Pages

Thursday, April 10, 2014

**** ချစ်သားဘုရားမြင်ပါစေ ****

Photo: ချစ်သားဘုရားမြင်ပါစေ
°°°°°°°°°°°°°°°°°°°°°°°°°
အကျင့်မပါ ဥာဏ်ဗလာဖြင့်
ရှာဖွေတရား  အို---ချစ်သား
ပညာပြည့်လျှံ ကျင့်မသန်လျှင်
မှန်ပင်ချီနှီး မထေရ်ကြီးဟု
ကောင်းချီးမပြ ပေါဋိလအား
ဘုရားရှင်ဆုံးမတော်မူခဲ့လေသည်။
အကျင့်သန်၍ ဥာဏ်မမှန်လည်း
လွဲမှားဒိဋ္ဌိ ဆုံးရှုံးဘိဟု
ဂုရုနှစ်ပါး ဆရာများအား
ဘုရားရှင်သနားတော်မူခဲ့လေသည်။
ပညာပြည့်လျှံ ကျင့်သန်စေရန်
မှန်သောသတိ မှန်အသိနှင့်
သိရာမှတ်သား မဂ္ဂင်ပွါး၍
ရှစ်ပါးရိပ်တွင် ကြောင်းကျိုးမြင်အောင်
အမောင်မလစ် လုံလဖြစ်၍
စစ်မှန်ဆရာ ဆည်းကပ်ပါလျှင်
သစ္စာတရား မြတ်ဘုရားကို
ချစ်သားမြင်ရပေလိမ့်မည်။
ပညာအကျင့် အကျင့်ပညာ
ညီမျှစွာဖြင့် လေးပါးသင့်မြတ်
ပွင့်ဓါတ်ခန္ဓာ ချင့်တက်ပါလျှင်
ငါပင်မဟုတ် နမ်နှင့်ရုပ်ဟု
ငါးပါးစုရာ ပညတ်ခွါ၍
ဥာဏ်တွေ့ထင်ရှား ဝိဇ္ဇာပွားခါ
သစ္စာတရား မြတ်ဘုရားကို
ချစ်သားမြင်ရပေလိမ့်မည်။
အကျင့်လည်းသန် ဥာဏ်မြင်မှန်ဖြင့်
ကျင့်ပါတရား  အို----ချစ်သား။
  ကပ္ပတိန်ရဲညွှန့်၏အသိထူးတရားတော်စာအုပ်မှကူးယူ၍ပူဇော်ပါသည်။

 ချစ်သားဘုရားမြင်ပါစေ

°°°°°°°°°°°°°°°°°°°°°°
အကျင့်မပါ ဥာဏ်ဗလာဖြင့်
ရှာဖွေတရား အို---ချစ်သား
ပညာပြည့်လျှံ ကျင့်မသန်လျှင်
မှန်ပင်ချီနှီး မထေရ်ကြီးဟု
ကောင်းချီးမပြ ပေါဋိလအား
ဘုရားရှင်ဆုံးမတော်မူခဲ့လေသည်။

အကျင့်သန်၍ ဥာဏ်မမှန်လည်း
လွဲမှားဒိဋ္ဌိ ဆုံးရှုံးဘိဟု
ဂုရုနှစ်ပါး ဆရာများအား
ဘုရားရှင်သနားတော်မူခဲ့လေသည်။

ပညာပြည့်လျှံ ကျင့်သန်စေရန်
မှန်သောသတိ မှန်အသိနှင့်
သိရာမှတ်သား မဂ္ဂင်ပွါး၍
ရှစ်ပါးရိပ်တွင် ကြောင်းကျိုးမြင်အောင်
အမောင်မလစ် လုံလဖြစ်၍
စစ်မှန်ဆရာ ဆည်းကပ်ပါလျှင်
သစ္စာတရား မြတ်ဘုရားကို
ချစ်သားမြင်ရပေလိမ့်မည်။

ပညာအကျင့် အကျင့်ပညာ
ညီမျှစွာဖြင့် လေးပါးသင့်မြတ်
ပွင့်ဓါတ်ခန္ဓာ ချင့်တက်ပါလျှင်
ငါပင်မဟုတ် နမ်နှင့်ရုပ်ဟု
ငါးပါးစုရာ ပညတ်ခွါ၍
ဥာဏ်တွေ့ထင်ရှား ဝိဇ္ဇာပွားခါ
သစ္စာတရား မြတ်ဘုရားကို
ချစ်သားမြင်ရပေလိမ့်မည်။
အကျင့်လည်းသန် ဥာဏ်မြင်မှန်ဖြင့်
ကျင့်ပါတရား အို----ချစ်သား။

ကပ္ပတိန်ရဲညွှန့်၏အသိထူးတရားတော်စာအုပ်မှကူးယူ၍ပူဇော်ပါသည်။

No comments:

Post a Comment