စက်လေးပါးအမည်ရသည့် မင်္ဂလာများ
~~~~~~~~~~~~~~~~~~~~~
၁။ ပုဗ္ဗေစကတပုညတာ မင်္ဂလာ= ရှေ့၌ ပြုခဲ့သောကုသိုလ်ကောင်းမှုရှိခြင်း။
(ဤကောင်းမှုရှိသည့်အတွက်
ယခုဘဝတွင် ပဋိရူပဒေသဝါသောစ မင်္ဂလာနှင့်ပြည့်စုံရ၏)
၂။ ပဋိရူပဒေသဝါသောစ မင်္ဂလာ= သင့်တင့်လျောက်ပက်သောအရပ်၌ နေထိုင်ရခြင်း။
(သင့်တင့်သောအရပ်၌ နေထိုင်ရသဖြင့် ပညာရှိကိုမှီဝဲဆည်းကပ်ရ၏)
၃။ ပဏ္ဍိတာနဉ္စသေဝနာ = ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း။
( ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းရသဖြင့် မိမိကိုယ်စိတ်ကို ကောင်ေးအာင် တည့်မတ်စွာ ထားနိင်၏)
၎။ အတ္တသမာပဏိဓိစ မင်္ဂလာ= ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ စောင့်ထိန်းခြင်း။
(ကိုယ်စိတ်နှစ်ပါးကို မမှောက်မှားအောင် ကောင်းစွာစောင့်ထိန်းသူသည် မကောင်းမှုများကိုရှောင်၍ ကုသိုလ်ကောင်းမှုများကို ကြိုးစာပြုလုပ်၏။ ထို့ကြောင့်ကွယ်လွန်သောအခါ သူဂတိဘုံသို့ရောက်၍ ပုဗ္ဗေစကတပုညတာ မင်္ဂလာနှင့်ပြည့်စုံသူဖြစ်ရပြန်၏။)
ဤမင်္ဂလာ ၄-ပါးသည် အထက်တန်းကျကျ သံသရာကျင်လည်နိုင်အောင် စွမ်းဆောင်ပေးနိုင်သဖြင့် လူတိုင်းအတွက် အထူးပင်ပြည့်စုံနိုင်ရန် အရေးကြီး၏။
ဆောင်ပုဒ်အလင်္ကာ
============
၁။ ရှေးကဆောင်းစု ကိုယ်တိုင်ပြု ကောင်းမှုရှိခဲ့တာ။
၂။ သင့်တင့်လျောက်ပတ် နေရာမြတ် ချဉ်းကပ်နေရပါ။
၃။ စိတ်ထားဖြူစင် ပညာရှင် ခင်မင်ဆုံတွေ့လာ။
၎။ ကိုယ် နှုတ် စိတ်ကို ကောင်းအောင်ကို ထားသိုကျင့်ကြံလာ။
ဤစက်လေးပါး လှည့်ပတ်ငြား ကြီးပွားအမှန်ပါ။
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး ကောင်းကျိုးပြည့်ဝမှာ။
(ဒေါက်တာမင်းတင်မွန်၏ "လိမ်မာယဉ်ကျေး တို့ရင်သွေး" စာအုပ်မှ ကူးယူမျှဝေပါသည်)

No comments:
Post a Comment