Pages

Tuesday, July 29, 2014

ဘဝကိုပုံသေတွက်မထားနဲ့

 

ဘဝကိုပုံသေတွက်မထားနဲ့
•●•●•●•●•●•●•●•●•●•

(၁) ပစ္စည်းဥစ္စာတွေ ရှာဖွေလို့ရတဲ့
အခါမျိုးတွေရှိသလို မရတဲ့ အခါမျိုး
တွေလဲဘဲရှိမယ်။


(၂) မိဘဆွေမျိုး အပေါင်းအသင်း
သူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း
ပျော်ပျော်ပါးပါး နေရတဲ့ အခါမျိုးတွေ
ရှိသလို တစ်ယောက်ထီးတည်း နေရတဲ့
အခါမျိုးတွေလဲဘဲ ရှိမယ်။



(၃) ချီးမွမ်းထောပနာ သြဘာသံတွေ
ကြားရတဲ့ အခါမျိုးတွေရှိသလို အပြစ်တင်
ကဲ့ရဲ့ရှုတ်ချတဲ့ စကားသံတွေ ကြားရတဲ့
အခါမျိုးတွေလဲဘဲရှိမယ်။


(၄) ချမ်းသာသုခတွေ စံစားရတဲ့
အခါမျိုးတွေ ရှိသလို ဆင်းရဲဒုက္ခတွေ
ခံစားရတဲ့ အခါမျိုးတွေလဲဘဲ ရှိမယ်။


လူတိုင်းကြုံတွေ့ရမယ့်
ဒီလောကဓံတရား(၈)ပါးမှာ
အကောင်းနဲ့ပဲတွေ့တွေ့
အဆိုးနဲ့ပဲကြုံကြုံ မတုန်မလှုပ်
ရင်ဆိုင်ရဲတဲ့ စွမ်းရည်ရှိအောင်
ကြိုးစားထားဖို့လိုအပ်ပါတယ်။

ယောင်တောင်တောင်မလုပ်ပါနဲ့။

နေရေးကို ဦးစားပေးပြီး စီးပွားဥစ္စာ
ရှာဖွေနေတာကို မှားတယ်လို့ မဆိုနိုင်ပါ။

သေရေးကို ဦးစားပေးပြီး တရားအလုပ်ကို
တကယ်လုပ်နေရင်လဲမှားတယ်လို့
မဆိုနိုင်ပါ။ 


အဲဒီလိုမဟုတ်ဘဲ စီးပွားရေးသမား
ယောင်ယောင်၊
တရားသမားယောင်ယောင်
လုပ်နေရင် စီးပွးဥစ္စာလဲမရ
တရားလဲမရ။


(ဖွတ်မရ ဓားမဆုံး၊ ဖောဌ်မရဓမ္မဆုံး)
ဆိုတာမျိုးဖြစ်သွားတတ်ပါတယ်။

ယောင်တောင်တောင် လုပ်နေရင်
ရူးတူးတူးဖြစ်သွားတတ်ပါတယ်။

ကိုယ်တကယ် စိတ်ဝင်စားတဲ့
အလုပ်ကိုတကယ်ဖြစ်အောင်
လုပ်ဖို့အရေးကြီးပါတယ်။


ဓမ္မဂုဏ် ရောင် ဆရာတော်…
ငြိမ်းလဲ့ Page မှ ကူးယူသည်။

No comments:

Post a Comment