Pages

Thursday, April 10, 2014

** စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ပါဝင်သောစေတသိက်များ **

Photo: >>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

( စိတ်ကောင်း  စိတ်ဆိုး    ၂-မျိုးလုံး၌ပါဝင်သော
  စေတသိက်များ) 

၁။ ဖဿ            ၆။ ဇီဝိတိနြေ္ဒ          ၁၁။ ဝီရိယ
၂။ ဝေဒနာ         ၇။ မနသိကာရ       ၁၂။ ပီတိ
၃။ သညာ           ၈။ ဝိတက်             ၁၃။ ဆန္ဒ
၎။ စေတနာ        ၉။ ဝိစာရ 
၅။ ဧကဂ္ဂတာ    ၁၀။ အဓိမောက္ခ        

[ဆောင်]

တွေ့ထိတရား   ဖဿထားလော့ ၊  ခံစားဝေဒနာ၊
မှတ်-သညာတည်း ၊    စေတနာတွက်    စေ့ဆော်
ချက်နှင့် ၊  ဧကဂ္ဂတာ   တည်ငြိမ်စွာသား ၊   မကွာ
နာမ်သက်  ဇီဝိန်ဆက်၍ ၊    မပျက်မပြုန်း   နှလုံး
သွင်းကို  မနသိဆို၏ ၊     ထိုထိုကြံစည်    ဝိတက်
မည်ရှင့် ၊     အလီလီသုံးသပ်    ဝိစာရမှတ်လော့ ၊
ဆုံးဖြတ်ဓိမောက် ၊   ရဲစွမ်းရောက်က   ဝီရိယဟု ၊
အားရနှစ်သက်   ပီတိဆက်၍ ၊    သက်သက်အာ
ရုံ   ပြုလိုရုံမျှ   ဆန္ဒသဘော ၊   ကောင်း-ဆိုး ရော
သည်    မှတ်လော့တစ်ဆယ့်သုံးပါးတည်း ။

  ( ဧကဂ္ဂတာ ၊ ဇီဝိတိနြေ္ဒ ၊ မနသိကာရ ၊ ဝိတက် ၊
ဝိစာရ - တို့ကို    တင်ပြခဲ့ပြီးဖြစ်ပါသည် ။    ယခု
အဓိမောက္ခကိုတင်ပြလိုက်ပါသည်)

အဓိမောက္ခအကြောင်း
*******************

  ဆုံးဖြတ်ခြင်းသဘောသည်  အဓိမောက္ခတည်း ၊
ကိစ္စတစ်ခုခုကို  ပြုလိုသောအခါဖြစ်စေ -   အာရုံ
တစ်ခုခုကို   အမှားအမှန်    ဝေဖန်သောအခါဖြစ်
စေ   ဤဆုံးဖြတ်ချက်ချတတ်သော   အဓိမောက္ခ
သဘော  ပါရပေသည် ။   ပါဏာတိပါတ စသော
ဒုစရိုက်မှုနှင့်    ဒါန  သီလ စသော   ကောင်းမှုတို့
သည်     ဤအဓိမောက္ခ  ဆုံးဖြတ်လိုက်မှ   အထ
မြောက်ကြသည် ၊       ထို့ကြောင့်      "ဆုံးဖြတ် -
ဓိမောက်" ဟု   ဆိုခဲ့ပေသည် ။        သူတစ်ပါးက
လိမ်သည်ကို    ယုံရာ၌လည်း     "သဒ္ဓါ" မဟုတ် ၊
ဤ အဓိမောက္ခဖြင့်      အမှားကို ဆုံးဖြတ်ချက်ချ
ခြင်းဖြစ်သည် ။
           
*
*

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၂၁ ၊ ၁၃၃)

>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
*********************

  စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ပါဝင်သောစေတသိက်များ

၁။ ဖဿ    
   
၂။ ဝေဒနာ

၃။ သညာ 

၎။ စေတနာ 

၅။ ဧကဂ္ဂတာ
 
၆။ ဇီဝိတိနြေ္ဒ  
 
  ၇။ မနသိကာရ 
 
၈။ ဝိတက်
 
  ၉။ ဝိစာရ
  
၁၀။ အဓိမောက္ခ 
 
 ၁၁။ ဝီရိယ
 
  ၁၂။ ပီတိ
 
 ၁၃။ ဆန္ဒ

[ဆောင်]

တွေ့ထိတရား ဖဿထားလော့ ၊ ခံစားဝေဒနာ၊
မှတ်-သညာတည်း ၊ စေတနာတွက် စေ့ဆော်
ချက်နှင့် ၊ ဧကဂ္ဂတာ တည်ငြိမ်စွာသား ၊ မကွာ
နာမ်သက် ဇီဝိန်ဆက်၍ ၊ မပျက်မပြုန်း နှလုံး
သွင်းကို မနသိဆို၏ ၊ ထိုထိုကြံစည် ဝိတက်
မည်ရှင့် ၊ အလီလီသုံးသပ် ဝိစာရမှတ်လော့ ၊
ဆုံးဖြတ်ဓိမောက် ၊ ရဲစွမ်းရောက်က ဝီရိယဟု ၊
အားရနှစ်သက် ပီတိဆက်၍ ၊ သက်သက်အာ
ရုံ ပြုလိုရုံမျှ ဆန္ဒသဘော ၊ ကောင်း-ဆိုး ရော
သည် မှတ်လော့တစ်ဆယ့်သုံးပါးတည်း ။

( ဧကဂ္ဂတာ ၊ ဇီဝိတိနြေ္ဒ ၊ မနသိကာရ ၊ ဝိတက် ၊
ဝိစာရ - တို့ကို တင်ပြခဲ့ပြီးဖြစ်ပါသည် ။ ယခု
အဓိမောက္ခကိုတင်ပြလိုက်ပါသည်)

အဓိမောက္ခအကြောင်း
******************

ဆုံးဖြတ်ခြင်းသဘောသည် အဓိမောက္ခတည်း ၊
ကိစ္စတစ်ခုခုကို ပြုလိုသောအခါဖြစ်စေ - အာရုံ
တစ်ခုခုကို အမှားအမှန် ဝေဖန်သောအခါဖြစ်
စေ ဤဆုံးဖြတ်ချက်ချတတ်သော အဓိမောက္ခ
သဘော ပါရပေသည် ။ ပါဏာတိပါတ စသော
ဒုစရိုက်မှုနှင့် ဒါန သီလ စသော ကောင်းမှုတို့
သည် ဤအဓိမောက္ခ ဆုံးဖြတ်လိုက်မှ အထ
မြောက်ကြသည် ၊ ထို့ကြောင့် "ဆုံးဖြတ် -
ဓိမောက်" ဟု ဆိုခဲ့ပေသည် ။ သူတစ်ပါးက
လိမ်သည်ကို ယုံရာ၌လည်း "သဒ္ဓါ" မဟုတ် ၊
ဤ အဓိမောက္ခဖြင့် အမှားကို ဆုံးဖြတ်ချက်ချ
ခြင်းဖြစ်သည် ။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၂၁ ၊ ၁၃၃)

No comments:

Post a Comment