Pages
▼
*** ဝိပဿနာ အစ ဖြစ်ပျက်အမြင်က အစ ***
ငါမဟုတ်တဲ့ ခန္ဓာငါးပါး ငါထင်ပြီးလုပ်နေကြတယ်။
အမှန် ရှိကို ဥာဏ်နဲ့သိရင်.,
၁။ ရုပ်အစု ဖေါက်ပြန်မှု သ ဘောသက် သက် ။
၂။ ဝေဒနာ အစု ခံစားမှု သ ဘော သက် သက်။
၃။ သညာအစု မှတ်သားမှု သ ဘောသက်သက်။
၎။ သင်္ခါရ အစု ကပုပြင် စီရင်မှု သ ဘောသက်သက်။
၅။ ဝိဥာဏ်အစု သိမှု သ ဘောသက်သက်။
ဆိုတဲ့ အစု ငါးမျိုး သ ဘောသဘာဝ သက်သက်မျှသာ
ရှိပါတယ်။ ဘုရားမပွင့်ရင် အရိယာသာဝက မဖြစ်နိုင်ဘူး။
အရိယာသာဝက မဖြစ် ရင် ခွေး သေ - သေ ။ ခွေးနေမှ
တပါး ဘာမှမရှိဘူးလို့ မှတ်။
အရှင် သာရိပုတ္တရာ မ ထေရ်က ဘဝသံသရာ တ လျောက်
မှာ မိမိရဲ့ဖြစ်စဉ်ကို ပြန်ကြည့်တော့ မဖြစ်ဘူးတဲ့ဘဝမျိုး
မရဘူးတဲ့ စည်းစိမ်မျိုးရယ်လို့ မရှိဘူး။ ဖြစ်ခဲ့ဘူးတဲ့ဘဝ
ရခဲ့ဘူးတဲ့စည်းစိမ် ချည်းပါဘဲလို့ ဟော တော်မူခဲ့တယ်။
ဒီတော့ သတ္တဝါ အားလုံးအဖို့ရာ ဘယ်အဖြစ်မှာမှ အဆန်း
မဟုတ်တော့ပါ။ ကမ္ဘာ့တံထွာ ဓမ္မတာ လက် ရိုး တရားပါဘဲ။
ဘာမ ဟုတ်တဲ့ ရုပ်အစု နာမ်အစု သင်္ခါရအစု စတဲ့ ဒုက္ခမှု
တွေမှာ နောက်ထပ် နစ်မွန်းချင် ကြ သေးရင် အခု ပြောတဲ့
ခွေးသေ - သေ။ ခွေး နေ - နေရုံမှအပ ဘာမျှမရှိတော့ပါဘူး။
မိမိသန္တာန် မှာ အမှန် ရှိတာက ရုပ်ဖြစ်ပျက် နာမ်ဖြစ်ပျက်
ဘဲ ရှိတယ်။ ဒီဖြစ်ပျက်ကို ဥာဏ်နဲ့ မြင် အောင် ရှု့ကြ။ မရှု့
ဘဲ နေရင် တဏှာဝင် မယ်။ ဒိဌိဝင်မယ်။ ရှု့နေ တော့ တဏှာ
ဒိဌိသေမယ်။ ဘာစိတ် ပေါ် ပေါ် ဖြစ်ပျက်သာရှု့။မလွတ်စေ
နဲ့။ လွတ်ရင် ကိ လေသာကြားဝင် လာမယ်။
စားချင် တဲ့စိတ်
အိပ်ချင် တဲ့စိတ် ဘုရားရှိခိုးချင် တဲ့စိတ် ပေါ်သမျှရှု့။ ကြပ်
ကြပ် ရှု့ရင် ဖြစ်ပြီး ပျက်သွားတာချည်း မြင် လာမယ်။
ဖြစ်ပျက် ကုန် အောင် လုပ်ကြ။ ကြိုးစားရှု့ရင် မကြာခင်
မုန်းလာမယ်။ မုန်းမှ ဆုံးပါမယ်။ အဲဒီအဆုံးမျိုး လေး ကြိမ်
ပြီးရင် ဖြစ်ပျက် ကုန် တော့တာပါ။
ဖြစ် ပျက် ကုန်ရင် ဥပါဒါန် ကုန်တယ်။ ဥပါဒါန် ကုန် ရင်
နောက် ခန္ဓာ မလာ တော့ပါ။ သတ္တဝါ မဖြစ် လာတော့ဘူး။
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိဥာဏ် ဆိုတဲ့ ခေါ် ဝေါ် ခြင်းက
လွတ်ပြီ။ လွတ်တာယာ နိဗ္ဗာန်ဘဲလို့ -
အဂ္ဂိ ဝစ္ဆပုဏ္ဏား ကို ဟော ပြော ဆုံးမ တော်မူခဲ့ပါတယ်။
ကိုယ့် အလုပ် မှန် မမှန် ခရီး ရောက် မ ရောက် သိချင်
ရင် " ဝိပဿနာ အစ ဖြစ်ပျက်အမြင်က အစ ဝိပဿနာ
အဆုံး ဖြစ်ပျက် မြင် အဆုံးမြင် မှ ဆုံးတယ် လို့မှတ်ကြ "
မိုးကုတ် ဆရာတော် ဘုရားကြီး ဟောတရားများမှ-
No comments:
Post a Comment