Pages

Sunday, May 18, 2014

#### ဓမ္မကိုဖြန့်ဝေပါ ####

 

ဓမ္မကိုဖြန့်ဝေပါ
*************

အများအကျိုး
ရွက်ဆောင်သယ်ပိုးခြင်းသည်
ဓမ္မလမ်းကြောင်းအတိုင်း
လျှောက်လှမ်းခြင်း ဖြစ်သည်။



အများအကျိုး
ရွက်ဆောင်သယ်ပိုးရာ၌
အများ၏ လိုအပ်ချက်ကို
ဖြည့်တင်းခြင်းသည် မွန်မြတ်၏။


ထိုတွင် ဓမ္မကို
ဖြန့်ဝေပေးလှူခြင်းက
ထိုထက်ပို၍မွန်မြတ်သည်။

အများကို ကြင်နာထားကာ
ယဉ်ကျေးပျူငှါစွာ
ဆက်ဆံပြောဆိုခြင်းသည်
မွန်မြတ်၏။


ထိုတွင် ဓမ္မကို
ရှင်လင်းပြောဆိုခြင်းက
ထိုထက်ပို၍ မွန်မြတ်၏။

အများအတွက်
ကောင်းကျိုးချမ်းသာဖြစ်ထွန်းအောင်
ဆောင်ရွက်ပေးခြင်းသည်
မွန်မြတ်၏။


ထိုတွင် ကိုယ်ကျင့်တရား
မြင့်မားအောင်၊
အသိဉာဏ်ဖွံ့ဖြိုးအောင်
ဆောင်ရွက်ပေးခြင်းက
ထိုထက် ပို၍
မွန်မြတ်၏။

အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment