Pages

Thursday, July 31, 2014

ချစ်စွာမယား သမီးသားနှင့်

 

ချစ်စွာမယား သမီးသားနှင့်
*****************

` နင်နင့်အညီ၊ ချစ်ကြိုးသီထား၊
ပလီပလာ၊ အပြစ်ကွာသည့်
ချစ်စွာမယား၊ သမီးသားနှင့်၊
စီးပွားဥစ္စာ၊ ဉာတကာတို့၊
ဘယ်ခါမခွဲ၊ အတူတွဲ၍၊
အပြုံးချိုချို၊ နေရလိုလည်း၊



နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊
အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊
နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊
အစာသွင်းသို့၊
သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။´

လယ်တီဆရာတော်ဘုရားကြီး

(စံတော်ချိန် သတင်းစာ)

No comments:

Post a Comment