Pages

Saturday, March 15, 2014

“တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ (၂)”


Photo: “တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ (၂)” 
••••••••••••••••••••••••••••••••••••••••••
၁။ ကပိလ၀တ်မြို့တော်သို့ ရောက်ခါစမှာပင် 
မာနထောင်လွှားနေကြသော သာကီဝင်ဆွေမျိုးအပေါင်းတို့အား 
မာနကျ စေရန်အလို့ငှါ ဘုရားဆိုသည်မှာ 
ဘယ်လို ပုံသဏ္ဍာန်ရှိသည်။
အဘယ်ကဲ့သို့  ကြည်ညိုစရာကောင်းသည်၊  
အဘယ်သို့ သော အစွမ်း အစ အရည်အချင်းမျိုး၊ 
တန်ခိုးမျိုးတို့နှင့် ပြည့်စုံသည်ကို သိရှိစေရန် 
အထက်အာကာသ ကောင်းကင်ယံတွင် 
ရတနာ စင်္ကြံတော်ကို ဖန်ဆင်းတော်မူကာ 
သြဒါတကသိုဏ်းလျင် အာရုံရှိသော
စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော် မူပြီး
တလောကလုံး အဖြူရောင် အလင်းရောင်များ
ဖြစ်စေသတည်း ဟု အဓိဋ္ဌာန်တော် မူကာ
ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။

၂။ စကြာဝဠာ တိုက်အပေါင်းမှ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ
ဂန္ဓဗ္ဗများနှင့်တကွ နတ်ဗြဟ္မာများကလည်း မန္ဒာရ၀ နတ်ပန်း၊
ပဒုမ္မာကြာပန်း၊ ပင်လယ်ကသစ်ပန်း တို့ဖြင့် ပူဇော်ကြကာ
“ မြတ်စွာဘုရားသည် တလောကလုံးအတွက်
အကျိုးစီးပွား ကို ဆောင်ရွက်တော်မူပါပေသည်၊
အလွန်ကြည်ညိုဖွယ် အံ့သြဖွယ် ကောင်းပါပေစွ ” ဟု
သြဘာသံဘ၀ဂ်ညံေ အာင်ကောင်းချီးထောမနာပြုကြသည်။

www.facebook.com/youngbuddhistassociation.mm

၃။ ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာ ၊
အရှင်မောဂ္ဂလာန်တို့သည်လည်း ကောင်းကင်ယံမှ 
ကြွချီလာကာ Biography Of The Buddha 
ဘုရားရှင်တပါး၏ အကြောင်းအတ္ထုပ္ပတ္တိကို 
ဘုရားရှင်ကိုယ်တော်တိုင် ဟောပြမှသာလျင်
ပြည့်စုံစွာ သိရှိနိုင်မှာ ဖြစ်သောကြောင့် ဟောကြားတော်မူပါရန်
လျောက်ထားသောအခါ သာကီဝင်မင်းမျိုးအားလုံးတို့
ကြည်ညိုနေစဉ် ကပိလ၀တ်နေပြည်တော်၏ 
ကောင်းကင်ယံ၌ပင် ဘုရားဖြစ်တော်စဉ် 
မဟာဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူသည်။
 
၎။ “ဗုဒ္ဓ၀င်” ဟူသည် ဗုဒ္ဓ၀ံသ ပါဠိစကားဖြစ်ပြီး 
( ဗုဒ္ဓ - ဘုရားရှင်တို့၏၊ ၀ံသ - အနွယ်တော်၊ မျိုးရိုး ) 
ထို့ကြောင့် ဘုရားရှင် တို့၏ ဘ၀၊ အနွယ်တော်အကြောင်း၊ 
မျိုးရိုးအကြောင်းတို့ကို ဖော်ပြထားခြင်းကို “ဗုဒ္ဓ၀င်” ဟု 
ခေါ်ဆိုရသည်။ ဤနေရာ၌ ဂေါတမ ဘုရားရှင်၏ 
ဘ၀အကြောင်းကို “ဂေါတမဗုဒ္ဓ၀င်” ဟု ခေါ်ဆိုနိုင်ပါသည်။ 
ဂါထာပေါင်း ( ၉၅၁ ) ဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော 
( အဋ္ဌကထာဆရာ၊ ဋီကာဆရာ၊ ရဟန္တာမထေရ်တို့ 
သီကုံးအပ်သော ဂါထာတို့နှင့်ပေါင်းလျင် ဂါထာပေါင်း
www.facebook.com/youngbuddhistassociation.mm
( ၁၀၇၀ ) တို့ဖြင့် ဖော်ပြထားသော  ဂေါတမဘုရားရှင်၏ 
အတ္ထုပ္ပတ်ကို ထိုအခါ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားတော်မူ 
ခဲ့သောကြောင့် ယခုအခါ ကျေးဇူးတော်ရှင် 
မင်းကွန်းဆရာတော်ကြီး ရေးသားထားသော 
မဟာဗုဒ္ဓ၀င် စာအုပ်ကြီးများကို “ဂေါတမဗုဒ္ဓ၀င်”ဟု 
မှတ်သားရပါမည်။
 
၅။ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူစဉ်ပင် 
နတ်ဗြဟ္မာများက ပေါက္ခရ၀ဿမိုး ရွာသွန်းဖြိုးစေသောကြောင့် 
သာကီဝင်များမှာ အံ့သြဘနန်းဖြစ်ပြီး မာနများချကာ 
ရှိခိုး ကန်တော့ကြတော့သည်။
 (ပေါက္ခရ၀ဿမိုး ဟူသည်  ကောင်းကင်ယံတွင်ြ
ကာရွက်ပမာဏ တိမ်တိုက်များ တက်လာပြီး 
ပရိသတ်တွင်းမှ ရေစိုလိုသူကို စိုစေပြီး၊
မစိုစွတ်လိုသူကို မစိုစေသော ကွက်ကြား ၊
ကွက်ကြား ရွာသော မိုး ဖြစ်သည် )
www.facebook.com/youngbuddhistassociation.mm
၆။ ထိုမိုးအကြောင်းနှင့် စပ်၍ ယခုအခါသာ မဟုတ်သေး၊ 
ပါရမီဖြည့်စဉ်ကာလ ဝေဿန္တရာမင်းကြီး ဘ၀ကလည်း 
ရွာခဲ့ ဖူးကြောင်း ဟောလိုရကား ဂါထာပေါင်း ( ၁၀၀၀ ) တို့ဖြင့် 
တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို  
ဟောတော်မူပြန်သည်။ ဤသည်တို့ကား ဘုရားရှင် 
ကပိလ၀တ်နန်းတော် ကြွရောက်စဉ်က 
အခြေအနေမြင်ကွင်းများ ဖြစ်ပါ သည်။
 
“ကပိလ၀တ်နှင့် ပက်သက်၍ ဖြစ်ပေါ်လာသော အကျိုးဆက်များ”
•••••••••••••••••••••••••••••••••••••••
၁။ နောက်တစ်နေ့တွင် ကပိလ၀တ်မြို့အတွင်း 
ဆွမ်းခံဝင်တော်မူစဉ် “ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ ”စသော 
ဂါထာကို ကြားနာရ၍ ဖခင် သုဒ္ဓေါဒန မင်းကြီး 
“သောတာပန်” တည်ခဲ့သည်။
 
၂။ နောက်တကြိမ်တွင် “ ဓမ္မံ စရေ သုစရိတံ၊ 
န နံ ဒုစ္စရိတံ စရေ”စသော ဂါထာတပုဒ်တည်းဖြင့် 
ဖခင်ဘုရင်ကြီးကို “သကဒါဂါမ်” ဖြစ်စေပြီး
မိထွေးတော် မဟာပဇာပတိဂေါတမီ ကို 
“သောတာပန်” တည်စေကာ နိဂြောဓာရုံ 
ကျောင်းတိုက်ကြီးလဲ ပေါ်ထွန်း လာခဲ့သည်။

www.facebook.com/youngbuddhistassociation.mm

၃။ နောင်အခါတွင် မိထွေးတော် ဂေါတမီသည် 
အမျိုးသမီးထုအားလုံး၏ ရှေ့ဆောင်လမ်းပြ အဖြစ် 
“ဘိက္ခုနီသာသနာ”ကို ခက်ခက်ခဲခဲ ပင်ပင်
ပန်းပန်း တည်ထောင်ခဲ့ကာ သာသနာပြုခဲ့သည်။
 
၎။ “ တရားပြည့်ဝနေပါက ငယ်ငယ်ရွယ်ရွယ်နှင့် 
သေရိုးထုံးစံ မရှိ”ဟူသော စကားနှင့် စပ်၍ 
ဖခင်ဘုရင်ကြီးအား “မဟာ ဓမ္မပါလဇာတ်တော်ကြီး”ကို 
ဟောကြားကာ “တတိယမဂ်ဖိုလ်အဆင့် 
အနာဂါမ်”တည်စေခဲ့ပြန်သည်၊ 
နောက်ပိုင်း လူဝတ် ကြောင်ဖြင့်ပင် 
ရဟန္တာဖြစ်ကာ (၇) ရက်အတွင်း ပရိနိဗ္ဗာန်စံခဲ့ရသည်။

၅။ ပါရမီဖြည့်ဖက် ယသော်ဓရာသည် ဘုရားရှင်အထံ 
ဖူးမျှော်ရန် မလာသောကြောင့် အဂ္ဂသာဝကနှစ်ပါးကို 
နောက်လိုက် အဖြစ်ခေါ်ဆောင်ကာ ကိုယ်တော်တိုင် 
တိုက်ခန်းအထိ ကြွတော်မူပြီး မယ်ယသော် ၏ 
မိမိလင်သားအပေါ် သစ္စာစောင့် စည်းပုံ
နှင့် စပ်၍ “စန္ဒကိန္နရီ ဇာတ်တော်ကြီး”ကို 
ဟောကြားတော်မူခဲ့သည်။
 
၆။ နောင်အခါ ဇနပဒကလျာဏီ၊ နန္ဒမင်းသား၊ 
သားတော်ရာဟုလာ၊ ယသော်ဓရာနှင့် 
မဟာနာမ်မင်းသား၊ အနုရုဒ္ဓါမင်းသား၊ 
ကိမိလမင်းသားစသော နန်းညွန့်နန်းလျာအားလုံး 
သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန္တာဖြစ်ကြသည်။
 
၇။  သာကီဝင်တစ်မျိုးလုံး နန်းတော်တွင် 
ဆိတ်သုဉ်းခြောက်ကပ်သွားပြီး လူသူကင်းမဲ့သော 
အခြေအနေထိ ဖြစ်ခဲ့ရသည်။
ဘုရားရှင်သည် မယ်တော်မာယာဒေ၀ီအပေါ်၌လည်း 
မွေးကျေးဇူး ပေးဆပ်လိုသောကြောင့်
တာဝတိံသာနတ်ပြည် အထိ တက်ကာ 
အဘိဓမ္မာပဋ္ဌာန်းတရားကို ဟောကြားပြီး 
မယ်တော်နတ်သားကို သောတာပန်တည်စေခဲ့သောကြောင့် 
မွေးကျေး ဇူးကျေအောင် ပေးဆပ်ခဲ့သည် ဟု ဆိုရပါမည်။
 
၈။ ကာဠုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီးနောက်ပိုင်း 
ဘုရားရှင် တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် 
ရာဇဂြိုလ်မှထွက် ကာ  ကပိလ၀တ်သို့ ကြွနေဆဲ 
(၂) အတွင်းမှာ ဘုရင်သုဒ္ဓေါဒန မင်းကြီးအား 
“ ဘုရားရှင် ကပိလ၀တ်ရွှေနန်းတော်သို့ ကြွလာပြီဖြစ်ကြောင်း၊ 
ယနေ့ ဘယ်အရပ်ဒေသ၊ ဘယ်တိုင်းပြည်၊ 
ဘယ်မြို့ရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း 
သတင်းစကား ပြန်ကြားပေးရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် 
ကပိလ၀တ်ပြည် သို့ ကြွလာကာ ဆွမ်းဘုန်းပေးတော်မူသည်။
www.facebook.com/youngbuddhistassociation.mm
ပြန်ကြွလျင် လည်း  ဘုရားရှင်သုံးဆောင်တော်မူရန် 
ဆွမ်းသပိတ်ဖြင့် လူအများမြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် 
သယ်ဆောင်ကာ နေ့စဉ်နေ့တိုင်း နှစ်လတိတိ   
ဆွေတော်မျိုးတော်သာကီဝင်တို့အား ချီးမြှောက်ပေးခဲ့သည်။
 
ထို့ကြောင့်ပင် နောင်အခါ ဗုဒ္ဓမြတ်စွာသည် 
ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှောက်တော်မူသောအခါ 
ဆွေမျိုးဒကာ ဒါယိကာမတို့အား ကြည်ညိုစေရန် 
စည်းရုံးနိုင်သူတို့တွင် ဖွားဖက်တော် “ကာဠုဒါယီမထေရ်”သည် 
အမြတ်ဆုံး အသာဆုံး ဖြစ်ပါပေသည် ဟု 
ကုလပ္ပသာဒ ( ကုလ - ဆွေမျိုးတို့အား၊
ပသာဒ - ကြည်ညိုစေခြင်း ) အရာတွင် 
“ဧတဒဂ်ဘွဲ့ထူး”ဖြင့် ချီးမြောက်တော် မူခဲ့သည်။

အချုပ်ဆိုရသော် တပေါင်းလပြည့် တွင် 
ရဟန္တာမထေရ် ကာဠုဒါယီ၏ ကျေးဇူးဖြင့် စခဲ့သော 
ကပိလ၀တ်ဇာတ်လမ်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးအားလုံးအတွက် အားကျဖွယ်၊ 
အတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ပီတိဖြစ်ဖွယ် 
တို့ဖြင့် ပြည့်နှက်နေသော  
“နေ့ထူးနေ့မြတ်အခါသမယ” ဖြစ်သောကြောင့် 
ယင်းနေ့ကိုပင် ဗုဒ္ဓမြတ်စွာ၏ ကပိလ၀တ်ရွှေနန်းတော်သို့ 
ဝင်တော်မူသောနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။

မေတ္တာဖြင့်
[အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

“တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ (၁)” 
[https://www.facebook.com/youngbuddhistassociation.mm/photos/pb.129054333771254.-2207520000.1394861681./776683412341673/?type=3&theater]
“တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ (၂)”
၁။ ကပိလ၀တ်မြို့တော်သို့ ရောက်ခါစမှာပင်
မာနထောင်လွှားနေကြသော သာကီဝင်ဆွေမျိုးအပေါင်းတို့အား
မာနကျ စေရန်အလို့ငှါ ဘုရားဆိုသည်မှာ
ဘယ်လို ပုံသဏ္ဍာန်ရှိသည်


အဘယ်ကဲ့သို့ ကြည်ညိုစရာကောင်းသည်၊
အဘယ်သို့ သော အစွမ်း အစ အရည်အချင်းမျိုး၊
တန်ခိုးမျိုးတို့နှင့် ပြည့်စုံသည်ကို သိရှိစေရန်
အထက်အာကာသ ကောင်းကင်ယံတွင်
ရတနာ စင်္ကြံတော်ကို ဖန်ဆင်းတော်မူကာ
သြဒါတကသိုဏ်းလျင် အာရုံရှိသော
စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော် မူပြီး
တလောကလုံး အဖြူရောင် အလင်းရောင်များ
ဖြစ်စေသတည်း ဟု အဓိဋ္ဌာန်တော် မူကာ
ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။

၂။ စကြာဝဠာ တိုက်အပေါင်းမှ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ
ဂန္ဓဗ္ဗများနှင့်တကွ နတ်ဗြဟ္မာများကလည်း မန္ဒာရ၀ နတ်ပန်း၊
ပဒုမ္မာကြာပန်း၊ ပင်လယ်ကသစ်ပန်း တို့ဖြင့် ပူဇော်ကြကာ
“ မြတ်စွာဘုရားသည် တလောကလုံးအတွက်
အကျိုးစီးပွား ကို ဆောင်ရွက်တော်မူပါပေသည်၊
အလွန်ကြည်ညိုဖွယ် အံ့သြဖွယ် ကောင်းပါပေစွ ” ဟု
သြဘာသံဘ၀ဂ်ညံေ အာင်ကောင်းချီးထောမနာပြုကြသည်။


၃။ ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာ ၊
အရှင်မောဂ္ဂလာန်တို့သည်လည်း ကောင်းကင်ယံမှ
ကြွချီလာကာ Biography Of The Buddha
ဘုရားရှင်တပါး၏ အကြောင်းအတ္ထုပ္ပတ္တိကို
ဘုရားရှင်ကိုယ်တော်တိုင် ဟောပြမှသာလျင်
ပြည့်စုံစွာ သိရှိနိုင်မှာ ဖြစ်သောကြောင့် ဟောကြားတော်မူပါရန်
လျောက်ထားသောအခါ သာကီဝင်မင်းမျိုးအားလုံးတို့
ကြည်ညိုနေစဉ် ကပိလ၀တ်နေပြည်တော်၏
ကောင်းကင်ယံ၌ပင် ဘုရားဖြစ်တော်စဉ်
မဟာဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူသည်။

၎။ “ဗုဒ္ဓ၀င်” ဟူသည် ဗုဒ္ဓ၀ံသ ပါဠိစကားဖြစ်ပြီး
( ဗုဒ္ဓ - ဘုရားရှင်တို့၏၊ ၀ံသ - အနွယ်တော်၊ မျိုးရိုး )
ထို့ကြောင့် ဘုရားရှင် တို့၏ ဘ၀၊ အနွယ်တော်အကြောင်း၊
မျိုးရိုးအကြောင်းတို့ကို ဖော်ပြထားခြင်းကို “ဗုဒ္ဓ၀င်” ဟု
ခေါ်ဆိုရသည်။ ဤနေရာ၌ ဂေါတမ ဘုရားရှင်၏
ဘ၀အကြောင်းကို “ဂေါတမဗုဒ္ဓ၀င်” ဟု ခေါ်ဆိုနိုင်ပါသည်။
ဂါထာပေါင်း ( ၉၅၁ ) ဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော
( အဋ္ဌကထာဆရာ၊ ဋီကာဆရာ၊ ရဟန္တာမထေရ်တို့
သီကုံးအပ်သော ဂါထာတို့နှင့်ပေါင်းလျင် ဂါထာပေါင်း

( ၁၀၇၀ ) တို့ဖြင့် ဖော်ပြထားသော ဂေါတမဘုရားရှင်၏
အတ္ထုပ္ပတ်ကို ထိုအခါ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားတော်မူ
ခဲ့သောကြောင့် ယခုအခါ ကျေးဇူးတော်ရှင်
မင်းကွန်းဆရာတော်ကြီး ရေးသားထားသော
မဟာဗုဒ္ဓ၀င် စာအုပ်ကြီးများကို “ဂေါတမဗုဒ္ဓ၀င်”ဟု
မှတ်သားရပါမည်။

၅။ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူစဉ်ပင်
နတ်ဗြဟ္မာများက ပေါက္ခရ၀ဿမိုး ရွာသွန်းဖြိုးစေသောကြောင့်
သာကီဝင်များမှာ အံ့သြဘနန်းဖြစ်ပြီး မာနများချကာ
ရှိခိုး ကန်တော့ကြတော့သည်။
(ပေါက္ခရ၀ဿမိုး ဟူသည် ကောင်းကင်ယံတွင် ကြာ
ရွက်ပမာဏ တိမ်တိုက်များ တက်လာပြီး
ပရိသတ်တွင်းမှ ရေစိုလိုသူကို စိုစေပြီး၊
မစိုစွတ်လိုသူကို မစိုစေသော ကွက်ကြား ၊
ကွက်ကြား ရွာသော မိုး ဖြစ်သည် )

၆။ ထိုမိုးအကြောင်းနှင့် စပ်၍ ယခုအခါသာ မဟုတ်သေး၊
ပါရမီဖြည့်စဉ်ကာလ ဝေဿန္တရာမင်းကြီး ဘ၀ကလည်း
ရွာခဲ့ ဖူးကြောင်း ဟောလိုရကား ဂါထာပေါင်း ( ၁၀၀၀ ) တို့ဖြင့်
တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောတော်မူပြန်သည်။ ဤသည်တို့ကား ဘုရားရှင်
ကပိလ၀တ်နန်းတော် ကြွရောက်စဉ်က
အခြေအနေမြင်ကွင်းများ ဖြစ်ပါ သည်။

“ကပိလ၀တ်နှင့် ပက်သက်၍ ဖြစ်ပေါ်လာသော အကျိုးဆက်များ”
၁။ နောက်တစ်နေ့တွင် ကပိလ၀တ်မြို့အတွင်း
ဆွမ်းခံဝင်တော်မူစဉ် “ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ ”စသော
ဂါထာကို ကြားနာရ၍ ဖခင် သုဒ္ဓေါဒန မင်းကြီး
“သောတာပန်” တည်ခဲ့သည်။

၂။ နောက်တကြိမ်တွင် “ ဓမ္မံ စရေ သုစရိတံ၊
န နံ ဒုစ္စရိတံ စရေ”စသော ဂါထာတပုဒ်တည်းဖြင့်
ဖခင်ဘုရင်ကြီးကို “သကဒါဂါမ်” ဖြစ်စေပြီး
မိထွေးတော် မဟာပဇာပတိဂေါတမီ ကို
“သောတာပန်” တည်စေကာ နိဂြောဓာရုံ
ကျောင်းတိုက်ကြီးလဲ ပေါ်ထွန်း လာခဲ့သည်။


၃။ နောင်အခါတွင် မိထွေးတော် ဂေါတမီသည်
အမျိုးသမီးထုအားလုံး၏ ရှေ့ဆောင်လမ်းပြ အဖြစ်
“ဘိက္ခုနီသာသနာ”ကို ခက်ခက်ခဲခဲ ပင်ပင်
ပန်းပန်း တည်ထောင်ခဲ့ကာ သာသနာပြုခဲ့သည်။

၎။ “ တရားပြည့်ဝနေပါက ငယ်ငယ်ရွယ်ရွယ်နှင့်
သေရိုးထုံးစံ မရှိ”ဟူသော စကားနှင့် စပ်၍
ဖခင်ဘုရင်ကြီးအား “မဟာ ဓမ္မပါလဇာတ်တော်ကြီး”ကို
ဟောကြားကာ “တတိယမဂ်ဖိုလ်အဆင့်
အနာဂါမ်”တည်စေခဲ့ပြန်သည်၊
နောက်ပိုင်း လူဝတ် ကြောင်ဖြင့်ပင်
ရဟန္တာဖြစ်ကာ (၇) ရက်အတွင်း ပရိနိဗ္ဗာန်စံခဲ့ရသည်။

၅။ ပါရမီဖြည့်ဖက် ယသော်ဓရာသည် ဘုရားရှင်အထံ
ဖူးမျှော်ရန် မလာသောကြောင့် အဂ္ဂသာဝကနှစ်ပါးကို
နောက်လိုက် အဖြစ်ခေါ်ဆောင်ကာ ကိုယ်တော်တိုင်
တိုက်ခန်းအထိ ကြွတော်မူပြီး မယ်ယသော် ၏
မိမိလင်သားအပေါ် သစ္စာစောင့် စည်းပုံ
နှင့် စပ်၍ “စန္ဒကိန္နရီ ဇာတ်တော်ကြီး”ကို
ဟောကြားတော်မူခဲ့သည်။

၆။ နောင်အခါ ဇနပဒကလျာဏီ၊ နန္ဒမင်းသား၊
သားတော်ရာဟုလာ၊ ယသော်ဓရာနှင့်
မဟာနာမ်မင်းသား၊ အနုရုဒ္ဓါမင်းသား၊
ကိမိလမင်းသားစသော နန်းညွန့်နန်းလျာအားလုံး
သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန္တာဖြစ်ကြသည်။

၇။ သာကီဝင်တစ်မျိုးလုံး နန်းတော်တွင်
ဆိတ်သုဉ်းခြောက်ကပ်သွားပြီး လူသူကင်းမဲ့သော
အခြေအနေထိ ဖြစ်ခဲ့ရသည်။
ဘုရားရှင်သည် မယ်တော်မာယာဒေ၀ီအပေါ်၌လည်း
မွေးကျေးဇူး ပေးဆပ်လိုသောကြောင့်
တာဝတိံသာနတ်ပြည် အထိ တက်ကာ
အဘိဓမ္မာပဋ္ဌာန်းတရားကို ဟောကြားပြီး
မယ်တော်နတ်သားကို သောတာပန်တည်စေခဲ့သောကြောင့်
မွေးကျေး ဇူးကျေအောင် ပေးဆပ်ခဲ့သည် ဟု ဆိုရပါမည်။

၈။ ကာဠုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီးနောက်ပိုင်း
ဘုရားရှင် တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင်
ရာဇဂြိုလ်မှထွက် ကာ ကပိလ၀တ်သို့ ကြွနေဆဲ
(၂) အတွင်းမှာ ဘုရင်သုဒ္ဓေါဒန မင်းကြီးအား
“ ဘုရားရှင် ကပိလ၀တ်ရွှေနန်းတော်သို့ ကြွလာပြီဖြစ်ကြောင်း၊
ယနေ့ ဘယ်အရပ်ဒေသ၊ ဘယ်တိုင်းပြည်၊
ဘယ်မြို့ရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း
သတင်းစကား ပြန်ကြားပေးရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့်
ကပိလ၀တ်ပြည် သို့ ကြွလာကာ ဆွမ်းဘုန်းပေးတော်မူသည်။

ပြန်ကြွလျင် လည်း ဘုရားရှင်သုံးဆောင်တော်မူရန်
ဆွမ်းသပိတ်ဖြင့် လူအများမြင်စဉ်ပင် ကောင်းကင်ခရီးဖြင့်
သယ်ဆောင်ကာ နေ့စဉ်နေ့တိုင်း နှစ်လတိတိ
ဆွေတော်မျိုးတော်သာကီဝင်တို့အား ချီးမြှောက်ပေးခဲ့သည်။

ထို့ကြောင့်ပင် နောင်အခါ ဗုဒ္ဓမြတ်စွာသည်
ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှောက်တော်မူသောအခါ
ဆွေမျိုးဒကာ ဒါယိကာမတို့အား ကြည်ညိုစေရန်
စည်းရုံးနိုင်သူတို့တွင် ဖွားဖက်တော် “ကာဠုဒါယီမထေရ်”သည်
အမြတ်ဆုံး အသာဆုံး ဖြစ်ပါပေသည် ဟု
ကုလပ္ပသာဒ ( ကုလ - ဆွေမျိုးတို့အား၊
ပသာဒ - ကြည်ညိုစေခြင်း ) အရာတွင်
“ဧတဒဂ်ဘွဲ့ထူး”ဖြင့် ချီးမြောက်တော် မူခဲ့သည်။

အချုပ်ဆိုရသော် တပေါင်းလပြည့် တွင်
ရဟန္တာမထေရ် ကာဠုဒါယီ၏ ကျေးဇူးဖြင့် စခဲ့သော
ကပိလ၀တ်ဇာတ်လမ်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးအားလုံးအတွက် အားကျဖွယ်၊
အတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ပီတိဖြစ်ဖွယ်
တို့ဖြင့် ပြည့်နှက်နေသော
“နေ့ထူးနေ့မြတ်အခါသမယ” ဖြစ်သောကြောင့်
ယင်းနေ့ကိုပင် ဗုဒ္ဓမြတ်စွာ၏ ကပိလ၀တ်ရွှေနန်းတော်သို့
ဝင်တော်မူသောနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။

မေတ္တာဖြင့်
[အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment