Pages

Wednesday, June 18, 2014

မိမိအကျိုး အများအကျိုး နှစ်ခုစလုံး လုပ်ပါ

Photo: မိမိအကျိုး အများအကျိုး 
=============
နှစ်ခုစလုံး လုပ်ပါ
==========

   ဘဝကို ပြည့်ပြည့်စုံစုံ ကျေကျေ

နပ်နပ်ဖွံ့ဖွံ့ဖြိုးဖြိုးနေချင်တယ်ဆိုရင်

ကိုယ့်အကျိုးကိုလည်း အတတ်နိုင်

ဆုံး အများဆုံးလုပ်ရမှာနော်။ အ

များအကျိုးကိုလည်း အတတ်နိုင်

ဆုံး အများဆုံးလုပ်ရမယ်။  ဒီနှစ်ခု

စလုံး မပါလို့မရဘူး။

   လောကရဲ့ အကျိုး/ ဆွေမျိုးညာ

တိတွေရဲ့အကျိုး/ မိမိအကျိုး သုံးခု

စလုံးကို လုပ်သွားတာ ဘယ်သူလဲ။

မြတ်စွာဘုရားနော်။ ဘယ်သုတ်ထဲ

မှာပါလဲ။ 

   ''လောကတ္ထစရိယံ ဥာတတ္ထစရိ

ယံ ဗုဒ္ဓတ္ထစရိယန္တိ''  ရတနာ့သုတ်

ထဲမှာ ပါတယ်နော်။ 

   အဲဒါလည်း အတုယူစရာပဲ။ ငါ့

အကျိုးကိုချည်းသက်သက် လုပ်လို့

မဖြစ်ဘူး။ ဆွေမျိုးတွေကော ပစ်

ထားလို့ ရမလားဆိုတော့ မရပါဘူး

နော်။ အဲဒီတော့ ဆွေမျိုးတွေရဲ့ အ

ကျိုးကိုလည်း လုပ်ရဦးမယ်။ ဒါနဲ့

ပြည့်စုံပြီလားဆိုတော့မပြည့်စုံသေး

ဘူး။ အများအကျိုးကိုလည်း လုပ်ရ

ဦးမယ်။

   ဒါကြောင့် တချို့တပည့်တွေကို

ဘုန်းကြီး ငယ်ငယ်ထဲကသင်ပေး

တယ်။နောင်မှလုပ်ရမှာ မဟုတ်ဘူး

အခုလုပ်ရမှာ။ ကိုယ့်မိတ်ဆွေ သူ

ငယ်ချင်းအပေါင်းအသင်းတွေရဲ့ အ

ကျိုးကိုနဲနဲဖြစ်ဖြစ်လုပ်ရမယ်။ကိုယ်

နဲ့မသိ ဘာမှမတော်တဲ့လူ လမ်းပေါ်

မှာ တွေ့တဲ့လူဖြစ်ဖြစ် သူ့မှာ အ

ခက်အခဲ ရှိလို့ ကိုယ်ကနဲနဲဖြစ်ဖြစ်

ကူညီနိုင်မယ်ဆိုရင် ကူညီခဲ့ပါ။ ဒါ

လုပ်ကိုလုပ်ရမယ်။ မလုပ်လို့မဖြစ်

ဘူး။

   ငါဒီလောကကြီးမှာ နေတယ်။ ဒီ

လောကကြီးနဲ့ ဆက်စပ်နေတယ်။ 

လောကကြီးမှာ ဖြစ်နေသမျှကိစ္စ

တွေ အခက်အခဲတွေကို ငါကတတ်

နိုင်ရက်နဲ့ မလုပ်ဘဲနေရင် ငါတာ

ဝန်မကျေတဲ့သူဖြစ်သွားပြီ။ မတတ်

နိုင်လို့ မလုပ်တာတော့ ရှိပစေပေါ့။

တတ်နိုင်ရက်နဲ့မသိဟန်ဆောင်တာ

မျိုး မလုပ်ရဘူး။

   ဘုန်းကြီးကားနဲ့သွားရင် လမ်းမှာ

ကား  accident ဖြစ်တာတွေ့ရင်

ကားမောင်းတဲ့တပည့်ကိုရပ်ခိုင်းပြီး

သွားကြည့်တယ်။ အနည်းဆုံးတော့

ဘာဖြစ်သွားသလဲလို့ မေးလိုက်

မယ်။ မေတ္တာဖြစ်ဖြစ်ပေးမယ်နော်။

တခါတလေကျတော့ ပိုက်ဆံလို

မယ်ထင်ရင် တပည့်တွေကို ''ပိုက်

ဆံရှိလား။ ရှိရင်ပေးလိုက်ပါ။ သူအ

ခက်အခဲရှိနေပြီ။သူဒဏ်ရာရတယ်။့ 
ဆေးရုံကို သွားရမယ်'' ပိုက်ဆံပေး

လိုက်တယ်။ ကိုယ့်မှာဆေးပါရင် 

ဆေးပေးမယ်နော်။အကယ်၍ကိုယ်

ကိုယ်တိုင် သူ့ကိုခေါ်သွားမှဖြစ်မယ်

ဆိုရင် ခေါ်သွားမယ်။ တစ်ခုခုတော့

လုပ်ပေးမှဖြစ်မယ်။ မလုပ်လို့မဖြစ်

ဘူး။ငါနဲ့မဆိုင်ဘူးဆိုပြီးသွားလိုက် 

ရင်ငါအဆင့်အတန်းတော်တော်နိမ့် 
တဲ့သူ ဖြစ်သွားတော့မှာ။ အဲဒီလို 

လူမျိုးဖြစ်ချင်သလား။  မဖြစ်ချင်

ဘူး။ အဲဒီတော့ ဘာလုပ်မလဲ။

တတ်နိုင်တဲ့ အကူအညီပေးရမယ်။

ငါဟာ လုပ်သင့်တာ တစ်ခုကို လုပ်

ခဲ့ပြီ။ လုပ်သင့်တာတစ်ခုကို ငါလုပ်

နိုင်ရက်နဲ့ မလုပ်ခဲ့ပါလားလို့ တွေး

နေမိရင် မကောင်းဘူး။ မတွေးမိ

အောင်မေ့ဟန်ဆောင်ထားလည်းမ

ကောင်းဘူး။ 

 •••ပညာရေးမှာ လူလူချင်းကူညီ

တတ်ဖို့ဆိုတာပါရမယ်။ ဘုန်းကြီး

တို့ ငယ်ငယ်က ကျောင်းကတချို့

ဆရာတွေက လမ်းမှာ အခက်အခဲ

ရှိတဲ့လူတွေ့ရင် ကူညီပေးရမယ်လို့

သင်ပေးကြတယ်။ ကိုယ့်ရပ်ကွက်

ထဲမှာ လူမှုရေးကိစ္စတွေ သာရေး

နာရေးကိစ္စတွေ ရှိတဲ့အခါ ကိုယ်

တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းပြီးလုပ်

ရမယ်။ ဒါလည်းပညာရေးနော်။ 

   လူ့အသိုင်းအဝိုင်းမှာ အားလုံးအ

တွက်အဆင်ပြေဖို့ကို ရည်ရွယ်ချက်

ထားမှသာ ပညာရေးဟာ အဓိပ္ပါယ်

ရှိမယ်။

#################

••ဆရာတော်ဦးဇောတိက

''အသက်ရှင်နေလျက် ဘဝသေ 

နေသူ'' မှ
်

မိမိအကျိုး အများအကျိုး
=============
နှစ်ခုစလုံး လုပ်ပါ

==========

ဘဝကို ပြည့်ပြည့်စုံစုံ ကျေကျေ

နပ်နပ်ဖွံ့ဖွံ့ဖြိုးဖြိုးနေချင်တယ်ဆိုရင်

ကိုယ့်အကျိုးကိုလည်း အတတ်နိုင်

ဆုံး အများဆုံးလုပ်ရမှာနော်။

 
အများအကျိုးကိုလည်း အတတ်နိုင်

ဆုံး အများဆုံးလုပ်ရမယ်။ ဒီနှစ်ခု

စလုံး မပါလို့မရဘူး။

လောကရဲ့ အကျိုး/ ဆွေမျိုးညာ

တိတွေရဲ့အကျိုး/ မိမိအကျိုး သုံးခု

စလုံးကို လုပ်သွားတာ ဘယ်သူလဲ။

မြတ်စွာဘုရားနော်။ ဘယ်သုတ်ထဲ

မှာပါလဲ။

''လောကတ္ထစရိယံ ဥာတတ္ထစရိ

ယံ ဗုဒ္ဓတ္ထစရိယန္တိ'' ရတနာ့သုတ်

ထဲမှာ ပါတယ်နော်။

အဲဒါလည်း အတုယူစရာပဲ။ ငါ့

အကျိုးကိုချည်းသက်သက် လုပ်လို့

မဖြစ်ဘူး။ ဆွေမျိုးတွေကော ပစ်

ထားလို့ ရမလားဆိုတော့ မရပါဘူး

နော်။ အဲဒီတော့ ဆွေမျိုးတွေရဲ့ အ

ကျိုးကိုလည်း လုပ်ရဦးမယ်။ ဒါနဲ့

ပြည့်စုံပြီလားဆိုတော့မပြည့်စုံသေး

ဘူး။ အများအကျိုးကိုလည်း လုပ်ရ

ဦးမယ်။

ဒါကြောင့် တချို့တပည့်တွေကို

ဘုန်းကြီး ငယ်ငယ်ထဲကသင်ပေး

တယ်။နောင်မှလုပ်ရမှာ မဟုတ်ဘူး

အခုလုပ်ရမှာ။ ကိုယ့်မိတ်ဆွေ သူ

ငယ်ချင်းအပေါင်းအသင်းတွေရဲ့ အ

ကျိုးကိုနဲနဲဖြစ်ဖြစ်လုပ်ရမယ်။ကိုယ်

နဲ့မသိ ဘာမှမတော်တဲ့လူ လမ်းပေါ်

မှာ တွေ့တဲ့လူဖြစ်ဖြစ် သူ့မှာ အ

ခက်အခဲ ရှိလို့ ကိုယ်ကနဲနဲဖြစ်ဖြစ်

ကူညီနိုင်မယ်ဆိုရင် ကူညီခဲ့ပါ။ ဒါ

လုပ်ကိုလုပ်ရမယ်။ မလုပ်လို့မဖြစ်

ဘူး။

ငါဒီလောကကြီးမှာ နေတယ်။ ဒီ

လောကကြီးနဲ့ ဆက်စပ်နေတယ်။

လောကကြီးမှာ ဖြစ်နေသမျှကိစ္စ

တွေ အခက်အခဲတွေကို ငါကတတ်

နိုင်ရက်နဲ့ မလုပ်ဘဲနေရင် ငါတာ

ဝန်မကျေတဲ့သူဖြစ်သွားပြီ။ မတတ်

နိုင်လို့ မလုပ်တာတော့ ရှိပစေပေါ့။

တတ်နိုင်ရက်နဲ့မသိဟန်ဆောင်တာ

မျိုး မလုပ်ရဘူး။

ဘုန်းကြီးကားနဲ့သွားရင် လမ်းမှာ

ကား accident ဖြစ်တာတွေ့ရင်

ကားမောင်းတဲ့တပည့်ကိုရပ်ခိုင်းပြီး

သွားကြည့်တယ်။ အနည်းဆုံးတော့

ဘာဖြစ်သွားသလဲလို့ မေးလိုက်

မယ်။ မေတ္တာဖြစ်ဖြစ်ပေးမယ်နော်။

တခါတလေကျတော့ ပိုက်ဆံလို

မယ်ထင်ရင် တပည့်တွေကို ''ပိုက်

ဆံရှိလား။ ရှိရင်ပေးလိုက်ပါ။ သူအ

ခက်အခဲရှိနေပြီ။သူဒဏ်ရာရတယ်။့ 
ဆေးရုံကို သွားရမယ်'' ပိုက်ဆံပေး

လိုက်တယ်။ ကိုယ့်မှာဆေးပါရင်

ဆေးပေးမယ်နော်။အကယ်၍ကိုယ်

ကိုယ်တိုင် သူ့ကိုခေါ်သွားမှဖြစ်မယ်

ဆိုရင် ခေါ်သွားမယ်။ တစ်ခုခုတော့

လုပ်ပေးမှဖြစ်မယ်။ မလုပ်လို့မဖြစ်

ဘူး။ငါနဲ့မဆိုင်ဘူးဆိုပြီးသွားလိုက်

ရင်ငါအဆင့်အတန်းတော်တော်နိမ့်
တဲ့သူ ဖြစ်သွားတော့မှာ။ အဲဒီလို

လူမျိုးဖြစ်ချင်သလား။ မဖြစ်ချင်

ဘူး။ အဲဒီတော့ ဘာလုပ်မလဲ။

တတ်နိုင်တဲ့ အကူအညီပေးရမယ်။

ငါဟာ လုပ်သင့်တာ တစ်ခုကို လုပ်

ခဲ့ပြီ။ လုပ်သင့်တာတစ်ခုကို ငါလုပ်

နိုင်ရက်နဲ့ မလုပ်ခဲ့ပါလားလို့ တွေး

နေမိရင် မကောင်းဘူး။ မတွေးမိ

အောင်မေ့ဟန်ဆောင်ထားလည်းမ

ကောင်းဘူး။

•••ပညာရေးမှာ လူလူချင်းကူညီ

တတ်ဖို့ဆိုတာပါရမယ်။ ဘုန်းကြီး

တို့ ငယ်ငယ်က ကျောင်းကတချို့

ဆရာတွေက လမ်းမှာ အခက်အခဲ

ရှိတဲ့လူတွေ့ရင် ကူညီပေးရမယ်လို့

သင်ပေးကြတယ်။ ကိုယ့်ရပ်ကွက်

ထဲမှာ လူမှုရေးကိစ္စတွေ သာရေး

နာရေးကိစ္စတွေ ရှိတဲ့အခါ ကိုယ်

တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းပြီးလုပ်

ရမယ်။ ဒါလည်းပညာရေးနော်။

လူ့အသိုင်းအဝိုင်းမှာ အားလုံးအ

တွက်အဆင်ပြေဖို့ကို ရည်ရွယ်ချက်

ထားမှသာ ပညာရေးဟာ အဓိပ္ပါယ်

ရှိမယ်။

#################

••ဆရာတော်ဦးဇောတိက

''အသက်ရှင်နေလျက် ဘဝသေ

နေသူ'' မှ

No comments:

Post a Comment