Pages

Wednesday, April 9, 2014

“ အကောင်းကိုသာ ရှာဖွေပါ ”

Photo: “ အကောင်းကိုသာ ရှာဖွေပါ ”
•••••••••••••••••••••••••••
“မေတ္တာဆိုတာ ဘာလုပ်တာလဲဆိုတော့ ဘယ်သူ့ကိုပဲ
ကြည့်ကြည့် ပရိသတ်ရေ - ကောင်းသည့်ဘက်က ကြည့်”
“မှန်ပါ့ ဘုရား”

“ပရိသတ်ရေ - ဘယ်ဘက်က ကြည့်”
“ကောင်းသည့်ဘက်က ကြည့်ရမှာပါ ဘုရား”
“သတ္တလောကတစ်ခုလုံးကို တစ်ယောက်ချင်းပဲဖြစ်စေ၊ အစု
လိုက်ပဲ ဖြစ်စေအကောင်းဘက်က ကြည့်တတ်မယ်ဆိုရင် 
ဒေါသမဖြစ်ဘူးပေါ့”
“မှန်ပါ့ ဘုရား”

“အဆိုးဘက်ကချည်းပဲ လှည့်ပြီးကြည့်ရင်လည်း တစ်လောကလုံး 
လူဆိုးချည်းပဲနေမှာပဲ”
“မှန်ပါ့ ဘုရား“

“အကောင်းဘက်က လှည့်စဉ်းစားသွားရင်လည်း 
တစ်လောကလုံး လူကောင်းချည်းပဲ ရမှာပဲ”
“မှန်ပါ့ ဘုရား”

“အဲဒီလိုရလာလျှင် ကိုယ့်သန္တာန် ဒေါသမဖြစ်ဘူးတဲ့။ မေတ္တာဘာဝနာရဲ့ 
အခြေခံက အကောင်းချည်း”
“ဘာတဲ့လဲ”
“အကောင်းချည်းပါဘုရား”
“နှစ်သက်စရာရွေချယ်၍ရှာ မေတ္တာ၊ ကျေနပ်စရာရွေးချယ်၍ ရှာ မေတ္တာ။
ထိုမေတ္တာနှင့်ယှဉ်တဲ့ သတိကို ဆောက်တည်၍သာ နေကြကုန်ရာ၏။
ထိုမေတ္တာနဲ့ နေထိုင်ခြင်းကို ဗြဟ္မဝိဟာရဟူ၍ ပရိသတ်ရေ - ဘာဝိဟာရ”
“ဗြဟ္မဝိဟာရပါဘုရား”

“ဗြဟ္မဝါဟာရန္တိ၊ ဗြဟ္မဝိဟာရဟူ၍  ဘုရားအစရှိတဲ့ အရိယာ သူတော်ကောင်းတို့က မိန့်တော်မူကြ လေကုန်သတည်း။ ”

(သီတဂူ အရှင်ဉာဏိဿရ ဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၆၅) မှ
ကောက်နုတ်ပူဇော်ပါသည်။

Dhamma Dãna Source : ထေရဝါဒ ရနံ့ https://www.facebook.com/thefragranceoftheravada  & Young Buddhist Association

No comments:

Post a Comment