Pages
▼
“ပုဂ္ဂိုလ်စွဲ၍ ကြည်ညိုမှုကြောင့် ဖြစ်တတ်သော အပြစ်ငါးမျိုး”
“ပုဂ္ဂိုလ်စွဲ၍ ကြည်ညိုမှုကြောင့် ဖြစ်တတ်သော အပြစ်ငါးမျိုး”
********************************************
ရဟန်းတို့ ! ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း အပြစ် ၅-မျိုးဟူသည်မှာ -
ပုဂ္ဂိုလ်တစ်ဦးဦးကို ပုဂ္ဂိုလ်စွဲ ကြည်ညိုမိလျှင် -
၁။ နှင်ထုတ်သင့်သော အပြစ်ကြောင့် သံဃာက နှင်ထုတ်ခဲ့မူ-
သူ့ကို ကြည်ညိုနေသူက “ငါချစ်ခင် မြတ်နိုးသူကို သံဃာက
နှင်ထုတ်ပေးသည်” ဟု စဉ်းစားပြီး နှင်ထုတ်သူ
ရဟန်းများအပေါ်၌ လည်းကောင်း၊
၂။ သံဃာထဲ မသွင်းဘဲ သံဃာ့အစွန်အဖျား၌
နေစေသင့်သော အစွန်အဖျား၌ နေစေသင့်သော
အပြစ်ကြောင့် သံဃာက အစွန်အဖျား၌ နေစေခဲ့မူ -
သူ့ကို ကြည်ညိုနေသူက “ငါချစ်ခင် မြတ်နိုးသူကို သံဃာက
အစွန်အဖျား၌ နေခိုင်းပေသည်” ဟု စဉ်းစားပြီး နေခိုင်းသူ
ရဟန်းများအပေါ်၌ လည်းကောင်း -
“မကြည်ညိုမူ” များ ဖြစ်တတ်သည်။
♦ရဟန်းတို့အပေါ် မကြည်ညိုမူများစွာဖြစ်လျှင်
အခြားရဟန်းတို့ကိုလည်း မဆည်းကပ်တော့၊
မဆည်းကပ်လျှင် သူတော်ကောင်းတရားကို မနာယူရတော့၊
မနာယူရလျှင် သူတော်ကောင်းတရားမှ ဆုတ်ယုတ်တော့သည်။
၃။ အရပ်တပါးသို့ ပြောင်းသွားလျှင်လည်း -
သူ့ကို ကြည်ညိုနေသူက “ ငါ ချစ်ခင်မြတ်နိုးသူ တခြား
ပြောင်းသွားပြီ၊ ဒီမှာ မရှိတော့” ဟု စဉ်းစားပြီး၍ လည်းကောင်း၊
၎။ လူထွက်သွားလျှင်လည်း -
သူကို ကြည်ညိုနေသူက
“ငါချစ်ခင် မြတ်နိုးသူ လူထွက်သွားပြီ”
ဟု စဉ်းစားပြီး၍ လည်းကောင်း၊
၅။ ကွယ်လွန်သွားလျှင်လည်း -
သူ့ကို ကြည်ညိုနေသူက
“ငါချစ်ခင်မြတ်နိုးသူ ကွယ်လွန်သွားပြီ” ဟု
စဉ်းစားပြီး၍ လည်းကောင်း -
♦အခြား ရဟန်းတို့ကိုလည်း မဆည်းကပ်တော့၊
မဆည်းကပ်လျှင် သူတော်ကောင်းတရားကို မနာယူရတော့၊
မနာယူရလျှင် သူတော်ကောင်းတရားမှ
ဆုတ်ယုတ်တော့သည်။
[ဆောင် - တစ်ဦးပုဂ္ဂိုလ်၊ ကြည်ညိုပိုကြောင့်၊
ထိုပုဂ္ဂိုလ်ယုတ်၊ နှင်ထုတ်ခံရ၊ ဒဏ်ခံရနှင့်၊
ပြောင်းကြွ ထွက်ခွါ၊ လူထွက်ကာ, သေ၊
ကြုံလေရရာ၊ များသံဃာကို၊ မကြည်ညိုခြင်း၊
ဖြစ်တုံလျင်း၊ မယွင်း ဖြစ်များစွာ။]
-(အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ပဉ္စမပဏ္ဏာသက၊
ဒုစ္စရိတဝဂ်၊ ပုဂ္ဂလပ္ပသာဒသုတ်)
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment