Pages

Tuesday, July 29, 2014

** ကြိုတင်မသိနိုင်သော တရားငါးမျိုး**

 


** ကြိုတင်မသိနိုင်သော တရားငါးမျိုး**

ဇီဝိတံ ဗျာဓိကာလောစ ဒေဟနိက္ခေပနံ ဂတိ

ဟု ( ဝိသုဒ္ဓိမဂ် ) မှာ မြတ်ဗုဒ္ဓက ဟောကြား

သည်။

(၁) မည်သူမျှ မည်သည့်အရွယ်တွင် သေရ

မည်ကို မသိနိုင်ခြင်း။

(၂) မည်သို့သောဝေဒနာ အန္တရာယ်ဖြင့်

သေဆုံးမည်ကို မသိနိုင်ခြင်း။

(၃) မည်သည့်အချိန်ကာလတွင် သေရမည်

ကို မသိနိုင်ခြင်း။

(၄) မည်သည့်နေရာ၌ သေရမည်ကို

မသိနိုင်ခြင်း။

(၅) သေပြီးနောက် အခြားမဲ့၌

မည်သို့ဖြစ်မည်

ကို မသိနိုင်ခြင်းဟု မြတ်ဗုဒ္ဓက ဟောကြား

ထားသည်။ သိက္ခာရှိရှိ သတိရှိရှိနှင့်သာ

သေခြင်းတရားကို ရင်ဆိုင်နိုင်အောင်

တရားအားထုတ်ကြပါ သူတော်ကောင်း

အပေါင်းတို့ ……။

( တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး)
 

No comments:

Post a Comment