Pages

Tuesday, July 1, 2014

သံဝေဂလေးချိုးကြီး

 


သံဝေဂလေးချိုးကြီး 

၁...။ မိုက်မလင်းနိုင်လို့ ၊ မြိုက်ခင်းညာစီမှာ ၊ ခါတော်မှီ
သီမဝေ့နိုင်ဘု ၊ ဒီကွေ့တွင် နေကုန်မျောပြန်ရ ၊
အတော ဘယ်မသတ်နိုင်တဲ့ ၊ ရဟတ်ဘွေ...။



၂...။ ငါးရက်ကယ်စုံညီ ၊ ဒုလ္လဘီဝယ် ၊ ကြုံမှီခုခေတ် ၊
မြန်ခင်းဇမ္ဗူ ၊ မှန်ကင်းငယ်ထူ ၊ လူ့ထက်လူဖြစ်ပါလျက် ၊
အနှစ်ကယ်မနွယ် ၊ အာကာတောမှာ ဗျာစောကြွယ်လို့ ၊
အကယ်ယောင်ယောင် ၊ အမြင်မဖြောင့် ၊ အဥာဉ်ထောင့် ၊
မှောင်ထက်မှောင် ၊ သန်းခေါင်လမိုက် ၊ မိုးတိမ်မြှေးတဲ့
မီးသွေးတိုက်မှာ ၊ အလိုက်ကယ်ဘာသာ ၊
အမြင့်မငွေ့ ၊ အထင်ရွေ့နှင့်သာ ၊ အလေ့ရှာလျက် ၊
အခါနာရီ ၊ ရွေ့ရွေ့ငယ်ချီ ၊ တိထီဆန်းဆုတ် ၊
ရတုအစဉ် ၊ လုလုငယ်နှင့် ၊ အတွင်ချုပ်လို့ ၊
သုတ်သုတ်ကယ်ရက်ရေ ၊ ဇရာလက်မှာ ၊
အသက်သာကြွေတော့တယ် ၊
အသေသတ်လက်မရွံ့ကို ၊
အသက်ခွန်ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့် ၊
ခန္ဓာရုံ မြုံပြတီးဆီက ၊ အငြီးဖြေကာစောင့်ရှာကြ ၊
စိုးနှေင့်သင်္ချေ...။


၃...။ သို့ပါမူလဲ ၊ ပူနွယ်ဆွေးနွယ် ၊ အရေးကျယ်တွေကို ၊
အေးဖွယ်ထင်မှတ် ၊ အစ မမြင် ၊
ဘဝလျဉ် အစဉ်ငတ်ဟာမို့ ၊ မသတ်ကယ်အာသာ ၊
အာရုံဓမ္မ ၊ ပြာပုံမွမှာ ၊ ရသရှာလျက် ၊ ငါတလူလူ ၊
ပမာမူ ရွာသူတို့ဝက် ၊ အစားများထူ ၊ အသားလူ ၊
ဆူလေလောက်ပါလျက် ၊ ရမ္မက်ကယ်မာန်ဝင် ၊
သူ့အသင်းမှာ သူမင်းဘဲထင်လိုက်လို့ ၊ ရွှင်နိုင်မျှ
ဝက်ဏ္ဍာန်လို ၊ အချက်မှန်ပေါ်မလင်းစေဖို့ ၊
ဖော်သင်းရွေ မိတ်သင်ယှက်သည့်ပြင် ၊
ခင်မင်ဖွယ်အရံပ ၊ မာန်တဂုဏ်ဟန်ပုံနှင့်ဖုံးရှာကြ ၊
ရှုံးပလေ ထုံးမြေပြာစု မိတ်တွေမို့...။


၎...။ ငါတလုံနှယ် ၊ အနှုန်းငယ်ကျယ်သည့် ၊ သုံးသွယ်
မြုံသိုက် ၊ ဘုံတလှိုက်မှာ ၊ တုန်ရိုက်ကယ်ဆူညံ ၊
မြူမချန် ၊ ပူလျှံတောက်ညီး ၊ အမြဲစတေ ၊
မစဲချွေအသေမီးတဲ့ ၊ အပြီးငယ်ကုန်ခင် ၊ ဘုံတစ်ခွင်ကို ၊
အတွင်းလောက်မြိုက် ၊ အပြောင်တိုက်လို့ ၊
အမိုက်ကယ်ဝဋ်နွယ် ၊ အဖြစ်မစဲ ၊ သစ်သစ်လဲ ၊
သဲသဲကြွယ်သည် ၊ အကယ်မလောက ၊
သူကသာမောက်တော့ ၊ နောက်နောက်ကမ္ဘာ
ဖန်ဖန်လာလဲ ၊ အစာသူ့တွင် ၊ တစ်ခုသာဝင်ကြရ ၊
သင်္ခတရုပ်နာမ်ငယ် ၊ အဟုတ်ဥာဏ်မတင်စီးနိုင်ဘု ၊
သည်မီးတာ ဘယ်တကိန်းမှာမှ ၊ ငြိမ်းပါမယ်လို့...။


အမိုက်မခြွေ ဆုံးမစာ 

ဆိုပိမ့်မညှာ ၊ စေ့စေ့နာလော့ ၊

ဂင်္ဂါသဲမျှ ၊ ပွင့်ကုန်ကြသား ၊ ဘုရားသာသနာ ၊


ခေတ်အခါဝယ် ၊ လူ့ရွာနတ်၌ ၊ နင်ကြုံကြိုက်လည်း ၊


အမိုက်မခြွေ ၊ အလိုက်နေ၍ ၊ အခြေမကြီး ၊


အချည်းနှီးလျှင် ၊ ယီးတီးယောက်တောင် ၊


ခုအောင်တိုင်တည့် ၊ သန်းခေါင်လကွယ် ၊


တောအုပ်လယ်၌ ၊ ရှစ်နယ်ပတ်ကုံး ၊ အပြည့်ဖုံးသည် ၊


မိုးလုံးတိမ်တိုက် ၊ လျှပ်မကြိုက်သား ၊ အမိုက်အပြား ၊


အင်လေးပါးထက် ၊ နင်ကားရာထောင် ၊


မကမှောင်၏ ၊ လူ့ဘောင် လူ့ရွာ ၊ သာသနာ၌ ၊


ကြမ္မာတော်၍ ၊ ယခုတွေ့လည်း ၊ အလေ့မလွဲ ၊


အများနဲလျှင် ၊ မိုက်မြဲနှင်နှင် ၊ မိုက်စရွှင်၏ ၊


မျက်မြင်လောက ၊ ဤဘဝကား ၊


ဒုက္ခစင်းစင်း ၊ ချမ်းသာကင်း၏ ၊


သေမင်းအစာ ၊ နင့်ခန္ဓာကို ၊


တဏှာဘီလူး ၊ အမှောင့်ပူး၍ ၊ အရူးပြင်ပြင် ၊


နင့်ကိုယ်ထင်၏ ၊ နင်နှင့်မဆိုင် ၊ နင်ပိုင်မဟုတ် ၊


နင့်ရုပ်နင့်နာမ် ၊ နင့်သန္တာန်ကို ၊ နင့်ဥာဏ်မစူး ၊


အပေါ်ဖြူး၍ ၊ မူးမူးမေ့မေ့ ၊ အများလေ့ဖြင့် ၊


နေ့ရက်အပုံ ၊ လွန်ခဲ့တုံပြီ ၊


အာရုံဝတ္ထု ၊ မီးစာစုကို ၊ မူမူရရ ၊ နင်အားကျလည်း ၊


ဓားပြသေမင်း ၊ သူ့တပ်နင်းက ၊ မငြင်းဆန်သာ ၊


နင့်ခန္တာသည် ၊ ပြာပုံအပြီး ၊ ဖြစ်လုနီးပြီ ၊


ယီးတီးယားတား ၊ သေ၍သွားလည်း ၊


တရားမကြွယ် ၊ အထုပ်ငယ်လျက် ၊


အပါယ်စခန်း ၊ သွားမြဲလမ်း၌ ၊


တပန်းဟိုက်ဟိုက် ၊ တစ်ရှိုက်ငင်ငင် ၊ တငြင်ငြို


ဆင်းရဲပိုလျက် ၊ ထိုထိုဘဝ ၊ အနန္တာလျှင် ၊


အစမဆုံး ၊ အများတုံးတည့် ၊


အနှုန်းမပျက် ၊ အောက်နရက်ဝယ် ၊


တဘက်နွယ်နွယ် ၊ အမြစ်တွယ်သို့ ၊


အပါယ်ထိုထို ၊ ဥဒဟိုသည် ၊


နင်လိုလူမိုက် သွားလမ်းတည်း....။


   ကျေးဇူးရှင် ပဋ္ဌမလယ်တီဆရာတော်ဘုရားကြီး

ဒီနေရာမှ ပြန်လည်မျှဝေသည်...။ 

No comments:

Post a Comment