Pages

Sunday, July 13, 2014

*ဗုဒ္ဓဘုရားရှင်၏ ပရိက္ခရာအသုံးအဆောင် တို့တည်ရှိရာနေရာများ


  

*ဗုဒ္ဓဘုရားရှင်၏ ပရိက္ခရာအသုံးအဆောင်
•••••••••••••••••••••••••••••••••••••
တို့တည်ရှိရာနေရာများ

••••••••••••••••••••

၁။ နှစ်ထပ်သင်္ကန်း ဧကသီသင်္ကန်း သ
ပိတ်တော် တောင်ဝှေးတော်တို့သည်
ကုရုတိုင်း ဝဇီရပြည်၌ တည်ရှိ၏။



၂။ သင်းပိုင်တော်သည် ကုလဃရပြည်၌
တည်ရှိသည်။

၃။ ခင်းနှီးတော်သည် သီဟိုဠ်ကျွန်း (သီရိ
လင်္ကာ) ၌ တည်ရှိသည်။


၎။ ခါးပန်းကြိုးနှင့် ဓမ္မကရိုဏ်တော်တို့
သည် ပါတလိပုတ်ပြည်၌ တည်ရှိ၏။


၅။ ရေသနုပ်တော်သည် စမ္ပာပြည်၌ ရှိ၏

၆။ ရဟန်းပြုစသင်္ကန်းတော်သည် အကနိ
ဋ္ဌဗြဟ္မာဘုံ၌ တည်ရှိ၏။


၇။ ဦးရစ်တော်သည် တာဝတိံသာနတ်
ပြည်၌ တည်၏။


၈။ ဥဏ္ဏလုံမွေးရှင်တော်သည်ကောသလ
တိုင်း သာဝတ္ထိပြည်၌ တည်ရှိ၏။


၉။ နိသီဒိုင်တော်သည် အဝန္တိတိုင်း ဥဇ္ဇေ
နီပြည်၌ တည်ရှိသည်။


၁၀။ မြေခင်းနှီးတော်သည် ဒေဝရဋ္ဌတိုင်း၌
တည်ရှိ၏။

၁၁။ မီးပွတ်တော်သည် မိဓိလာပြည်၌
တည်ရှိသည်။


၁၂။ ရေစစ်အဝတ်တော်သည် ဝေဒေဟ
တိုင်း၌ တည်ရှိ၏။


၁၃။ ပဲခွပ်တော်နှင့် အပ်ကျည်ထောက်
တော်သည် ဣန္ဒာပန္တ နဂိုရ်ပြည်၌
တည်ရှိသည်။


၁၄။ ကြွင်းသောပရိက္ခရာများမှာအပရန္တ
တိုင်း ဇနပုဒ်များ၌ တည်ရှိပါသည်။

~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာတည်ရာ ဌာန
<><><><><><><><><><><><
များ
<><>

၁။ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ရှိ သုမန
တောင် (ရာမတောင်) ထိပ်၌နတ်မင်း
တောင်းပန်လျှောက်ထားသဖြင့် ချ
ထားတော်မူခဲ့သော လက်ဝဲခြေတော်
ရာ တစ်ဆူ။


၂။ မာဂဏ္ဍီပုဏ္ဏား လင်မယားတို့ လာ
လမ်းမြင်လောက်ရာ၌ ချထားသော
ခြေတော်ရာတစ်ဆူ။


၃။ အတုမရှိသော ဘုရားရှင်ဟုတ်မဟုတ်
ကို စိစစ်နိုင်ရန် ရသေ့ ၁၆ ဦးတို့ လာ
နေသည်ကို သိမြင်တော်မူ၍ ဇေတ
ဝန်ကျောင်းတော်တွင် ဂန္ဓကုဋီတိုက်
အနီး၌ ချထားတော်မူသော ခြေတော်
ရာတစ်ဆူ။


၎။ သုနာပရန္တတိုင်း မင်းဘူးမြို့အနောက်
တောင်ယွန်းယွန်း မန်းစက်တော်
တောင်ခြေရင်းရှိနမ္ပဒါမြစ်(မန်းချောင်း)
အထိ ကျောက်တုံးပေါ်၌ နဂါးမင်း
တောင်းပန်၍ ချထားတော်မူသော
အောက်လက်ဝဲစက်တော်ရာတစ်ဆူ။

၅။ သုနာပရန္တတိုင်း မင်းဘူးမြို့အနောက်
တောင်ယွင်းယွင်းမန်းစက်တော်တောင်
ထိပ်၌ သစ္စဗန္ဓရသေ့ တောင်းပန်တော်
မူ၍ ချထားတော်မူသော လက်ဝဲစက်
အထက်စက်တော်ရာ တစ်ဆူ။


**ထိုသို့သော ဗုဒ္ဓဘုရားရှင် ခြေတော်ရာ
များအနက် အမှတ်စဉ် (၂) နှင့် (၃) တို့၏
ခြေတော်ရာများသည် မြင်စေလိုသူတို့ကို
သိမြင်စေပြီးနောက်တခဏသာ တည်သော
ခြေတော်ရာများဖြစ်၏။

"ဇမ္ဗူမှာဒွေး ရာမဧ" ဟူသောဆိုထုံးအ
ရ ဇမ္ဗူဒိပ်ကျွန်း၌ နှစ်ဆူနှင့် သီဟိုဠ်ကျွန်း
(သီရိလင်္ကာ) ရာမတောင်ထိပ်၌ တစ်ဆူ
ပေါင်း သုံးဆူသာလျှင် ထာဝရတည်ရှိပါ
သည်။

_/|\_ _/|\_ _/|\_ _/|\_ _/|\_
••• အောင်ခင်စိုး၏
''ဗုဒ္ဓဘုရားရှင်၏ မုဒြာများ''

No comments:

Post a Comment