Pages

Friday, April 25, 2014

“ အလောင်းတော် သိဒ္ဓတ္ထရဲ့ကတိစကား ''



“ အလောင်းတော် သိဒ္ဓတ္ထရဲ့ကတိစကား ''
★★★★★★★★★★★★★★★★★★

အားလုံးထက် အစွန့်ရခက်တဲ့ အပယ်မိဖုရား၊
သတ္တ၀ါအားလုံးကို ချစ်သမို့ ငါဟာ
မင်းကိုအချစ်ဆုံးဖြစ်တယ်ဆိုတာ သိပါ၊

ပူဆွေးစရာ ကြုံရင်

" ငါတို့ အခု ပူဆွေးရခြင်းဟာ
ကမ္ဘာပေါ်မှာငြိမ်းအေးဖို့အတွက် မျှော်လင့်ချက်ပဲ၊
သောကကြောင့် ကျရတဲ့ မျက်ရည်တွေဟာ
လောကရဲ့ မျက်ရည်တွေကို ဆေးကြောပေးမဲ့
ကမ္ဘာပြုမိုးကြီးဖြစ်လာမယ် "
လို့ ယုံကြည်ပြီး မင်း ဖြေတော့။


ကမ္ဘာကြီးမျက်ရည်စဲပြီး
ငိုပွဲရပ်တဲ့အခါမှာ
အချစ်ဆုံးများဟာ
ရှေ့ဆုံးက ပါကြမယ်" လို့ ဖျောင်းဖျပါသတဲ့။


"ဒီနေ့…..ချစ်သူတို့ ကျရတဲ့မျက်ရည်ဟာ
နောက်တော့ တစ်လောကလုံးရဲ့ မျက်ရည်တွေကို
ဆေးကြောပေးနိုင်တဲ့ ကမ္ဘာပြုမိုးကြီး ဖြစ်စေ့မယ်"
လို့ ကတိပေးလိုက်တဲ့ သဘောပါပဲ။


ငွေကို လိုချင်သူဟာ
ငွေကို စွန့်လွှတ် ရင်းနှီး မြှုပ်နှံရသလို
မျက်ရည်စဲစေမဲ့ တရားကို ရှာဖွေဖို့အတွက်
မျက်ရည်တွေကို
စွန့်ပစ် ရင်းနှီး မြှုပ်နှံခဲ့ပြီး တောထွက်ခဲ့တာပါ။
အချစ်စစ်(မေတ္တာ)ကို ပြဖို့အတွက်
အချစ်တုကို ခွဲခွာခဲ့တာလို့ပဲ ဆိုရမှာပေါ့။


{ဓမ္မဘေရီ အရှင်ဝီရိယ၊ တောင်စွန်း ရဲ့
(အငိုရပ်အောင်ချစ်တတ်သူ)}

No comments:

Post a Comment