Pages

Thursday, July 31, 2014

`အိမ်´ ကို `ရှင်´ အောင် * `မ´ နိုင်မှ အိမ်ရှင်မ



`အိမ်´ ကို `ရှင်´ အောင်
*******************
`မ´ နိုင်မှ အိမ်ရှင်မ

***************

`အိမ်ရှင်မ´ ဆိုတာ
`အိမ်´ ကို `ရှင်´ အောင်
`မ´ ရတဲ့သူပါ။
`အိမ်´ မှာ မေတ္တာတရားတွေ
`ရှင်´ သန်နေအောင်
`မ´ ရတဲ့သူ၊
`အိမ်´ မှာ ကုသိုလ်တရားတွေ
`ရှင်´ သန်နေအောင်
`မ´ ရတဲ့သူ၊
`အိမ်´ မှာ ပျော်ရွင်မှု၊ အေးချမ်းမှုတွေ
`ရှင်´ သန်နေအောင်
`မ´ ရတဲ့သူကို
`အိမ်ရှင်မ´ လို့ခေါ်ပါတယ်။



`အိမ်´ မှာ အကောင်းတရား၊
အမြတ်တရား၊ အငြိမ်းဓာတ်တရားတွေ
`ရှင်´ သန်နေအောင်
`မ´ နိုင်တဲ့ `အိမ်ရှင်မ´ ဖြစ်မှလည်း
`အိမ်´ ရဲ့ အ`ရှင်´သခင် `မ´ဆိုတဲ့
အိမ်ရှင်မ အဓိပ္ပါယ်နဲ့ ထိုက်တန်တဲ့
`အိမ်ရှင်မ´ ဖြစ်နိုင်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)

No comments:

Post a Comment