Pages

Friday, April 18, 2014

**** တရားနာတဲ့ ပုဂ္ဂိုလ်သုံးမျိုးအကြောင်း ****

Photo: တရားနာတဲ့ 
-------------
ပုဂ္ဂိုလ်သုံးမျိုးအကြောင်း
-------------------------

၁။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကျောင်းသို့မပြတ်သွား၍ တရားနာ၏။ သို့သော် တရားနာနေစဉ် တရားတော်၏ အစ အလယ် အဆုံး သုံးပါးလုံးကို ကောင်းစွာနှလုံးမသွင်း။ ဥပမာ မှောက်ထားသော အိုးထဲသို့ လောင်းထည့်လိုက်သော ရေသည် အိုး၌မတည်ဘဲ လျှော့ကျသွားသကဲ့သို့ ဖြစ်၏။

ဤပုဂ္ဂိုလ်သည် မှောက်ထားသည့် အိုးနှင့်တူသော ပညာရှိသူမည်၏။
          -------------

၂။ အချို့သောပုဂ္ဂိုလ်သည် နာနေစဉ်၌သာလျှင် ကောင်းစွာနှလုံးသွင်း၏။ တရားနာနေရာမှ ထသွားသောအခါ၌ကား ကောင်းစွာနှလုံးမသွင်း။ ဥပမာ ယောက်ျားတစ်ယောက်၏ ခါးပိုက်ထဲ၌ ထည့်ထားသော စားဖွယ်တို့သည် ထိုယောက်ျား အမှတ်တမဲ့ နေရာမှ ထလိုက်မိပါက ဖရိုဖရဲ ပြန့်ကျဲသွားကုန်သကဲ့သို့ ဖြစ်၏။

ဤပုဂ္ဂိုလ်သည် ခါးပိုက်နှင့်တူသော ပညာရှိမည်၏။
              -------------

၃။ အချို့သော ပုဂ္ဂိုလ်သည်ကား တရားတော်ကို နာကြားနေစဉ်၌လည်းကောင်း တရားနာနေရာမှ ထလာသောအခါ၌လည်းကောင်း နာကြားအပ်သော တရားတော်၏။ အစ အလယ် အဆုံး သုံးပါးလုံးကို ကောင်းစွာနှလုံးသွင်း၏။ ဥပမာ လှန်ထားသော အိုးထဲသို့ သွန်းလောင်းအပ်သော ရေသည် ဘေးသို့လျှောမကျဘဲ အိုးထဲ၌ ကောင်းစွာတည်သကဲ့သို့ ဖြစ်၏။

ဤပုဂ္ဂိုလ်သည် ကြီးသောပညာရှိမည်၏။
         -----------

(အဂုတ္တိုရ်ပါဠိတော် တိကနိပါတ် အဝဂုဇ္ဇသုတ်)

(မေတ္တာရှင် ရွှေပြည်သာ)

တရားနာတဲ့

No comments:

Post a Comment