
အရူးအသွင် ပုထုဇဉ်
*******************
* မကောင်းတာကိုလည်း မဆင်ခြင်
ကောင်းတာကိုလည်း မထင်မြင်
အရူးအသွင် ပုထုဇဉ်၊
ပျော်ရွှင်မဝ ရူးလုံးထ။
* မကောင်းတာကိုလည်း မရိပ်မိ
ကောင်းတာကိုလည်း သိပ်မသိ
ဒိဋ္ဌိအလို အမှားပို၊
အောက်ကိုဆွဲချ ပယ်လေးဝ
ကြောက်လည်း မကြောက်ကြ။
* မဟုတ်တာကိုလည်း မဆင်ခြင်
ဟုတ်တာကိုလည်း မထင်မြင်
အရူးအသွင် ပုထုဇဉ်၊
ပျော်ရွှင်မဝ ရူးလုံးဝ
ရှက်လည်း မရှက်ကြ။
* မဟုတ်တာကိုလည်း မရိပ်မိ
ဟုတ်တာကိုလည်း သိပ်မသိ
အရူးအသွင် ပုထုဇဉ်၊
ပျော်ရွှင်မဝ ရူးလုံးထ
ရှက်လည်း မရှက်ကြ။
သဲအင်းဂူ ဆရာတော်ဘုရားကြီး
No comments:
Post a Comment