Pages

Sunday, April 20, 2014

**** သံသရာ နယ်ချဲ့တရား။ *****

Photo: သံသရာ နယ်ချဲ့တရား။
သံသရာ ကြီးထဲမှာ မွေးလိုက်
သေလိုက် ဖြစ်လိုက် ပျက်လိုက်
ဇာတိဖြစ်လိုက် မရဏ ရလိုက်
ဆိုတော့ သံသရာတစ်လျှောက်ဟာ...

အငိုတွေနဲ့ မလာကြဘူးလား။ 

အပူ အကွဲတွေနဲ့ မလာကြဘူးလား။
ဒုက္ခဆင်းရဲတွေနဲ့ မလာကြဘူးလား။
တွေးလိုက် ရင် ကြောက်စရာကောင်းတယ်နော်။

သို့သော်လည်း ပုထုဇဉ်
ဖြစ်သည့် အားလျော်စွာ
ရှည်ပြောလှတဲ့ သံသရာကြီးထဲက
မလွတ်နိုင်ကြဘူး။

ချမ်းသာရာမရပဲ အားလုံး
ကွဲကြတာ ချည်းပဲနော်။

ဘယ်လောက်ပဲ နှစ်သက်နှစ်သက်၊
ဘယ်လောက်ပဲ လောဘသက္ကာရကြီးကြီး၊
ဘယ်လောက်ပဲ ဖွေရှာ ဖွေရှာ၊
ဘဝတစ်ခုခုကို စွန့်ရတဲ့အခါ
အကုန်စွန့်ရတာ ချည်းပဲ မဟုတ်လား။

ဘဝရတာ တော်တော်အဖြစ်
ဆိုးလှတယ်လို့ တွေးစရာ မရှိဘူးလား။
မိမိတို့ရဲ့ တစ်ခုတည်းသောလမ်းက
အ သေသွားတဲ့လမ်းပဲ။ 

 

ခြေလှမ်းလှမ်းတိုင်း မိမိချခဲ့သော
ခြေလှမ်းနဲ့ဝေးဝေးပြီးတော့ သေခြင်းဟူသော
ပန်းတိုင် နဲ့ နီးနီးပြီးတော့မသွားဘူးလား။

ဘာကြောင့်ဘဝတွေ ထပ်ခါထပ်ခါ
ဖြစ်သလဲဆို အဲ့ဒါဟာ သံသရာကို
ချဲ့ထွင် တတ်တဲ့ တရားသုံးပါးကြောင့်။

 

မြတ်စွာဘုရားက
ဤရုပ်တရားသည်ကား ငါ၏ရုပ်တရားပင် ဟု...

ု`တဏှာ´အားဖြင့်လည်းကောင်း၊
`မာန´အားဖြင့်လည်းကောင်း၊
`ဒိဋ္ဌိ´ အားဖြင့်လည်းကောင်း

ဤသုံးပါးသည် သံသရာအား
ချဲ့ထွင်စေတတ်သောတရားလို့
ဟောခဲ့ပါတယ်။

 

ဤတရားသုံးပါး ဖြစ်တာဟာ
အမှန်မသိလို့ စွဲလမ်းခြင်း`တဏှာ´၊
ထောင် လွှားခြင်း`မာန´၊
အမြင် မှားခြင်း `ဒိဋ္ဌိ´တွေ
ဖြစ်လာတယ်နော်။ 

 

ဤသုံးပါးတွင် ဒိဋ္ဌိ အရင်ဖြုတ် ရတယ်။
ဒိဋ္ဌိ ဖြုတ်ပြီးမှ မာန ဖြုတ် ရတယ်။
မာနပြီးမှ တဏှာ ပယ် ရတယ်။

ဒိဋ္ဌိပြုတ် ရင် သောတာပန်၊
မာနပြုတ် ရင် အနာဂါမ်၊
တဏှာပြုတ် ရင် ရဟန္တာ ပေါ့။

တဏှာ၊မာန၊ ဒိဋ္ဌိ သုံးပါးလုံး
ပယ်သတ်သွားရင်
သံသရာ နယ်ချဲ့စရာ မရှိတော့ဘူးနော်။

ဓမ္မ ဂုဏ် ရည် တ ရား တော်။

Admin ...... ဂျာလေး
သံသရာ နယ်ချဲ့တရား။ 

သံသရာ ကြီးထဲမှာ မွေးလိုက်
သေလိုက် ဖြစ်လိုက် ပျက်လိုက်
ဇာတိဖြစ်လိုက် မရဏ ရလိုက်
ဆိုတော့ သံသရာတစ်လျှောက်ဟာ...

အငိုတွေနဲ့ မလာကြဘူးလား။ 


အပူ အကွဲတွေနဲ့ မလာကြဘူးလား။
ဒုက္ခဆင်းရဲတွေနဲ့ မလာကြဘူးလား။
တွေးလိုက် ရင် ကြောက်စရာကောင်းတယ်နော်။

သို့သော်လည်း ပုထုဇဉ်
ဖြစ်သည့် အားလျော်စွာ
ရှည်ပြောလှတဲ့ သံသရာကြီးထဲက
မလွတ်နိုင်ကြဘူး။

ချမ်းသာရာမရပဲ အားလုံး
ကွဲကြတာ ချည်းပဲနော်။


ဘယ်လောက်ပဲ နှစ်သက်နှစ်သက်၊
ဘယ်လောက်ပဲ လောဘသက္ကာရကြီးကြီး၊
ဘယ်လောက်ပဲ ဖွေရှာ ဖွေရှာ၊
ဘဝတစ်ခုခုကို စွန့်ရတဲ့အခါ
အကုန်စွန့်ရတာ ချည်းပဲ မဟုတ်လား။

ဘဝရတာ တော်တော်အဖြစ်
ဆိုးလှတယ်လို့ တွေးစရာ မရှိဘူးလား။
မိမိတို့ရဲ့ တစ်ခုတည်းသောလမ်းက
အ သေသွားတဲ့လမ်းပဲ။ 


ခြေလှမ်းလှမ်းတိုင်း မိမိချခဲ့သော
ခြေလှမ်းနဲ့ဝေးဝေးပြီးတော့ သေခြင်းဟူသော
ပန်းတိုင် နဲ့ နီးနီးပြီးတော့မသွားဘူးလား။

ဘာကြောင့်ဘဝတွေ ထပ်ခါထပ်ခါ
ဖြစ်သလဲဆို အဲ့ဒါဟာ သံသရာကို
ချဲ့ထွင် တတ်တဲ့ တရားသုံးပါးကြောင့်။


မြတ်စွာဘုရားက
ဤရုပ်တရားသည်ကား ငါ၏ရုပ်တရားပင် ဟု...

ု`တဏှာ´အားဖြင့်လည်းကောင်း၊
`မာန´အားဖြင့်လည်းကောင်း၊
`ဒိဋ္ဌိ´ အားဖြင့်လည်းကောင်း

ဤသုံးပါးသည် သံသရာအား
ချဲ့ထွင်စေတတ်သောတရားလို့
ဟောခဲ့ပါတယ်။


ဤတရားသုံးပါး ဖြစ်တာဟာ
အမှန်မသိလို့ စွဲလမ်းခြင်း`တဏှာ´၊
ထောင် လွှားခြင်း`မာန´၊
အမြင် မှားခြင်း `ဒိဋ္ဌိ´တွေ
ဖြစ်လာတယ်နော်။ 


ဤသုံးပါးတွင် ဒိဋ္ဌိ အရင်ဖြုတ် ရတယ်။
ဒိဋ္ဌိ ဖြုတ်ပြီးမှ မာန ဖြုတ် ရတယ်။
မာနပြီးမှ တဏှာ ပယ် ရတယ်။

ဒိဋ္ဌိပြုတ် ရင် သောတာပန်၊
မာနပြုတ် ရင် အနာဂါမ်၊
တဏှာပြုတ် ရင် ရဟန္တာ ပေါ့။

တဏှာ၊မာန၊ ဒိဋ္ဌိ သုံးပါးလုံး
ပယ်သတ်သွားရင်
သံသရာ နယ်ချဲ့စရာ မရှိတော့ဘူးနော်။


ဓမ္မ ဂုဏ် ရည် တ ရား တော်။

No comments:

Post a Comment