Pages

Sunday, March 16, 2014

**** မီးစာကုန်ဆုံးချိန်ဝယ် ******

 

မီးစာကုန်ဆုံးချိန်ဝယ်

မဝေးချင်လဲ ဝေးရတော့မယ်
အဖန်ဖန်ပြန်ကာလှည့်

ဒီသံသရာရယ်ပျက်ပြယ်


ခရီးမဆုံးသေးချိန်ထိ

သာတစ်ပြန် နာတစ်လှည့်

ခံတဖန် စံတစ်ချက်

ကြုံဆုံနေရအုံးမယ်...။



►►►► ❤ ◄◄◄◄



သာလို့လဲ မချိုနဲ့

နာလို့လဲ မငိုနဲ့

ဖြစ်သူအသစ် ပြုသူအဟောင်း

ဘဝတွေ ထောင်သောင်းပြောင်းမှာ

တူဖြစ်တော့လဲ စံ

ပေဖြစ်တော့လဲ ခံ

ဘဝမီးစာ ကုန်ငြိမ်းချိန်ထိ

မျက်ရည်ချောင်းစီး

ခရီးဆက်နှင်ရပါအုံးမည်။



►►►► ❤ ◄◄◄◄



နေညိုချိန်မှာ ငါမငိုဘူး

နေပျိုချိန်က အပျော်ဆုံးချိန်ကို

ရင်ဖိုလှိုက်မော

မှန်းမျှော်တွေးဆ

တမ်းတကြည့်မယ်

ဆီအကုန် ရေအခမ်းမှာ

ဖုတ်လှိုက် ဖုတ်လှိုက် မီးစာတစ်ချက်က

အလင်းတစ်စက်တော့ ဖြစ်စေမယ်။





မေတ္တာစေတနာဖြင့် .....လမင်းကြယ်စင်

No comments:

Post a Comment