Pages

Wednesday, April 9, 2014

**** မိတ်ဆွေ ဘယ်သို့ ** လှ ** မည်နည်း ***

Photo: #လူ့ဘုံဌာန  လူ့လောကဝယ်
ပြင်ကြဆင်ကြ  လိမ်းခြယ်ကြနှင့်
အလှများစွာ ရှိနေပါ၏။

#မြင်ကာတွေ့ရ  ရုပ်အလှသည်
ဘဝတွက်တာ  အကာသာတည့်။

#လှတာချင်းတူ   ယှဉ်ကြည့်မူကား
ယဉ်သူကသာ  ပိုလှပါ၏။
ယဉ်တာချင်းတူ  ယှဉ်ပြိုင်မူကား
စိတ်ဖြူသူက  ပို၍လှ၏။

#စိတ်လှ'ရုပ်လှ  ထိုနှစ်ဝ'ဝယ်
စိတ်လှဖြောက်မတ်  ဂုဏ်ယူအပ်၏။
စိတ်ဓာတ်ဖြူစင်   အလှရှင်ကို
ချစ်ခင်တမ်းတ  လေးစားကြ၏။

#လောကလူ့ရွာ   စည်ပင်လာဖို့
သာယာချမ်းမြေ့   တင့်တယ်ကြဖို့
စိတ်လှသူတွေ  လိုအပ်နေပြီ
မိတ်ဆွေ  ဘယ်သို့လှမည်နည်း။

    -မိုးသောက်ကြယ် (ဖားကန့်)
  
#လူ့ဘုံဌာန လူ့လောကဝယ်
ပြင်ကြဆင်ကြ လိမ်းခြယ်ကြနှင့်
အလှများစွာ ရှိနေပါ၏။



#မြင်ကာတွေ့ရ ရုပ်အလှသည်
ဘဝတွက်တာ အကာသာတည့်။

#လှတာချင်းတူ ယှဉ်ကြည့်မူကား
ယဉ်သူကသာ ပိုလှပါ၏။
ယဉ်တာချင်းတူ ယှဉ်ပြိုင်မူကား
စိတ်ဖြူသူက ပို၍လှ၏။

#စိတ်လှ'ရုပ်လှ ထိုနှစ်ဝ'ဝယ်
စိတ်လှဖြောက်မတ် ဂုဏ်ယူအပ်၏။
စိတ်ဓာတ်ဖြူစင် အလှရှင်ကို
ချစ်ခင်တမ်းတ လေးစားကြ၏။

#လောကလူ့ရွာ စည်ပင်လာဖို့
သာယာချမ်းမြေ့ တင့်တယ်ကြဖို့
စိတ်လှသူတွေ လိုအပ်နေပြီ
မိတ်ဆွေ ဘယ်သို့လှမည်နည်း။

-မိုးသောက်ကြယ် (ဖားကန့်)

No comments:

Post a Comment