏ်တော်ပါဌ် နိသယ၊ 
(၆၄) အာဟာရ ဒီပနီ၊
 (၆၅) ဣဏပရိဘောဂ ၀ိနိစ္ဆယ၊
 (၆၆) ဥပသမ္ပဒ ၀ိနိစ္ဆယ၊ 
(၆၇) ဗုဒ္ဓဘာသာ အလင်းပြ၊ 
(၆၈) ဥတ္တမပုရိသ ဒီပနီ စသည်တို့ကို လေ့လာတွေ့ရှိပါသည်။

     ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာကိုအစဉ်လေးစားကာ
မိမိဘ၀ မြင့်မြတ်သထက် မြင့်မြတ်အောင် ကျင်ကြံအားထုတ်လျက် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်
ကြပါစေ ကုန်သတည်း။


 {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ - သာစည်) ၏ အခါတော်နေ့များနှင့် နန္ဒာမိုးကြယ်၏ မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များတို့ မှ      
ကောက်နုတ်ရေးသားပူဇော်ပါသည်။ }


   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်   ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


ဦးသိန်းဝေ...။
 
ဒီနေရာမှ ကူးယူမျှဝေသည်။

No comments:

Post a Comment