Pages

Thursday, April 17, 2014

*** လူလေးမျိုး ***

Photo: လူလေးမျိုး
-----------

၁။ လူတစ်ရာတွင် ငါးယောက်ခန့်သည် အနုလောမခန္တီခေါ် ခန္ဓာငါးပါးသည် အဝိဇ္ဇာ တဏှာ ကံကြောင့်ဖြစ်သည်။ တခြားအကြောင်းကြောင့် မဖြစ် စသောအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဥာဏ်၌ ကျက်စားသည်။

၂။ နောက်ငါးယောက်သည် ခန္ဓာငါးပါးအနိစ္စ ခန္ဓာငါးပါးဒုက္ခ ခန္ဓာငါးပါးအနတ္တ စသည်ဖြင့် ရှုပွားလျှက် ယထာဘူတဥာဏ်၌ ကျက်စားသည်။

၃။ လူတစ်ရာတွင် လေးဆယ်ငါးယောက်ခန့်သည် ရုပ်နာမ်နှစ်ပါးကို မပျက်မစီး အမြဲတည်သည်ဟု ယူဆသော သဿတဒိဋ္ဌိ၌ ကျက်စားသည်။ သဿတဒိဋ္ဌိသည် ဘဝကို တပ်မက်သော လောဘ တဏှာနှင့် ယှဉ်သောကြောင့် စွန့်လွတ်ရန် ခက်သည်။ ထို့ကြောင့် သဿတဒိဋ္ဌိသမားသည် မဂ်ဖိုလ်ကို အရနှေးသည်။

၎။ ကျန် လေးဆယ်ငါးယောက်က ရုပ်နာမ်နှစ်ပါးသည် သေလျှင်ပြတ်သည် ဘာမျှမဖြစ်တော့ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိ၌ ကျက်စားသည်။ ထိုဒိဋ္ဌိသည် ဒေါသနှင့်ယှဉ်၏။ အပြစ်ကြီး၏။ သို့သော် တရားသိလျှင် စွန့်လွတ်ရန် လွယ်ကူ၍ မဂ်ဖိုလ်ကို အရမြန်သည်။
--------------------------

မဇ္ဈိမနိကာယ် ဒီဃနခသုတ်အဖွင့်

(မေတ္တာရှင် ရွှေပြည်သာ)

ပေးရသောအချိန်နှင့် တန်သည့် …
အသိဥာဏ် အလင်းရောင်များ ရကြပါစေ………………။

လူလေးမျိုး

No comments:

Post a Comment