Pages

Sunday, May 18, 2014

****** အပါယ်မကျနိုင် ******


 
 
အပါယ်မကျနိုင်
*************

ဘုရားကို
သြကာသ၊ သြကာသနှင့်
ရှိခိုးနေလို့ မပြီးသေးဘူး။

ဘုရားဂုဏ်တော်တွေကို
တစ်ပါးပြီးတစ်ပါးလေ့လာပါ။
မြန်မြန် မလေ့လာပါနှင့်။
နှစ်ပေါင်းများစွာ ကြာချင်ကြာပါစေ။

တစ်ပါးပြီးတစ်ပါး လေ့လာလို့
သဘောကျတဲ့ ဂုဏ်တော်တွေကို
ထပ်ခါထပ်ခါ အာရုံပြုပြီးတော့
ရှိခိုးတဲ့အခါ အာရုံယူ၊
အဲဒါ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပဲ။
သြကာသ၊ သြကာသတင်
လုပ်မနေပါနဲ့။

ပြီးတော့မှ အားလုံး
အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့
ဝိပဿနာ ရှုပါ။
တစ်မိနစ်လောက် နေပါ။
အချိန်အကြာကြီး မဟုတ်ပါဘူး။
အဲဒီလိုနေပါ။

ငါးပါးသီလ လုံတယ်၊
ဘုရား တရား သံဃ
ဂုဏ်တော်တွေကို သိတယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ရှုတယ်။
ဒီလိုဆိုရင် အပါယ်မကျဘူး။
ရဲရဲတင်းတင်းသာ နေ၊
အပါယ်မကျဘူး။

အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး

No comments:

Post a Comment