Pages

Thursday, April 10, 2014

**** မဟာအတုလဝေယန် ( အတုမရှိကျောင်း) *****

Photo: မဟာအတုလဝေယန် ( အတုမရှိကျောင်း)
***********************************

        မဟာအတုလဝေယန်   ( အတုမရှိကျောင်း)
ကျောင်းတော်ကြီးသည်   မန္တလေးမြို့ ၊    အောင်
မြေသာစံမြို့နယ် ၊   ဒေါနဘွားရပ်ကွက် ၊   မဟာ
အတုလ ဝိဇယရာမတိုက်၏        မဟာရံတံတိုင်း
နှစ်ထပ်အတွင်း ၊      ရွှေနန်းတော်ကျောင်း  ( ရွှေ
ကျောင်း) နှင့်   ကပ်လျှက်တွင်  တည်ရှိပါသည် ။

       မင်းတုန်းမင်းကြီး၏     မြို့တည်   နန်းတည်
သတ္တဌာနတွင်   တစ်ခုအပါအဝင်ဖြစ်ပြီး (၁၈၅၉)
ခုနှစ်တွင်စတင်၍   ယောအတွင်းဝန်  ဦးဘိုးလှိုင်
အား  ဦးစီးတည်ဆောက်စေခဲ့ရာ   ၁၈-နှစ်ကျော်
ကြာပြီးနောက်    ( ၁၈၇၇ ) ခုနှစ်တွင်        တည်
ဆောက်ပြီးစီးခဲ့ပါသည် ၊   ငွေဒင်္ဂါးကျပ်  ၅-သိန်း
ခန့်   ကုန်ကျခဲ့ပါသည် ။

       မင်းတုန်းမင်းကြီး  လက်ထက်တွင်     ရွှေမြို့
တော်     လေးပြင်လေးရပ်ရှိ    ကျောင်းတိုက်ကြီး
ပေါင်း ( ၁၁၄) တိုက်တို့ထက်    သာလွန်မြင့်မြတ်
ခန့်ညား  ထည်ဝါသော        တုနှိုင်းဖွယ်မရှိသည့်
ကျောင်းတော်ကြီးဖြစ်၍ "အတုမရှိ" ဟု  တင်စား
ခေါ်ဝေါ်၍    ကျောင်းတော်ကြီး၏    ဂုဏ်ဒြပ်နှင့်
အညီ   လူသိများ  ထင်ရှားကျော်ဇောခဲ့ပါသည် ။

       အုတ် - အင်္ဂတေဖြင့်     ဆောက်လုပ်ခဲ့သော
ဘုံငါးဆင့် အဆောက်အအုံဖြစ်ပြီး    ရှေးရိုးအစဉ်
အလာ ဘုန်းကြီးကျောင်းများနှင့်   တည်ဆောက်
ပုံမတူဘဲ   ဇေတဝန်တစ်ဆောင်တည်းဖြင့်  တည်
ဆောက်ထားသော     ကျောင်းကြီး ဖြစ်ပါသည် ။
ကျောင်းတော်ကြီးသည်    အရှေ့အနောက်  လှေ
ကားအဆုံး (၃၃၉) ပေ ၊    တောင်မြောက် (၂၈၁)
ပေ   ကျယ်ဝန်းပြီး ၊    အမြင့်ပေ (၁၀၀) ရှိသည် ။
အုတ်-အင်္ဂတေဖြင့်ရံထားသော  ကျွန်းတိုင်ပေါင်း
(၂၄၆) တိုင်ဖြင့်  တည်ဆောက်ခဲ့ပါသည် ။   ကွန်း
စင်တိုင်အမြင့် (၆၇) တောင်မြင့်သည် ။     မြန်မာ
မှုပန်းတော့     အုတ်-အင်္ဂတေလက်ရာ     မကရ်း
လှေကားကြီး (၆) စင်းဖြင့်   တည်ဆောက်ထားပါ
သည် ။   နံရံမှတိုင်များတွင်  ဖရုံမြှောင့်ခံ  စုလစ် ၊
မွန်းချွန်းများ ၊   အမွှမ်းပန်းများ ၊    မြန်မာဥဒေါင်း
ရုပ်နှင့်  အင်္ဂတေကနုတ်ပန်းလက်ရာများ ၊    ရတ
နာပုံခေတ်    သစ်သားတံခါးမကြီးများ  မှာလည်း
ဂုဏ်ယူဝံ့ကြွားဖွယ်ရာ   စံနမူနာပြ   လက်ရာများ
ဖြစ်ပါသည် ။

       ကျောင်းတော်ကြီးအတွင်း၌   သီဟိုဠ်မှဆက်
သလာသော     မဟာဗောဓိသား     ရုပ်ပွားတော်
တစ်ဆူအပြင် ၊  မင်းတုန်းမင်းကြီး၏ဝတ်လဲတော်
များကို   ပြာချ၍    သစ်စေးသရိုးဖြင့်ပြုလုပ်ထား
သော    (၁၈) တောင်ရှိ     မံဆင်းတုတော်ကြီးကို
ထားရှိကာ      ဆင်းတုတော်၏    ဥဏလုံမွေးရှင်
တော်နေရာတွင်     (၃၂) ရတီရှိ   စိန်ကြီးတစ်လုံး
တပ်ဆင်ပူဇော်လှူဒါန်းထားခဲ့သည် ။

       (၁၈၈၅) ခုနှစ်တွင်   သီပေါမင်း ပါတော်မူပြီး
နယ်ချဲ့လက်အောက်ကျရောက်ပြီးနောက်   ဗြိတိ
သျှစစ်တန်းလျား  ဖြစ်ခဲ့ရပြီး    (၁၈၉၂) ခုနှစ်တွင်
မီးခပျက်စီးခဲ့ရာ    ဖော်ပြပါ (၃၂) ရတီရှိ   စိန်ကြီး
မှာ    ပျောက်ဆုံးခဲ့ရပြီး    မြန်မာ့ယဉ်ကျေးမှုဗိသု
ကာလက်ရာ   အမွေအနှစ်များ    ပျက်စီးဆုံးရှုံးခဲ့
ရပါသည် ။ 

       ဤကျောင်းတော်ကြီးအား   (၁၈-၉-၁၉၉၆)
ရက်နေ့၌   ရှေးမူလက်ရာမပျက်   ပြန်လည်တည်
ဆောက်ပြီးစီးခဲ့ပါသည် ။     ကျောင်းတော်ကြီးအ
တွင်း၌      ဥာဏ်တော် (၃) တောင်ခန့်ရှိ     ကြေး
ဆင်းတုတော်တစ်ဆူကိုလည်း   ကြည်ညိုဖွယ်ရာ
ဖူးမြော်နိုင်ပါသည် ။

 မဟာအတုလဝေယန် ( အတုမရှိကျောင်း)
*******************************

No comments:

Post a Comment