" ဗြဟ္မဝိဟာရ ( ဗြဟ္မစိုရ် ) "
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ - ဤ
နှလုံးသဘောထား လေးမျိုးကို ဗြဟ္မစိုရ်
( ဗြဟ္မဝိဟာရ )ဟူ၍ခေါ်သည်။
အကြင်ရဟန်းသည် မေတ္တာပြည့်ဝ
သော စိတ်ကိုလည်းကောင်း ကရုဏာပြည့်
ဝသော စိတ်ကိုလည်းကောင်း မုဒိတာပြည့်
ဝသော စိတ်ကိုလည်းကောင်း ဥပေက္ခာ
ပြည့်ဝသော စိတ်ကိုလည်းကောင်း အရပ်
လေးမျက်နှာတွင် ဖြန့်၍ထား၏။ ကမ္ဘာ့
အနှံ့ နေရာအနှံ့တွင် ဒေါသကင်းမဲ့သည့်
စိတ် ရန်စကင်းမဲ့သည့်စိတ်ကို ဖြန့်၍ထား
၏။ ထိုရဟန်းကို "ဗြဟ္မပတ္တ"( ဗြဟ္မစိုရ်ရှင်)
ရဟန်းဟူ၍ခေါ်သည်။
မေတ္တာတည်းဟူသော စိတ်လွတ်
မြောက်မှု ( မေတ္တာစေတောဝိမုတ္တိ) ကို
နှစ်ခြိုက်စွာ လိုလားလျှင်လည်းကောင်း
ပွားများကျင့်ကြံလျှင် လည်းကောင်း တိုး
ပွားအောင် ပြုလုပ်လျှင်လည်းကောင်း တည်တန့်အောင် ပြုမူလျှင်လည်းကောင်း
အသုံးပြုလျှင်လည်းကောင်း စိတ်အား
ထက်သန်စွာဖြင့် လက်ခံနာယူလျှင် လည်း
ကောင်း ထိုသူသည် အကျိုးထူး ဆယ့်တစ်
ပါးကို ရရှိသည်။
ထိုသူသည် ချမ်းသာစွာအိပ်ရသည်
ချမ်းသာစွာနိုးရသည်။ မကောင်းသည့်
အိမ်မက်ကို မမြင်မက်ရ။ လူချစ်လူခင်
ပေါများသည်။ တစ္ဆေ ဘီလူးများကို မ
ကြောက်ရ။ နတ်များ၏ စောင့်ရှောက်ခြင်း
ကိုခံရသည်။ ထိုသူ့အပေါ်၌ လက်နှက်များ
မည်သို့မျှ တန်ခိုးမပြနိုင်။ စိတ်ကို ရုတ်
ခြည်း တည်ငြိမ်အောင် လုပ်နိုင်သည်။
မျက်နှာ၏ အရောင်အဆင်းသည် ကြည်
လင်သည်။ ငြိမ်းချမ်းစွာသေရသည်။ နိဗ္ဗာန်
ကို မရရှိလင့်ကစား သေသည်၏အခြားမဲ့
၌ ဗြဟ္မာ့ပြည်သို့သွားရသည်။
လူသည်အကယ်၍ ကလေးသူငယ်
ဘဝကစတင်၍ မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာ တည်းဟူသော စိတ်လွတ်
မြောက်မှု(စေတောဝိမုတ္တိ)ကို
များလျှင် ထိုသူ၏လက်ဖြင့် မကောင်းမှု
ကံများ အဘယ်မှာလျှင် ဖြစ်ပေါ်လာတော့
မည်နည်း။ မကောင်းမှုကိုမပြုလုပ်ခဲ့သော
ဆင်းရဲဒုက္ခကို အဘယ်မှာ တဖန်ခံစားရတော့မည်နည်း။
ဤ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တည်းဟူသော(စေတောဝိမုတ္တိ)
ကို ပွားများကျင့်ကြံခြင်းကို ယောက်ျား မိန်းမ မရွေး အားလုံးပင် ပြုလုပ်သင့်ပေသည်။
( စတုက္ကနိပါတ် မေတ္တာသုတ် ဒသကနိပါတ် ကရဇကာယဝဂ် )
No comments:
Post a Comment