Pages
▼
ပဋိပက္ခများနှင့် ပတ်သက်၍ သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်
ပဋိပက္ခများနှင့် ပတ်သက်၍
*********************
သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်
********************************
မည်သည့်အကြောင်းကြောင့်
အကြမ်းဖက်တာကိုဖြစ်စေ တို့ ပြင်းပြင်းထန်ထန်
ရှုတ်ချတယ်။ ဘယ်လိုလူမျိုးက ဘယ်လူမျိုးကို
အကြမ်းဖက်ဖက် တို့ ပြင်းပြင်းထန်ထန်
ရှုတ်ချတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေက
ဗုဒ္ဓရဲ့တရားတော်၊ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း
လိုက်နာကျင့်သုံးပြီးတော့ လူမျိုးတိုင်းကို
အေးအေးချမ်းချမ်း စောင့်ရှောက်ဖို့ကောင်းတယ်။
နိုင်ငံတော်ရဲ့ အေးချမ်းသာယာမှုကိုလည်းပဲ
အထူးသဖြင့် ၈၅ ရာခိုင်နှုန်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေက
ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ဖို့ကောင်းတယ်။
အဲဒီတော့ လူတစ်ယောက်သည် လူတစ်ယောက်ကို
နှိပ်စက်ညှင်းဆဲပိုင်ခွင့် မရှိဘူး။
လူတစ်ယောက်သည် လူတစ်ယောက်ကို
စောင့်ရှောက်ကူညီနိုင်ခွင့်ပဲ ရှိတယ်။
လူ့အခွင့်အရေးဆိုတဲ့ အဲဒီဥစ္စာက အထိတ်အထိပ်ပဲ။
အဲဒါကြောင့် ဗမာတွေ ဘုရားအဆုံးအမနဲ့
အထူးသဖြင့် သံဃာတော် အရှင်သူမြတ်တွေ
မြတ်စွာဘုရားရဲ့ တရားတော်နဲ့ လူသားတိုင်းရဲ့
ငြိမ်းချမ်းရေးကို စောင့်ရှောက်တော်မူကြပါလို့
ဒါပဲ ပြောချင်ပါတယ်။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
[သတင်းတမန် ဂျာနယ်]
No comments:
Post a Comment