Pages

Wednesday, April 9, 2014

*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၁၂ ) ****

Photo: *** မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၁၂)…

~ ကမ္မဘ၀ပစ္စယာ ဇာတိဆိုတော့ ဒီကံမျိုးက လုပ်ကို မလုပ်ကောင်းတဲ့ကံ၊ ဘာဖြစ်လို့တုံး ဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်ပေးတဲ့ကံ။

~ ကိုယ့်ခန္ဓာ ကိုယ့်ဘ၀ ကိုယ်ခင်ရင် တဏှာပေါ်တာပဲ။

~ ခန္ဓာခင် သေချင်လို့။ (ခင်တာက တဏှာ၊ အဆက်ဆက်ဖြစ် ဇရာ၊ မရဏ၊ အိုသေ)

~ ခင်တယ်ဆိုတာ အသေခံမိုက်တာ။

~ ကျုပ်တို့က ခင်တတ်မင်တတ်ပါတယ်တဲ့၊ အဲဒါ သေချင်တယ်လို့ပြောတာ။

~ ဘုရားအဆူဆူနဲ့လွဲခဲ့တာ ခန္ဓာခင်မင်ပြီး သေပွဲချည်းဝင်နေလို့။

~ သမုဒယချုပ်တဲ့ပုဂ္ဂိုလ်မှသာလျှင် ဘုရားက “ဧဟိဘိက္ခု” ခေါ်နိုင်တယ်။

~ ကျုပ်တို့က ခင်တတ်ပါတယ်ဆိုရင် ပြောတဲ့ပုဂ္ဂိုလ်က သေပွဲဝင်မယ်လို့ ကိုယ့်ကိုယ်ကို ဗျာဒိတ်ပေးလိုက်တာပဲ။

~ အဖန်ဖန်သေလေသမျှ ဒီခင်မင်မှုက နှိပ်စက်တာပဲ။

~ အဖန်ဖန်သေခဲ့ရတာတွေ ဘုရားတစ်ဆူတစ်ဆူကြားမှာ လေးရက်တက် လေးရက်ဆင်းရှိတဲ့ တောင်ကြီးလောက် အရိုးတွေပုံတဲ့ဥစ္စာ “ခင်တစ်လုံး” သတ်လို့။

~ နွားသတ်တဲ့ ကုလားဟာ လေးရက်တက် လေးရက်ဆင်း အရိုးတွေ တောင်ပုံ ယာပုံအောင် သူတစ်ယောက်တည်း မသတ်နိုင်ဘူး၊ တဏှာတစ်လုံး သတ်လိုက်တာ အရိုးတွေ တောင်ကြီး ဖြစ်သွားတယ်။

~ ဒီလူက ခင်တတ်ပါတယ်ပြောရင် သူ့မှာ နစ်နာရှာတယ်၊ ဒို့က လူချီးမွမ်းအောင် နေတတ် ပါတယ်ကွာ ဆိုရင်လည်း သူ့ကြွားလုံးနဲ့သူ ဒုက္ခရောက်နေပြီ။

~ ခင်တတ်တဲ့ပုဂ္ဂိုလ်များ အသေကြိုက်လို့သာမှတ်။

~ ခန္ဓာမခင်တဲ့နည်းကတော့ “မျက်စိလည် ပျောက်ရင်” မခင်ပါဘူးတဲ့။

~ ခန္ဓာကိုယ်ကြီးကို အသုဘပဲ၊ အနိစ္စပဲလို့ သေသေချာချာ မျက်စိလည်ပျောက်သွားရင် မဂ်ဉာဏ်လာတယ်။

~ ခန္ဓာကိုယ်ကြီးက အဆိပ်နဲ့ရောထားတဲ့ အရက်။

~ အဆိပ်ရောထားတဲ့အရက်နဲ့ ခန္ဓာကြီးနဲ့ တူတယ်၊ သောက်တဲ့လူနဲ့ ပုထုဇဉ်မိုက်နဲ့ တူတယ်၊ မိုက်ခြင်းကြောင့် မသောက်ကောင်းတာ သောက်လို့လည်း သူ့မှာ မတရားသေရတယ်။

~ အသေလွတ်တဲ့ တရားဟာ ရူးမိုက် မမိုက်ရင် အသေလွတ်တယ်။

~ ရူးမိုက်မိုက်လို့ရှိရင် အသေတွေ့ဦးမှာပဲ။

~ မခင်တဲ့နည်းဟာ တစ်ယောက်တစ်ယောက် ရန်ဖြစ်ပြီး မခင်ရမှာ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာ ကိုယ့်ဝေဒနာတွေ့ရင် ဖြစ်၊ ပျက် ရှု၊ ရှုလိုက်ရင် သူတို့က ဖြစ်ပျက်၊ ရှုတာက မဂ်။

~  လူ့ပြည်နတ်ပြည် စုန်ဆန်ခံစားချင်လို့ လှူလို့ရှိရင် ပုညာဘိသင်္ခါရဖြစ်ပါတယ်။

~ ဖြစ်ပျက်မြင်ရင်လည်း ၀ိပဿနာဉာဏ်ပဲ၊ ဖြစ်ပျက်မြင်ရင်လည်း သစ္စာမြင်တဲ့ဉာဏ်ပဲလို့ ဋီကာဆရာများလည်း ပြပါတယ်။

~ ၀ိသေသေန ပဿတီတိ ၀ိပဿနာဆိုတဲ့အတိုင်း သြော်…အထူးရှုရမှာပါကလား။

~ သံဃိက ဒါနအဖြစ်နဲ့ လှူဒါန်းရမှာသည်ကား ဒီမျက်မြင် ၀ဋ်ဒုက္ခကြီးမှ ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ် ပေါ်လာအောင် ရှုရမယ်။

~ စိတ်ကို (သမထ၊ ၀ိပဿနာ ဘာဝနာနဲ့) တန်ဆာမဆင်ဘဲနဲ့ ရော့-အင့် ဆိုပြီး ပေးကမ်း လိုက်လို့ရှိရင် ဒါနရိုးရိုးဖြစ်မယ်။

~ ဒါနရိုးရိုးဖြစ်ခဲ့လို့ရှိရင်ဖြင့် ဒါနရှစ်မျိုးရှိရာတွင် ရှစ်ခုမြောက်ဒါန အမြတ်ဆုံး ဒါနသို့ မရောက်ပေဘူး။

…ကိုရင်ဒိုးကလေး စုစည်းပူဇော်သော မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒ ဟောစဉ်မှတ်စုများအား ဓမ္မဒါနပြုပါသည်။


*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၁၂)…

~ ကမ္မဘ၀ပစ္စယာ ဇာတိဆိုတော့ ဒီကံမျိုးက လုပ်ကို မလုပ်ကောင်းတဲ့ကံ၊ ဘာဖြစ်လို့တုံး ဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်ပေးတဲ့ကံ။

~ ကိုယ့်ခန္ဓာ ကိုယ့်ဘ၀ ကိုယ်ခင်ရင် တဏှာပေါ်တာပဲ။

~ ခန္ဓာခင် သေချင်လို့။ (ခင်တာက တဏှာ၊ အဆက်ဆက်ဖြစ် ဇရာ၊ မရဏ၊ အိုသေ)

~ ခင်တယ်ဆိုတာ အသေခံမိုက်တာ။

~ ကျုပ်တို့က ခင်တတ်မင်တတ်ပါတယ်တဲ့၊ အဲဒါ သေချင်တယ်လို့ပြောတာ။

~ ဘုရားအဆူဆူနဲ့လွဲခဲ့တာ ခန္ဓာခင်မင်ပြီး သေပွဲချည်းဝင်နေလို့။

~ သမုဒယချုပ်တဲ့ပုဂ္ဂိုလ်မှသာလျှင် ဘုရားက “ဧဟိဘိက္ခု” ခေါ်နိုင်တယ်။

~ ကျုပ်တို့က ခင်တတ်ပါတယ်ဆိုရင် ပြောတဲ့ပုဂ္ဂိုလ်က သေပွဲဝင်မယ်လို့ ကိုယ့်ကိုယ်ကို ဗျာဒိတ်ပေးလိုက်တာပဲ။

~ အဖန်ဖန်သေလေသမျှ ဒီခင်မင်မှုက နှိပ်စက်တာပဲ။

~ အဖန်ဖန်သေခဲ့ရတာတွေ ဘုရားတစ်ဆူတစ်ဆူကြားမှာ လေးရက်တက် လေးရက်ဆင်းရှိတဲ့
 တောင်ကြီးလောက် အရိုးတွေပုံတဲ့ဥစ္စာ “ခင်တစ်လုံး” သတ်လို့။

~ နွားသတ်တဲ့ ကုလားဟာ လေးရက်တက် လေးရက်ဆင်း အရိုးတွေ တောင်ပုံ ယာပုံအောင် သူတစ်ယောက်တည်း မသတ်နိုင်ဘူး၊ တဏှာတစ်လုံး သတ်လိုက်တာ အရိုးတွေ တောင်ကြီး ဖြစ်သွားတယ်။

~ ဒီလူက ခင်တတ်ပါတယ်ပြောရင် သူ့မှာ နစ်နာရှာတယ်၊ ဒို့က လူချီးမွမ်းအောင် နေတတ် ပါတယ်ကွာ ဆိုရင်လည်း သူ့ကြွားလုံးနဲ့သူ ဒုက္ခရောက်နေပြီ။

~ ခင်တတ်တဲ့ပုဂ္ဂိုလ်များ အသေကြိုက်လို့သာမှတ်။

~ ခန္ဓာမခင်တဲ့နည်းကတော့ “မျက်စိလည် ပျောက်ရင်” မခင်ပါဘူးတဲ့။

~ ခန္ဓာကိုယ်ကြီးကို အသုဘပဲ၊ အနိစ္စပဲလို့ သေသေချာချာ မျက်စိလည်ပျောက်သွားရင် မဂ်ဉာဏ်လာတယ်။

~ ခန္ဓာကိုယ်ကြီးက အဆိပ်နဲ့ရောထားတဲ့ အရက်။

~ အဆိပ်ရောထားတဲ့အရက်နဲ့ ခန္ဓာကြီးနဲ့ တူတယ်၊ သောက်တဲ့လူနဲ့ ပုထုဇဉ်မိုက်နဲ့ တူတယ်၊ မိုက်ခြင်းကြောင့် မသောက်ကောင်းတာ သောက်လို့လည်း သူ့မှာ မတရားသေရတယ်။

~ အသေလွတ်တဲ့ တရားဟာ ရူးမိုက် မမိုက်ရင် အသေလွတ်တယ်။

~ ရူးမိုက်မိုက်လို့ရှိရင် အသေတွေ့ဦးမှာပဲ။

~ မခင်တဲ့နည်းဟာ တစ်ယောက်တစ်ယောက် ရန်ဖြစ်ပြီး မခင်ရမှာ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာ ကိုယ့်ဝေဒနာတွေ့ရင် ဖြစ်၊ ပျက် ရှု၊ ရှုလိုက်ရင် သူတို့က ဖြစ်ပျက်၊ ရှုတာက မဂ်။

~ လူ့ပြည်နတ်ပြည် စုန်ဆန်ခံစားချင်လို့ လှူလို့ရှိရင် ပုညာဘိသင်္ခါရဖြစ်ပါတယ်။

~ ဖြစ်ပျက်မြင်ရင်လည်း ၀ိပဿနာဉာဏ်ပဲ၊ ဖြစ်ပျက်မြင်ရင်လည်း သစ္စာမြင်တဲ့ဉာဏ်ပဲလို့ ဋီကာဆရာများလည်း ပြပါတယ်။

~ ၀ိသေသေန ပဿတီတိ ၀ိပဿနာဆိုတဲ့အတိုင်း သြော်…အထူးရှုရမှာပါကလား။

~ သံဃိက ဒါနအဖြစ်နဲ့ လှူဒါန်းရမှာသည်ကား ဒီမျက်မြင် ၀ဋ်ဒုက္ခကြီးမှ ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ် ပေါ်လာအောင် ရှုရမယ်။

~ စိတ်ကို (သမထ၊ ၀ိပဿနာ ဘာဝနာနဲ့) တန်ဆာမဆင်ဘဲနဲ့ ရော့-အင့် ဆိုပြီး ပေးကမ်း လိုက်လို့ရှိရင် ဒါနရိုးရိုးဖြစ်မယ်။

~ ဒါနရိုးရိုးဖြစ်ခဲ့လို့ရှိရင်ဖြင့် ဒါနရှစ်မျိုးရှိရာတွင် ရှစ်ခုမြောက်ဒါန အမြတ်ဆုံး ဒါနသို့ မရောက်ပေဘူး။

…ကိုရင်ဒိုးကလေး စုစည်းပူဇော်သော မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒ ဟောစဉ်မှတ်စုများအား ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment