Pages

Sunday, May 18, 2014

#### တစ်ယောက်တည်း နေတဲ့သူ ####

 

တစ်ယောက်တည်း နေတဲ့သူ
***********************

တစ်ယောက်တည်းနေတတ်တဲ့
အလေ့အကျင့်ရှိတဲ့သူဟာ
ချစ်တဲ့သူနဲ့လည်း
မရောနှော။



မုန်းတဲ့သူနဲ့လည်း
မရောနှောတဲ့အတွက်
ချစ်တဲ့သူကြောင့်လည်း
စိတ်မဆင်းရဲရ၊
မုန်းတဲ့သူကြောင့်လည်း
စိတ်မဆင်းရဲရတော့ဘဲ
စိတ်ချမ်းသာချင်တိုင်း
ချမ်းသာနေပါတယ်။


တစ်ယောက်တည်း
နေတဲ့သူဆိုတာ
မချစ်တတ်၊ မမုန်းတတ်တဲ့သူ
ဖြစ်ရသလို
မချစ်တတ်၊ မမုန်းတတ်တဲ့သူ
ဖြစ်မှလည်း
တစ်ယောက်တည်းနေတဲ့သူလို့
ခေါ်နိုင်ပါတယ်။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment