Pages

Sunday, May 18, 2014

****** အားလုံးအတွက် အမောပြေဆေး ******



 
အားလုံးအတွက်
**************
အမောပြေဆေး
*************

ဝိပဿနာ ခရီးကို
လျှောက်လှမ်းနေတဲ့
ဝိပဿနာ ယောဂီဟာ
စိတ်မသက်မသာ
ပင်ပန်းတိုင်း......၊

စိတ်မကြည်မလင်
နောက်ကျူတိုင်း.....၊
စိတ်မအေးမချမ်း
ပူလောင်တိုင်း.....၊
`ဗုဒ္ဓါနုဿတိ´၊ မေတ္တာဆိုတဲ့
အမောပြေ ကြံရည်ကို
သောက်သောက်သွားမယ်ဆိုရင်..

နိဗ္ဗာန်ဆိုတဲ့
ခရီးဆုံးပန်းတိုင်ကို
မပင်မပန်း ချမ်းချမ်းသာသာနဲ့
ဆိုက်ရောက်သွားနိုင်ပါတယ်....။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment