Pages

Sunday, April 20, 2014

**** ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ထေရုပ္ပတ္တိ အကျဉ်း ****






ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ထေရုပ္ပတ္တိ

*********************************

မွန်ပြည်နယ်  သထုံမြို့နယ် ညောင်ဝိုင်းရပ်နေ 

ဦးကျော်လှိုင်+ ဒေါ်မြင့်ကြည်တို့မှ ( ၁၉၆၄ ၊ ဇန်န၀ါရီလတွင် 

ဖွားမြင်သည်။


တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက် ဆရာတော်ကြီး 

ဘဒ္ဒန္တပညာဇောတ ( အဂ္ဂမဟာ သဒ္ဒဇောတိကဓဇ ) 

ကို ဥပဇ္ဈပြုကာ ရှင်အဖြစ် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

တောင်စွန်းဓမ္မဒူတတောရ ၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း ၊ 

မစိုးရိမ်တိုက်သစ် ၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက် ၊ 

စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မ သီတဂူချောင်တို့တွင်လည်းကောင်း ၊ 

သီရိလကာင်္နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့တွင်လည်းကောင်း 

ပညာသင်ယူခဲ့ပါသည်။

သာသနဓဇ  ဓမ္မာစရိယဘွဲ့ ၊

သာသနာဇောတိပါလ ဓမ္မာစရိယဘွဲ့ ၊

သာသနဟိတ ဂဏ၀ါစက အာစရီယဘွဲ့ ၊

B.A ( Myanmar ) , M.A ( Srilanka ) , Ph.D ( India ) ဘွဲ့ 

တို့ကို ရရှိခဲ့သည်။

၂၀၀၆ ခုနှစ်တွင် နိုင်ငံတော် မှ ဆက်ကပ်သော 

မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့တော်ကို ရရှိခဲ့သည်။

ဓမ္မဒူတဆရာတော်ကြီး လွန်တော်မူသည့် ( ၁၉၉၇ ) ခုနှစ်မှ 

( ၂၀၀၅ ) ခုနှစ်ထိ တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်

 နာယကဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၂၀၀၅ ခုနှစ်မှ စတင်၍ ပဲခူးမြို့ ၊ ဆယ်မိုင်ကုန်းတွင် ဓမ္မဒူတတောရ 

သာသနာ့ရိပ်သာကို တည်ထောင်ဖွင့်လှစ်ကာ ပဓာန 

နာယကဆရာတော်အဖြစ် စာရေး ၊ စာချ ၊ တရားဟော ။ 

တရားပြကာ ၊ သာသနာ့တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

တရားမိတ်ဆွေများအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေ…..

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ရေးသားသော

 ** ပေးဆပ်ရမယ့်အကြွေး *** 

စာအုပ်မှ ပြန်လည်ရေးသားပူဇော်သည်...။

မေတ္တာဖြင့် …… လမင်းကြယ်စင်

No comments:

Post a Comment