Pages

Friday, April 18, 2014

***** မြတ်သော ရှာမှီးခြင်း။ ****

Photo: မြတ်သော ရှာမှီးခြင်း။
••••••••••••••••••••••

နိဗ္ဗာန်ချမ်းသာဆိုတာ
ဘယ်တော့ဆိုဘယ်တော့မှ
ကုန်ပျောက်ပျက်စီးခြင်းမရှိ
အစဉ်ထာဝရ
တည်မြဲနေတယ်ဆိုတာကို
အသေအချာ အလေးအနက်
တွေးကြည့်ရင်
နိဗ္ဗာန်ချမ်းသာလောက်
လိုချင်စရာကောင်းတဲ့ ချမ်းသာ
လောကမှာ မရှိတော့ပါဘူး။

မိမိကိုယ်တိုင်က
သေရခြင်း သဘောရှိပါလျက်
ကုန်ပျက်ရခြင်း သဘောရှိပါလျက်
သေမယ့်သဘော
ကုန်ပျက်မယ့်သဘောကိုသာ
ရှာမှီးနေခဲ့မယ်ဆိုရင်
အဲဒီ ရှာမှီးခြင်းဟာ
မမြတ်သောရှာမှီးခြင်း
နိမ့်ကျညံ့ဖျင်းသော
ရှာမှီးခြင်း ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့
သေခြင်းတရားက
မလွတ်မြောက်နိုင်လို့ပါ။

မိမိကိုယ်တိုင်က
သေရခြင်း သဘောရှိပေမယ့်
ကုန်ပျက်ရခြင်း သဘောရှိပေမယ့်
သေခြင်းကင်းတဲ့သဘော
ကုန်ပျက်ခြင်းကင်းတဲ့သဘောကို
ရှာမှီးနေခဲ့မယ်ဆိုရင်တော့
အဲဒီ ရှာမှီးခြင်းဟာ
မြတ်သောရှာမှီးခြင်း
အထက်တန်းကျ အဆင့်မြင့်သော
ရှာမှီးခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုတော့
သေခြင်းတရားက
လွတ်မြောက်နိုင်လို့ပါပဲ။

အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရ။

မသေခင် ဘာလုပ်ကြမလဲ စာအုပ်မှ။


မြတ်သော ရှာမှီးခြင်း။
••••••••••••••••••••

နိဗ္ဗာန်ချမ်းသာဆိုတာ
ဘယ်တော့ဆိုဘယ်တော့မှ
ကုန်ပျောက်ပျက်စီးခြင်းမရှိ
အစဉ်ထာဝရ
တည်မြဲနေတယ်ဆိုတာကို
အသေအချာ အလေးအနက်
တွေးကြည့်ရင်
နိဗ္ဗာန်ချမ်းသာလောက်
လိုချင်စရာကောင်းတဲ့ ချမ်းသာ
လောကမှာ မရှိတော့ပါဘူး။

မိမိကိုယ်တိုင်က
သေရခြင်း သဘောရှိပါလျက်
ကုန်ပျက်ရခြင်း သဘောရှိပါလျက်
သေမယ့်သဘော
ကုန်ပျက်မယ့်သဘောကိုသာ
ရှာမှီးနေခဲ့မယ်ဆိုရင်
အဲဒီ ရှာမှီးခြင်းဟာ
မမြတ်သောရှာမှီးခြင်း
နိမ့်ကျညံ့ဖျင်းသော
ရှာမှီးခြင်း ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့
သေခြင်းတရားက
မလွတ်မြောက်နိုင်လို့ပါ။

မိမိကိုယ်တိုင်က
သေရခြင်း သဘောရှိပေမယ့်
ကုန်ပျက်ရခြင်း သဘောရှိပေမယ့်
သေခြင်းကင်းတဲ့သဘော
ကုန်ပျက်ခြင်းကင်းတဲ့သဘောကို
ရှာမှီးနေခဲ့မယ်ဆိုရင်တော့
အဲဒီ ရှာမှီးခြင်းဟာ
မြတ်သောရှာမှီးခြင်း
အထက်တန်းကျ အဆင့်မြင့်သော
ရှာမှီးခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုတော့
သေခြင်းတရားက
လွတ်မြောက်နိုင်လို့ပါပဲ။

အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရ။

မသေခင် ဘာလုပ်ကြမလဲ စာအုပ်မှ။

No comments:

Post a Comment