Pages

Saturday, March 15, 2014

/|\_ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ _/|\_

Photo: _(())_ တပေါင်းလပြည့်နေ့ ပါမောက္ခချုပ်ဆရာတော်ကြီး၏ 
ဝိဇာတမွေးနေ့မင်္ဂလာအတွက် မြတ်ဆုမွန် _(())_

ယနေ့ တပေါင်းလပြည့်နေ့တွင်ကျရောက်သော
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ 
(၇၄)နှစ်ပြည့် ၀ိဇာတမွေးနေ့မင်္ဂလာရက်မြတ်မှသည် 
နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆရာတော်ဘုရား - 
သာသနာ့အကျိုး၊ လောကအကျိုးနှင့် နိုင်ငံ့အကျိုးကို
ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ ချမ်းသာစွာဖြင့် ဆထပ်
တိုးပြီး ဆောင်ရွက်နိုင်ပါစေကြောင်း တပည့်တော်တို့
( Young Buddhist's Association ) မှ ဆုမွန်ဆန္ဒပြုအပ်
ပါသည်ဘုရား ။

~ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး သြ၀ါဒ ~

အတိတ်ကိုတွေး မဆွေးလေနှင့်
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်မှန်းဆ မတမ်းတနှင့်
အနာဂတ်ဆိုတာ မသေချာဘူး။

ပစ္စပ္ပုန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျက်
ဘ၀တန်ဖိုး အားမာန်ကိုးလျက်
မြတ်နိုးကြည်ဖြူ အရယူလော့...။

•••••••••••••••••••••••••• ၇၄ ••••••••••••••••••••••••••
_/|\_ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ _/|\_ 

၁၃၀၁-ခုနှစ် တပေါင်းလပြည့်၊ ၂၂ရက်၊ မတ်လ၊ ၁၉၄၀ စနေနေ့တွင် 
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊  ညောင်ပင်ရွာ ၊ခမည်းတော် ဦးစံလှ+
မယ်တော် ဒေါ်ခင်တို့မှဖွားမြင်သည်။ ၁၃၀၅- 1944 ခုနှစ်၊ အသက်
(၅)နှစ်သားအရွယ်တွင် စဥ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ 
ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင် 
 မြန်မာစာနှင့် ဗုဒ္ဓ္ဇစာပေများကို စတင်သင်ကြားခဲ့သည်။ 

၁၃၁၁- ၁၉၄၉ ခုနှစ်၊ ၀ါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ
်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ၀ိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇ
မဟာရဋ္ဌဂုရု၊ န၀မရွှေကျင်သာသနာပိုင် စံကင်းဆရာတော်
ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။

 ၁၃၁၄- ၁၉၅၃ ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ 
(၃)ဆင့် စတင်အောင်မြင်ခဲ့သည်။

၁၃၁၇- (၁၉၅၆) ခုနှစ် အသက် (၁၆)နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို 
ဂုဏ်ထူးကျမ်း (၂)ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇသီရိပ၀ရ 
ဓမ္မာစရိယ ဘွဲ့ရရှိခဲ့သည်။ ၁

၃၁၉- (၁၉၅၇) ခုနှစ်၊ သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိ
ခဲ့သည်။ ၁၃၂၀- 1958 ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို
နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ် 
အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ 

၁၃၂၁- (၁၉၆၀) ခုနှစ် န၀မရွှေကျင်သာသနာပိုင် စံကင်းဆရာတော်
ဘုရားကြီးကို ဥပဇ္စုာယ်ပြု၍ ရဟန်းဘ၀သို့ရောက်ရှိခဲ့သည်။ နောင်တော်
ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ သဂ`်ဟ၊ ပိဋက အခြေခံစာများ၊ 
ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆို
ကျောင်းဆရာတော် ဘဒ္ဒ န္တအဂိဃ္ဃယ (ယခု ရွှေကျင်သာသနာပိုင်၊ 
အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို 
သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များ
ဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျ
သီလ၊ စေတိယင်္ဂတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ 
ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋ္ဋက ပါဋ္ဌိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ်
ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တဇနကာ ဘိဝံသ
ထံတွင် အဂ`်လိပ်ဘာသာကို စတင်သင်ယူခဲ့သည်။ 

၁၃၂၄- (၁၉၆၃) ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိ
ခဲ့သည်။ 
၁၃၂၅- (၁၉၆၄) ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ၀ိနယပါဋ္ဌိပါရဂူဘွဲ့ကို 
ရရှိခဲ့သည်။ 

၁၃၂၅- (၁၉၆၄) ခုနှစ်တွင် မန္တလေး သကျသီလ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။ 

၁၃၃၂- (၁၉၇၃)ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်
မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။  

၁၃၃၉- (၁၉၈၀)ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်
အတွက် စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ 
ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် 
ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ
 ပြဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်
စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြား
ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ၀ိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေး
အဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ 

၁၃၄၇- (၁၉၈၆)ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း၊
 သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေး
ခဲ့သည်။ 
၁၃၄၈- 1989 ခုနှစ်တွင် University of Kelaniya မှ M.A (Buddhist Studies) 
ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၅- 1994 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်း
ပြည်နယ် ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်
တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ 

၁၃၅၇- 1996 ခုနှစ်တွင် နိုင်ငံတော်မှ “အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတဘွဲ့ကို 
ဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် 
ဆောင်ရွက်ကာ၊ Department of Language Studies ၌ English Diploma 
တန်းနှင့် B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ 
ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်းသား၊ 
ကျောင်းသူများအား ပါဋ္ဌိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း 
သင်ကြားပို့ချပေးခဲ့သည်။ 

၁၃၅၈- 1999 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြု
တက္ကသိုလ်၏ သြ၀ါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသား
များအား စာပေပို့ချပေးခဲ့သည်။ 

၁၃၆၁- 2000 ခုနှစ်တွင် နိုင်ငံတော်မှ မဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ 
၁၃၆၄- 2003 ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို
ရရှိခဲ့သည်။ ထိုနှစ်မှ စတင်၍ ဂျာမနီ၊ နယ်သာလန်၊ သြစတြေးလျ၊ အင်္ဂလန်၊ 
စင်္ကာပူ၊ မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါနိုင်ငံများအား 
အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။

၁၃၆၇- 2005 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြု
တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ 
ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာ
ရုံစာသင်တိုက်၌ စာသင်သား ၁၈၀ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ 
ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ် တာဝန်ကို
ထမ်းဆောင်ရင်း ဒီပလိုမာသင်တန်းများနှင့် B.A, M.A တန်းများ၌ စာပေပို့
ချပေးတော်မှုရင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ် 
ပါမောက္ခချုပ်နှင့် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပံ္ပပါမောက္ခချုပ်
အဖြစ် တာဝန်ထမ်းဆောင်ရင်း ပြည်တွင်း၌ တရားဓမ္မများ ဟောပြောကာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် ပဓာနနာယက ဆရာတော်အဖြစ် သာသနာပြုလျက်ရှိသည်။

- Admin Team of Young Buddhist's Association

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm  

/|\_ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ _/|\_

၁၃၀၁-ခုနှစ် တပေါင်းလပြည့်၊ ၂၂ရက်၊ မတ်လ၊ ၁၉၄၀ စနေနေ့တွင်
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ ၊ခမည်းတော် ဦးစံလှ+
မယ်တော် ဒေါ်ခင်တို့မှဖွားမြင်သည်။

၁၃၀၅- 1944 ခုနှစ်၊ အသက်
(၅)နှစ်သားအရွယ်တွင် စဥ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ
ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင်
မြန်မာစာနှင့် ဗုဒ္ဓ္ဇစာပေများကို စတင်သင်ကြားခဲ့သည်။

၁၃၁၁- ၁၉၄၉ ခုနှစ်၊ ၀ါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ
်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ၀ိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇ
မဟာရဋ္ဌဂုရု၊ န၀မရွှေကျင်သာသနာပိုင် စံကင်းဆရာတော်
ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။

၁၃၁၄- ၁၉၅၃ ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ
(၃)ဆင့် စတင်အောင်မြင်ခဲ့သည်။

၁၃၁၇- (၁၉၅၆) ခုနှစ် အသက် (၁၆)နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း (၂)ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇသီရိပ၀ရ ဓမ္မာစရိယ ဘွဲ့ရရှိခဲ့သည်။ 


၁၃၁၉- (၁၉၅၇) ခုနှစ်၊ သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိ
ခဲ့သည်။ ၁၃၂၀- 1958 ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို
နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ်
အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။

၁၃၂၁- (၁၉၆၀) ခုနှစ် န၀မရွှေကျင်သာသနာပိုင် စံကင်းဆရာတော်
ဘုရားကြီးကိုဥပဇ္စုာယ်ပြု၍ရဟန်းဘ၀သို့ရောက်ရှိခဲ့သည်။

 နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ သင်္ဂဟ၊ ပိဋက အခြေခံစာများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တအဂိဃ္ဃယ (ယခု ရွှေကျင်သာသနာပိုင်၊
အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို
သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များ
ဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျသီလ၊ စေတိယင်္ဂတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋ္ဋက ပါဋ္ဌိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ်
ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တဇနကာ ဘိဝံသ
ထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။

၁၃၂၄- (၁၉၆၃) ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိ
ခဲ့သည်။ ၁၃၂၅- (၁၉၆၄) ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ၀ိနယပါဋ္ဌိပါရဂူဘွဲ့ကို ရရှိခဲ့သည်။

၁၃၂၅- (၁၉၆၄) ခုနှစ်တွင် မန္တလေး သကျသီလ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။

၁၃၃၂- (၁၉၇၃)ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

၁၃၃၉- (၁၉၈၀)ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက်စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်

အဖြစ်လည်းကောင်း၊
ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်
ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ
ပြဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ၀ိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၃၄၇- (၁၉၈၆)ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း၊သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၄၈- 1989 ခုနှစ်တွင် University of Kelaniya မှ M.A (Buddhist Studies)
ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၅- 1994 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်း
ပြည်နယ်ဆီလ်ဗားစပရင်းမြို့မင်္ဂလာရာမကျောင်း၌

 မြန်မာဗုဒ္ဓဘာသာဝင်
တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။

၁၃၅၇- 1996 ခုနှစ်တွင် နိုင်ငံတော်မှ “အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ်
ဆောင်ရွက်ကာ၊ Department of Language Studies ၌ English Diploma တန်းနှင့် B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်းသား၊
ကျောင်းသူများအား ပါဋ္ဌိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း
သင်ကြားပို့ချပေးခဲ့သည်။

၁၃၅၈- 1999 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြု
တက္ကသိုလ်၏ သြ၀ါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသား
များအား စာပေပို့ချပေးခဲ့သည်။

၁၃၆၁- 2000 ခုနှစ်တွင် နိုင်ငံတော်မှ မဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၄- 2003 ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှ စတင်၍ ဂျာမနီ၊ နယ်သာလန်၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါနိုင်ငံများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။

၁၃၆၇- 2005 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြု
တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံစာသင်တိုက်၌ စာသင်သား ၁၈၀ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ် တာဝန်ကိုထမ်းဆောင်ရင်း ဒီပလိုမာသင်တန်းများနှင့် B.A, M.A တန်းများ၌ စာပေပို့ချပေးတော်မှုရင်းရန်ကုန်အပြည်ပြည်ဆိုင်ရာ

 ထေရ၀ါဒသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်နှင့် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပံ္ပပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ပြည်တွင်း၌ တရားဓမ္မများ ဟောပြောကာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် ပဓာနနာယက ဆရာတော်အဖြစ် သာသနာပြုလျက်ရှိသည်။






_(())_ တပေါင်းလပြည့်နေ့ ပါမောက္ခချုပ်ဆရာတော်ကြီး၏
ဝိဇာတမွေးနေ့မင်္ဂလာအတွက် မြတ်ဆုမွန် _(())_


ယနေ့ တပေါင်းလပြည့်နေ့တွင်ကျရောက်သော
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏
(၇၄)နှစ်ပြည့် ၀ိဇာတမွေးနေ့မင်္ဂလာရက်မြတ်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆရာတော်ဘုရား -
သာသနာ့အကျိုး၊ လောကအကျိုးနှင့် နိုင်ငံ့အကျိုးကို
ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ ချမ်းသာစွာဖြင့် ဆထပ်
တိုးပြီး ဆောင်ရွက်နိုင်ပါစေကြောင်း တပည့်တော်တို့
( Young Buddhist's Association ) မှ ဆုမွန်ဆန္ဒပြုအပ်
ပါသည်ဘုရား ။

~ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး သြ၀ါဒ ~

အတိတ်ကိုတွေး မဆွေးလေနှင့်
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်မှန်းဆ မတမ်းတနှင့်
အနာဂတ်ဆိုတာ မသေချာဘူး။

ပစ္စပ္ပုန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျက်
ဘ၀တန်ဖိုး အားမာန်ကိုးလျက်
မြတ်နိုးကြည်ဖြူ အရယူလော့...။


   Young Buddhist's Association

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment