{{{ အားတော်(၁၀)ပါး၊ မြတ်ဘုရား၊ တိုးပွားကြည်ညိုလေး }}}
ဘုရားရှင်တို့၏ အားတော်(၁၀)ပါး
ဘုရားရှင်တို့၏ အားတော်(၁၀)ပါး
ဘုရားရှင်တို့၏ အားတော်များကို ဆင်တို့၏ အားများနှင့်သာ နှိုင်းယှဉ်ပြကြပေသည်။
(၁) ပကတိလူ ၁၀-ယောက်၏ အားသည် ကာဠာဝက မည်သော ဆင်မဲ တစ်ကောင်၏ အားနှင့်ညီမျှ၏။
(၂ ) ကာဠာဝကဆင် ၁၀-ကောင်၏အားသည် ဂင်္ဂေယျဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၃ ) ဂင်္ဂေယျဆင် ၁၀-ကောင်၏အားသည် ဖျော့တော့သော အဆင်းရှိသည့် ပဏ္ဍရဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၄) ပဏ္ဍရဆင် ၁၀-ကောင်၏အားသည် ကြေးနီရောင်အဆင်းရှိသည့် တမ္ဗဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၅ ) တမ္ဗဆင် ၁၀-ကောင်၏အားသည် ကြောင်သောအဆင်းရှိသည့် ပိင်္ဂလဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၆ ) ပိင်္ဂလဆင် ၁၀-ကောင်၏အားသည် အနံ့မွှေးသော ဂန္ဓဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၇) ဂန္ဓဆင် ၁၀-ကောင်၏အားသည် တင့်တယ်စွာသွားတတ်သော မင်္ဂလဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၈ ) မင်္ဂလဆင် ၁၀-ကောင်၏အားသည် ရွှေရောင်အဆင်းရှိသော ဟေမဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၉) ဟေမဆင် ၁၀-ကောင်၏အားသည် ကောင်းကင်ပျံ ဆင်ဖြူမျိုးဖြစ်သော ဥပေါသထဆင် တစ်ကောင်၏အားနှင့် ညီမျှ၏။
(၁၀) ဥပေါသထဆင် ၁၀-ကောင်၏အားသည် အစွယ်မှ အရောင်ခြောက်မျိုးထွက်သော ဆဒ္ဒန်ဆင်ဖြူတော် တစ်ကောင်၏အားနှင့် ညီမျှ၏။
…….မြတ်ဗုဒ္ဓ၏အားတော်ကား ထိုဆဒ္ဒန်ဆင် ၁၀-စီးအား ရှိတော်မူ၏။
ကာဠ၀ကဆင်၏ အားနှင့် နှိုင်းယှဉ်ဖော်ပြရလျှင် မြတ်ဗုဒ္ဓ၏အားတော်သည် ကာဠာဝကဆင် ကုဋေတစ်ထောင်၏ အားနှင့်ညီမျှလေသည်။ ပကတိလူတို့အားနှင့် နှိုင်းယှဉ်ဖော်ပြရလျှင်မူ ပကတိလူပေါင်း ကုဋေတစ်သောင်း၏ အားနှင့် ညီမျှကြောင်း သိရှိမှတ်သားနိုင်ပေသည်။
မြတ်ဗုဒ္ဓ၏အားတော်ကို ဆင် ၁၀-မျိုးဖြင့် အဆင့်ဆင့်တွက်ချက်ပုံ
ဆဒ္ဒန်ဆင်————————၁
ဥပေါသထဆင်——————၁၀
ဟေမဆင်…. ..—————-၁၀၀
မင်္ဂလဆင်.——————-၁၀၀၀
ဂန္ဓဆင်..——————-၁၀,၀၀၀
ပိင်္ဂလဆင်- -. .-. ..——-၁၀၀,၀၀၀
တမ္ဗဆင်. .-..- -..——၁,၀၀၀,၀၀၀
ပဏ္ဍရဆင်————၁၀,၀၀၀,၀၀၀
ဂင်္ဂေယျဆင် - ——၁၀၀,၀၀၀,၀၀၀
ကာဠာဝကဆင် —၁,၀၀၀,၀၀၀,၀၀၀
ပကတိလူ-.. …–၁၀,၀၀၀,၀၀၀,၀၀၀
ဆဒ္ဒန်ဆင် ၁၀-ကောင်မှာ ကာဠာဝကဆင် ၁၀၀၀,၀၀၀၀၀၀၀
ဆဒ္ဒန်ဆင် ၁၀-ကောင်မှာ ပကတိလူ ၁၀၀၀၀၀,၀၀၀၀၀၀၀
မြတ်ဗုဒ္ဓ၏အားတော်မှာ = ကာဠာဝကဆင် ကုဋေတစ်ထောင်။
မြတ်ဗုဒ္ဓ၏အားတော်မှာ = ပကတိလူ ကုဋေတစ်သောင်း။
(ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ)
(အထူး---/ သိစေ-- ဖတ်စေ၊ နားလည်စေ၊ ကျင့်လေ လမ်းမှန်ကျပါစေ)
ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်း ကုသိုလ်ပွားများနိုင်ကြပါစေသော်...။

No comments:
Post a Comment