Pages
▼
*အသုဘကမ္မဋ္ဌာန်းရှု့ပွားရန်*
*အသုဘကမ္မဋ္ဌာန်းရှု့ပွားရန်*
သူသေပမာဤခန္ဓာ လွန်စွာတူလှပါတကား
အရေထူအရေပါးဖုံးအုပ်ထား
သားကြောအရိုးစုပါတကား
အပေါက်ကြီးငယ်အသွယ်သွယ်
ကိုယ်ဝယ်အပြည့်ပါတကား
အပုတ်ရည်ကအပေါက်မှ
ယိုကျမစဲပါတကား
ပိုးမျိုးရှစ်ဆယ်အိမ်ယာတည်
ပျော်ဘွယ်အဆောက်အဦးပါတ ကား
ကိုးဆယ်ခြောက်ဖြာဘေးရောဂါ
တည်ရာအစစ်ပါတကား
ဆင်းရဲမျိုးစုံအဖုံဖုံစုပြုံတည်ရာ
ပါတကား
မျက်စေ့ပေါက်ကမျက်ချေးက
ယိုကျမစဲပါတကား
နားနှစ်ပေါက်ကနှာဖာချေးက
ယိုကျမစဲပါတကား
နှာခေါင်းပေါက်ကနှပ်ချေးက
ယိုကျမစဲပါတကား
ပါးစပ်ပေါက်ကချွဲတွေကယိုကျမစဲ
ပါတကား
ကိုယ်အပေါက်ကချွေးတွေကယိုကျမစဲပါတကား
ကျင်ငယ်ပေါက်ကကျင်ငယ်က
ယိုကျမစဲပါတကား
ကျင်ကြီးပေါက်ကကျင်ကြီးက
ယိုကျမစဲပါတကား
ကိုးဖြာဒွါရအနာဝမှ
နေ့ ညမနား ဘင်ပုပ်များက
ယိုကျဒီးဒီး မပြတ်စီးသည်
သြော် -ရွံရှာဘွယ်ရာအစစ်
ဤကိုယ်ညစ်ပါတကား
*အောင်ဓမ္မရိပ်သာ*
အောင်မင်္ဂလာဆရာတော်
ဘဒ္ဒန္တရာဇိန္ဒ ၏သံဝေကကဗျာ
*Daw Khin Aye Winမှ
သောကြာပဋ္ဌာန်းဓမ္မလမ်းအဖွဲ့
သူအဖွဲ့သားများသို့ ပေးဝေလှုဒါန်းထားသောဓမ္မ
သံဝေဂစာရွက်မှကူးယူပူဇော်ပါ သည်။
No comments:
Post a Comment