Pages

Sunday, April 20, 2014

" မေတ္တာ ဘာဝနာ "



" မေတ္တာ ဘာဝနာ "

သည်းခံခြင်း ရိုးသားခြင်း စကားချိုသာ
ခြင်း သိမ်မွေ့ခြင်း မာန်မာန ကင်းခြင်းတို့
သည် ငြိမ်းချမ်းမှုကိုအလိုရှိသော မိမိအ
ကျိုးစီးပွား၌ လိမ္မာသည့်လူ၏ တာဝန်ဝတ္တ
ရားများဖြစ်ကြသည်။



ငါတို့သည်တတ်သည့်လိမ္မာသည့်
သူများ အပြစ်တင်မည့် မည်သည့်သေးနုပ်
သိမ်ဖျင်းသည့် အလုပ်ကိုမျှ မပြုလုပ်သင့်
ပေ။ ကမ္ဘာလောကရှိ သတ္တဝါအားလုံး
ချမ်းသာစေရန် ဘေးကင်းစေရန် ရွှင်ပြုံး
စေရန် အလို့ငှာသာလျှင် ငါတို့သည် ပွား
များ ကျင့်ကြံ သင့်ပေသည်။


သွားလာနေသည့်သတ္တဝါဖြစ်စေ
ရပ်တည်နေသည့် သတ္တဝါဖြစ်စေ ကြီးသည့်သတ္တဝါဖြစ်စေ ငယ်သည့်သတ္တ
ဝါဖြစ်စေ မြင်ရသည့်သတ္တဝါဖြစ်စေ မမြင်
ရသည့်သတ္တဝါဖြစ်စေ ကျွန်ုပ်တို့၏အနီး၌
နေသည့် သတ္တဝါဖြစ်စေ ကျွန်ုပ်တို့၏အ
ဝေး၌နေသော သတ္တဝါဖြစ်စေ ကမ္ဘလော
က၌ ရှိရှိသမျှ သတ္တဝါအားလုံးသည် ရွှင်
လန်း ဝမ်းမြောက်ကြပါစေ။


ငါတို့သည် တစ်ဦးနှင့်တစ်ဦးကို
မလှည့်စားသင့်ပေ။ မည်သည့်နေရာမျှ
တစ်ဦးသည် အခြားတစ်ဦးကို မလေးမစား
မပြုသင့်ပေ။ ဒေါသစိတ်ထားဖြင့် အချင်း
ချင်း ဒုက္ခပေးလိုသည့် သဘောကို မထား
သင့်ပေ။


မိခင်သည် မိမိ၏တစ်ဦးတည်းသော
သားရင်သွေးကို အသက်စွန့်၍ပင် စောင့်
ရှောက်သကဲ့သို့ ထိုနည်းအတူပင် ငါတို့
သည် သတ္တဝါအားလုံး၏ အပေါ်၌ အပိုင်း
အခြားမရှိသည့် မေတ္တာတရားကို ထားသင့်
သည်။ 


ငါတို့သည်သတ္တဝါအားလုံးအတွက်
အထက်၌လည်းကောင်း အောက်၌လည်း
ကောင်း အရပ်လေးမျက်နှာ၌လည်း
ကောင်း ဒေါသမထား ရန်ငြိုးမထားဘဲ
အပိုင်းအခြားမဲ့သော မေတ္တာဘာဝနာ
တရားကို ပွားများအားထုတ်သင့်သည်။


ရပ်နေသည့်အခါ၌ဖြစ်စေ လမ်း
လျှောက်နေသည့်အခါ၌ဖြစ်စေ ထိုင်နေ
သည့်အခါ၌ဖြစ်စေ လျောင်းနေသည့်အခါ
၌ဖြစ်စေ အိပ်မပျော်သေးသည့် အချိန်ဟူ
သမျှ၌ ငါတို့သည် မေတ္တာဘာဝနာတရား
ကို မြဲမြံစွာ နှလုံးသွင်းသင့်သည်။


ဤအခြေအနေ ဤအမျိုးအစားမျိုး
ကို ဤလောက၌
ဗြဟ္မ-ဇီဝ (မြင့်မြတ်သော ဘဝ) ဟူ
၍ ခေါ်ဆိုလေသည်။


( မေတ္တသုတ် ကာလာမသုတ်)

No comments:

Post a Comment