Pages

Thursday, July 24, 2014

* * တဏှာကို ပယ်သတ်နည်း * *

 

* * တဏှာကို ပယ်သတ်နည်း * *

တဏှာက ဘာတွေနှစ်သက်သလဲလို့ခွဲခြား
လိုက်ရင် ကာမတဏှာတဲ့။
ကာမတဏှာဆိုတာ ဘာပြောတာတုန်း
မျက်စိက ပျော်စရာအာရုံတွေကို တွေ့ရင်
နှစ်သက်တာ ကာမတဏှာ
နားက သာယာစရာ အသံလေးကို
နားထောင်ပြီးတော့ နှစ်သက်တာ တွယ်တာ။ 


နှာခေါင်းက မွေးကြိုင်တဲ့ အနံ့လေးကို
ရပြီးတော့ နှစ်သက်တာ ။
လျှာက ကောင်းတဲ့အရသာလေး တွေ့ပြီး
နှစ်သက်တာ။

ကောင်းမကောင်းဆိုတာ ကြိုက်မကြိုက်ပေါ်
မှာသွားတည်တယ်။ 
ကိုယ်ကြိုက်ရင်ကောင်း
ကိုယ်မကြိုက်ရင် မကောင်းဘူး။

ပုံမှန်ပြောလို့မရဘူး။ 
ဒူးရင်းသီးကြိုက်တဲ့သူ
က ဒီအနံ့ကို မွှေးတယ်။ 
မကြိုက်တဲ့သူက
နံတယ် ။ 
ဟုတ်ကဲ့လာ။ 

ငါးပိမွှေးတယ်
မကြိုက်ရင် နံတယ်။

ဟော ကိုယ်ကြိုက်တာ ကိုယ်ပဲ။

သူက အဲသလို မျက်စိ နား နှာ လျှာ ကိုယ်
ကစပြီးတော့ တွယ်တာစရာ အာရုံပေါ်မှာ
တွယ်နေတာ ကာမတဏှာလို့ခေါ်တယ်။

မျက်စိနဲ့ မြင်တယ်
နားနဲ့ကြားတယ်
နှာခေါင်းနဲ့နမ်းရှူတယ်
လျှာနဲ့ယက်တယ်
ခန္ဓာကိုယ်နဲ့ထိတယ်
အဲဒီကနေပြီးတော့ သူ့စိတ်ထဲမှာ
ကျေနပ်တဲ့ အရာတွေပေါ်မှာ တွယ်တာစရာ
မှန်သမျှ တဏှာချည်းပဲ အဲဒီတဏှာတွေ
ကိုယ့်သန္တာန်မှာ ဖြစ်နေတာ။

တဏှာကို ဖယ်ရှားပယ်သတ်နိုင်တဲ့ နည်း
လမ်းကတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရား
ကိုကျင့်တာ။ အဲဒီ မဂ္ဂင်ရှစ်ပါးအကျင့်တရား
ကို ကျင့်ချင်းအားဖြင့်သာလျှင် ဟောဒီ
တဏှာကို ဖယ်ရှားနိုင်တဲ့
နည်းလမ်းကောင်းပါ။

( ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာ )့


ဦးဝရဥာဏ. အင်း လျှား

No comments:

Post a Comment