မဟာအတုလဝေယန် ( အတုမရှိကျောင်း)
*******************************
မဟာအတုလဝေယန် ( အတုမရှိကျောင်း)
ကျောင်းတော်ကြီးသည် မန္တလေးမြို့ ၊ အောင်
မြေသာစံမြို့နယ် ၊ ဒေါနဘွားရပ်ကွက် ၊ မဟာ
အတုလ ဝိဇယရာမတိုက်၏ မဟာရံတံတိုင်း
နှစ်ထပ်အတွင်း ၊ ရွှေနန်းတော်ကျောင်း ( ရွှေ
ကျောင်း) နှင့် ကပ်လျှက်တွင် တည်ရှိပါသည် ။
မင်းတုန်းမင်းကြီး၏ မြို့တည် နန်းတည်
သတ္တဌာနတွင် တစ်ခုအပါအဝင်ဖြစ်ပြီး (၁၈၅၉)
ခုနှစ်တွင်စတင်၍ ယောအတွင်းဝန် ဦးဘိုးလှိုင်
အား ဦးစီးတည်ဆောက်စေခဲ့ရာ ၁၈-နှစ်ကျော်
ကြာပြီးနောက် ( ၁၈၇၇ ) ခုနှစ်တွင် တည်
ဆောက်ပြီးစီးခဲ့ပါသည် ၊ ငွေဒင်္ဂါးကျပ် ၅-သိန်း
ခန့် ကုန်ကျခဲ့ပါသည် ။
မင်းတုန်းမင်းကြီး လက်ထက်တွင် ရွှေမြို့
တော် လေးပြင်လေးရပ်ရှိ ကျောင်းတိုက်ကြီး
ပေါင်း ( ၁၁၄) တိုက်တို့ထက် သာလွန်မြင့်မြတ်
ခန့်ညား ထည်ဝါသော တုနှိုင်းဖွယ်မရှိသည့်
ကျောင်းတော်ကြီးဖြစ်၍ "အတုမရှိ" ဟု တင်စား
ခေါ်ဝေါ်၍ ကျောင်းတော်ကြီး၏ ဂုဏ်ဒြပ်နှင့်
အညီ လူသိများ ထင်ရှားကျော်ဇောခဲ့ပါသည် ။
အုတ် - အင်္ဂတေဖြင့် ဆောက်လုပ်ခဲ့သော
ဘုံငါးဆင့် အဆောက်အအုံဖြစ်ပြီး ရှေးရိုးအစဉ်
အလာ ဘုန်းကြီးကျောင်းများနှင့် တည်ဆောက်
ပုံမတူဘဲ ဇေတဝန်တစ်ဆောင်တည်းဖြင့် တည်
ဆောက်ထားသော ကျောင်းကြီး ဖြစ်ပါသည် ။
ကျောင်းတော်ကြီးသည် အရှေ့အနောက် လှေ
ကားအဆုံး (၃၃၉) ပေ ၊ တောင်မြောက် (၂၈၁)
ပေ ကျယ်ဝန်းပြီး ၊ အမြင့်ပေ (၁၀၀) ရှိသည် ။
အုတ်-အင်္ဂတေဖြင့်ရံထားသော ကျွန်းတိုင်ပေါင်း
(၂၄၆) တိုင်ဖြင့် တည်ဆောက်ခဲ့ပါသည် ။ ကွန်း
စင်တိုင်အမြင့် (၆၇) တောင်မြင့်သည် ။ မြန်မာ
မှုပန်းတော့ အုတ်-အင်္ဂတေလက်ရာ မကရ်း
လှေကားကြီး (၆) စင်းဖြင့် တည်ဆောက်ထားပါ
သည် ။ နံရံမှတိုင်များတွင် ဖရုံမြှောင့်ခံ စုလစ် ၊
မွန်းချွန်းများ ၊ အမွှမ်းပန်းများ ၊ မြန်မာဥဒေါင်း
ရုပ်နှင့် အင်္ဂတေကနုတ်ပန်းလက်ရာများ ၊ ရတ
နာပုံခေတ် သစ်သားတံခါးမကြီးများ မှာလည်း
ဂုဏ်ယူဝံ့ကြွားဖွယ်ရာ စံနမူနာပြ လက်ရာများ
ဖြစ်ပါသည် ။
ကျောင်းတော်ကြီးအတွင်း၌ သီဟိုဠ်မှဆက်
သလာသော မဟာဗောဓိသား ရုပ်ပွားတော်
တစ်ဆူအပြင် ၊ မင်းတုန်းမင်းကြီး၏ဝတ်လဲတော်
များကို ပြာချ၍ သစ်စေးသရိုးဖြင့်ပြုလုပ်ထား
သော (၁၈) တောင်ရှိ မံဆင်းတုတော်ကြီးကို
ထားရှိကာ ဆင်းတုတော်၏ ဥဏလုံမွေးရှင်
တော်နေရာတွင် (၃၂) ရတီရှိ စိန်ကြီးတစ်လုံး
တပ်ဆင်ပူဇော်လှူဒါန်းထားခဲ့သည် ။
(၁၈၈၅) ခုနှစ်တွင် သီပေါမင်း ပါတော်မူပြီး
နယ်ချဲ့လက်အောက်ကျရောက်ပြီးနောက် ဗြိတိ
သျှစစ်တန်းလျား ဖြစ်ခဲ့ရပြီး (၁၈၉၂) ခုနှစ်တွင်
မီးခပျက်စီးခဲ့ရာ ဖော်ပြပါ (၃၂) ရတီရှိ စိန်ကြီး
မှာ ပျောက်ဆုံးခဲ့ရပြီး မြန်မာ့ယဉ်ကျေးမှုဗိသု
ကာလက်ရာ အမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့
ရပါသည် ။
ဤကျောင်းတော်ကြီးအား (၁၈-၉-၁၉၉၆)
ရက်နေ့၌ ရှေးမူလက်ရာမပျက် ပြန်လည်တည်
ဆောက်ပြီးစီးခဲ့ပါသည် ။ ကျောင်းတော်ကြီးအ
တွင်း၌ ဥာဏ်တော် (၃) တောင်ခန့်ရှိ ကြေး
ဆင်းတုတော်တစ်ဆူကိုလည်း ကြည်ညိုဖွယ်ရာ
ဖူးမြော်နိုင်ပါသည် ။

No comments:
Post a Comment