Pages
▼
*ယခုဘဝမဂ်ဖိုလ်ရနိုင်တယ်*
*ယခုဘဝမဂ်ဖိုလ်ရနိုင်တယ်*
ဖြစ်ပျက်များကိုရှုပါများလာရင်လောဘဒေါသ၊မောဟသုံးပါးသလုံး
တဖြည်းဖြည်းခေါင်းပါးပြီးနောက်ဆုံးလွင့်ပျောက်သွားမယ်၊ခန်းခြောက်
သွားအောင်၊ဖြစ်ပျက်ဆုံးအောင်ပွားများအားထုတ်ဖန်များရင်
ယခုဘဝမှာပင်မဂ်ဖိုလ်ကိုရနိုင်ပါတယ်။
ဒါကြောင့်ကြိုးစားပြီးမိမိခန္ဓာကိုယ်ကို
ဖြစ်ပျက်ရှုကြပေတော့၊ဖြစ်ပြီးပျက်တဲ့
သဘောမှတစ်ပါး၊ဘာမှမရှိဘူးဆိုတာ
တွေ့ ရလိမ့်မယ်၊အဲဒီလိုရှုဖန်များလာ
ရင်ဤကားရုပ်၊ဤကားနာမ်လို့ ပိုင်းခြား
သိလာတော့"နာမရှုပပရိစ္ဆေဒဉာဏ်"
ရလာမယ်။
နာမ်ရုပ်တို့ ၏ဖြစ်ပေါ်ရင်းအကြောင်း
တရားတို့ ကိုဆင်ခြင်ပြီးဒီရုပ်နာမ်ဟာ
အဝိဇ္ဇာ၊တဏှာ၊ဥပါဒါန်၊ကံဆိုတဲ့အ
ကြောင်းတရားလေးပါးကြောင့်ပေါ်လာ
တဲ့အကျိုးတရားပါကလား၊အကြောင်းလဲ
ဖြစ်ပျက် အကျိုးလဲဖြစ်ပျက်ပဲလို့ ရှေး
အတိတ်ဘဝကအဝိဇ္ဇာ၊တဏှာ၊ဥပါဒါန်
ကံတို့ ကိုရှာမှီးသိမ်းဆည်းနိုင်သော
"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာမယ်။
*ယထာဘူတဉာဏ်*
နောက်ရုပ်နာမ်တို့ ၏ဖြစ်ပြီးပျက်လတ္တံ
ဖြစ်ဆတို့ ကိုအတိတ်ပစ္စုပ္ပန် အနာဂတ်
ဆိုတဲ့ကာလသုံးပါးကိုပိုင်းခြား၍အနိစ္စ
ဒုက္ခ၊အနတ္တဟူသောလက္ခဏာရေးသုံး
ပါးဖြင့်ဆင်ခြင်သုံးသပ်ခြင်းတည်းဟူ
သော"သမ္မသနဉာဏ်"အဆင့်သို့ 
ရောက်လာမယ်။
နောက်ယခုဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သောရုပ်
နာမ်တို့ ၏ခဏမစဲတသဲသဲဖြစ်ပျက်နေ
မှုကိုရှုခြင်းဆိုတဲ့"ဥဒယဗ္ဗယဉာဏ်"ပေါ်
လာမယ်။နောင်ရှုဖန်များလာရင်အပျက်
ကိုသိမြင်လာတဲ့"ဘင်္ဂဉာဏ်"ပေါ်လာမယ်။
*နိဗ္ဗိန္ဒဉာဏ်*
ဤကဲ့သို့ ရှုဖန်များလာလျှင်ရုပ်နာမ်တို့ 
၏ပျက်မှုချုပ်မှုကိုသာမြင်လာသဖြင့်
ကြောက်ဖွယ်သောဘေးကြီးဟုထင်
သော"ဘယဉာဏ်"ပေါ်ပေါက်လာမယ်။
နောက်ရုပ်နာမ်တို့ ၏ချုပ်ပျောက်မှု
စသောအပြစ်တွေကိုထင်မြင်လာသော
"အာဒိနဝဉာဏ်"ရလာမယ်။
နောက်မိမိခန္ဓာကိုယ်တည်းဟူသော
ရုပ်နာမ်တို့ ကိုငြီးငွေ့ စိတ်ပျက်၊မနှစ်
သက်သော"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။
*မဂ်ဉာဏ်*
မိမိခန္ဓာကိုယ်တည်းဟူသောရုပ်နာမ်
ဓမ္မ သင်္ခါရတို့ မှလွတ်ခြင်းငှါ၊အလိုရှိတဲ့
"မုဉ္စိတုကမျတာဉာဏ်"ရောက်လာမယ်။
ထိုမှတစ်ဆင့်ရုပ်နာမ်တွေ၏မမြဲဆင်းရဲ
မှု အစိုးမရမှုတွေကိုအပြင်းအထန်အား
ထုတ်မှုကြောင့်အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါဉာဏ်"ရောက်လာမယ်။
နောက်ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုမချစ်မ
မုန်းပဲလျစ်လျူရှုသော"သင်္ခါရုပေက္ခာ
ဉာဏ်"ပေါ်လာတယ်။
နောက်ပြီးရှေ့ဉာဏ်နောက်ဉာဏ်ကို
လက္ခဏာရေးသုံးပါးဖြင့်အနုလုံ ပဋိလုံ
ရှုပွားတဲ့အခါမှာနှစ်ဉာဏ်စလုံးသင့်
လျော်တဲ့"အနုလောမဉာဏ်"ဖြစ်ပေါ်
လာမယ်။
နောက်ပုထုဇဉ်၏အနွယ်က်ုဖြတ်၍
အရိယာတို့ ၏အနွယ်ကိုဖြစ်စေသော
"ဂေါတြဘူဉာဏ်ပေါ်လာမယ်။
နောက်သဥပါဒိသေသနိဗ္ဗာန်ကိုသိမြင်
သောမဂ်ဉာဏ်နှင့်မရှေးမနှောင်း
သဥပါဒိသေသနိဗ္ဗာန်၏အရသာ၊နိဗ္ဗာန်
၏အကျိုးကိုခံစားသောဖိုလ်ဉာဏ်ပေါ်
လာတယ်။
*ပစ္စဝေက္ခဏဉာဏ်*
နောက်မဂ်ကိုဆင်ခြင်ခြင်း၊ဖိုလ်ကိုဆင်
ခြင်ခြင်း၊နိဗ္ဗာန်ကိုဆင်ခြင်ခြင်း၊ပယ်ပြီး
သော ကိလေသာကိုဆင်ခြင်ခြင်း၊
မပယ်ရသေးသောကိလေသာကိုဆင်
ခြင်ခြင်းဆိုတဲ့၊ဉာဏ်ငါးပါးကိုဆင်ခြင်
သော"ပစ္စဝေက္ခဏဉာဏ်"ရောက်လာ
လိမ့်မယ်။
*အရိုးကဓါတ်တော်ဖြစ်အောင်ကြိုးစားကြ*
ဒါကြောင့်အလွန်တွေ့ ကြုံခဲလှစွာသော
သာသနာတော် အခါကာလနဲ့ ကြုံကြရ
တွေ့ ကြရ တွေ့ ကြရသည့်အခိုက်၊ဆရာ
သမားကောင်းနဲ့ လဲတွေ့ ရတဲ့အခိုက်
မနုဿတ္တဒုလ္လဘ ဘဝကိုရကြရောက်
ကြရသောယခုဘဝ၊ယခုအချိန်ကစ၍
အရိုးကြီးပွားရေးကိုမလုပ်ကြဘဲ အရိုးက
ဓါတ်တော်ဖြစ်အောင်ကြိုးစားကြပါ။
အရိုးအသွေးအသားကဓါတ်တော်ဖြစ်
တယ်ဆိုတာအမေမွေးကတည်းကဖြစ်
လာတာမဟုတ်ဘူး၊တရားကိုအားထုတ်
လို့ တရားကပြုပြင်သောကြောင့်တရား
သဘောအရဓါတ်တော်ဖြစ်လာရတယ်
လို့ မှတ်ပါ။ဒါကြောင့်တရားအလုပ်ကိုကြိုးကြိုးကုတ်
ကုတ်အားထုတ်ကြဖို့ သတိပေးလိုက်ပါတယ်။
ကဲဒီနေ့ ဒီတွင်တော်ကြဦးစို့ …။သာဓုသာဓုသာဓုပါဘုရား……။
(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏
"တရားအားထုတ်နည်း"
စာအုပ်မှကူးယူပူဇော်မျှဝေအပ်ပါသည်။)
ဓမ္မမိတ်ဆွေများအားလုံး
ကိုယ်စိတ်နှစ်ုဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။
No comments:
Post a Comment