( ၅ )မေတ္တာတရားကို ပွားများ၍ နတ်ဘီလူးအစရှိသည်တို့ချစ်နှ
သက်ရာ၌ပုံစံသက်သေကား - ဝိသာခသူကြွယ်ဝတ္ထု
ပါဋလိပုတ်ပြည်၌ ဝိသာခမည်သော သူကြွယ်သည် ထိုပြည် ၌နေ
လျက်သာလျှင် သီဟိုဠ်ကျွန်းသည် စေတီပုထိုးတို့ဖြင့် တင့်တယ်၏။
သင်္ကန်းရောင်တို့ ဖြင့်လည်းတပြောင်
ပြောင် တောက်လုဘနန်းမျှဖြစ်၏။
အလိုရှိရာ အရပ်၌သာ နေခြင်းငှာ
လျောက်ပတ်သော ကျောင်း /ဥတု
တရားနာခြင်း အခွင့်ကိုလည်းရ
လွယ်၏ ဟု ကြားသိ၍ မိမိဥစ္စာအ
များကို သားမယားအားဆောင်နှင်း
၍ ပုဆိုးစွန်၌ ဖွဲ့ချည်အပ်သောတစ်
သပြာဖြင့် မိမိအိမ်မှ ထွက်၍ သမုဒ္ဒ
ရာ ကမ်းနား၌ လှေကြုံကို ငံ့လျှက်
တစ်လပတ်လုံးနေရ၏။ထိုသူကြွယ်
သည် ကုန်သွယ်ခြင်းဖြင့် တစ်ခု
သော အရပ်၌ ဘဏ္ဍာကို ဝယ်ပြီး
လျှင် တစ်နေရာ၌ ပြန်လည်ရောင်း
ချ၍ တစ်လအတွင်း တစ်ထောင်
သောအသပြာတို့ကို စုရုံးရရှိ၏။ သို့
ဖြင့် သီဟိုဠ်ကျွန်းသို့ ရောက်သော်
မဟာဝုန်ကျောင်းတော်သို့ သွား၍
ရှင်ရဟန်းအဖြစ်ကို တောင်းပန်၏။
ထိုသူကြွယ်သည် ရဟန်းပြုသော
အခါမှစ၍ ရွှေ ငွေကို မကိုင်အပ်ဟု
ဆိုသည်ရှိသော် ရှင်ရဟန်းပြုရာအ
ရပ်သို့ ရောက်လာကြကုန်သောသူ
တို့အား အချည်းနှီး မပြန်မသွားကြ
စေကုန်ရာဟု ရွှေ ငွေတို့ကို သိမ်အ
ပြင်၌ ပေးစွန့်ကြဲဖြန့်၍ ရှင်အဖြစ်
ကို ရသည်ရှိသော် ရဟန်းပြုလေ၏
ရဟန်းပြု၍ ငါးဝါမြောက်သော် မိမိ
အား လျောက်ပတ်သော ကမ္မဋ္ဌာန်း
ကိုယူ၍ တစ်ခုသော တောအုပ်၌
ရပ်လျှက် မိမိ၏ ဂုဏ်ကျေးဇူးကို
အောက်မေ့ဆင်ခြင်၍ -
ယာဝတာ-အကြင်ရွေ့လောက်
ဥပသမ္ပန္နောရဟန်းပြု၏ယာဝတာ-
အကြင်မျှလောက်။ ဣဓ-ဤအရပ်
သို့။ အာဂတော-လာ၏။ဧတ္တန္တရေ-
ဤအတွင်း၌ ။ ခလိတံ-ချော်ချွတ်
ခြင်းသည်။ နတ္တိ-မရှိ။ မာရိသ-အ
ချင်း။ တေ-သင့်အား။အဟောလာ
ဘာ-သြော် ရတော်စွ တကား။
ဤသို့ ဥဒါန်းကျူးရင့်၍ ခရီး
လမ်းနှစ်ဖြာ ကွဲရာအရပ်သို့ ရောက်
လျှင် စိတ္တလပဗ္ဗတကျောင်းသို့သွား
သောခရီးကား အဘယ်လမ်းနည်း
ဟု ဆင်ခြင်၍ ရပ်နေလေသော်
တောင်စောင့်နတ်သည် လက်ညှိုး
ညွှန်၍ "ကျေးဇူးကြီးလှပေသော
အရှင်ဘုရား ဤလမ်းခရီးကားစိတ္တ
လပဗ္ဗတာကျောင်းသို့ သွားသော
လမ်းတည်း'' ဟုပြောဆိုလျှောက်
ထား၏။
ဝိသာခမထေရ်လည်းထိုကျောင်း
၌ လေးလပတ်လုံး နေတော်မူ၍ မိုး
သောက်သောအခါ ငါသွားဦးတော့
မည်ဟု ကြံစည်၍ အိပ်၏။ စောင်း
တန်းလှေကားရင်း ပျဉ်ချပ်၌ရပ်၍
ငိုကြွေးသံကြားသော် ဤသူကား
အဘယ်သူနည်းဟု မထေရ်ကမေး
သော် ''အရှင်ဘုရား အကျွန်ုပ်ကား
မဟာလှေကားပင်စောင့်နတ်ပါ
တည်း''ဟုလျှောက်၏။ "နတ်ဖြစ်က
အဘယ့်ကြောင့် ငိုသနည်း" ဟုမေး
ပြန်လျှင် "အရှင်ဘုရားသွားမည်ဟု
ပြုသောကြောင့် ငိုပါသည်" ဟု
လျှောက်ပြန်၏။ ''ဤအရပ်၌ ငါနေ
သည်ရှိသော် သင်တို့အား အဘယ်
အကျိုးရှိသနည်း''ဟု မေးပြန်၏။
"အရှင်ဘုရားတို့၏ မေတ္တာတော်
ဂုဏ်ကျေးဇူးကြောင့် အကျွန်ုပ်တို့
သည် အချင်းချင်း ချစ်ခင်လေး
မြတ်ကုန်၏ ယခုအခါ အရှင်ဘုရား
ကြွသွားတော်မူသည်ရှိသော် အ
ကျွန်ုပ်တို့သည် အမိမဲ့သားကဲ့သို့
ဖြစ်ကြရပါတော့မည်။ အချင်းချင်း
မညီမညွတ်ဖြစ်ကြပါတော့မည်"ဟု
လျှောက်၏။ ဝိသာခမထေရ်လည်း
ဤအရပ်၌ ငါနေသင့်၏ဟုထိုအရပ်
၌သာလျှင် နေ၍ ပရိနိဗ္ဗာန်စံတော်
မူလေ၏။ ဤသို့လျှင်မေတ္တာတရာ်း
ကို ပွားများလေ့ရှိသော ပုဂ္ဂိုလ်အား
နတ်/ဘီလူးတို့ ချစ်နှစ်သက်ကုန်၏
~~~~~~~~~~~~~~~~~~
••မောင်းထောင်ဆရာတော်ဘုရားကြီးရေးသားစီရင်သော
ဒေါသကထာ 'မှ
No comments:
Post a Comment