Pages

Thursday, July 24, 2014

အပြစ်မရှိသောကဲ့ရဲ့ခြင်း နှင့်ပရာနုဝါဒဘေး



 

အပြစ်မရှိသောကဲ့ရဲ့ခြင်း နှင့်ပရာနုဝါဒဘေး

ကဲ့ရဲ့ပြစ်တင်ခြင်းသည်
အပြစ်မှ ထမြောက်စေလိုသော
စေတနာကောင်းဖြင့်
ကဲ့ရဲ့ပြစ်တင်ခြင်း၊

သိက္ခာကျစေလိုသော
လူတိုင်းက
အထင်သေးစေလိုသော
စေတနာဆိုးဖြင့်
ပြစ်တင်ကဲ့ရဲ့ခြင်းဟု
နှစ်မျိုးရှိ၏။

စေတနာကောင်းဖြင့်
ပြစ်တင်ကဲ့ရဲ့ခြင်းကိုကား
ဘုရားရှင်တို့ပင် ပြုတော်မူသည်၊
စေတနာကောင်းဖြင့်
ပြစ်တင်ကဲ့ရဲ့ခြင်းကား
အပြစ်မရှိဟု မှတ်အပ်၏။

သူတစ်ပါးက စွပ်စွဲကဲ့ရဲ့တဲ့
ပရာနုဝါဒဘေးဆိုတာက
ကိုယ့်ဘက်က အပြစ်မရှိဘဲ၊
ဖြူစင်နေရင်
ဘာမှဂရုစိုက်စရာလည်းမလိုဘူး
ကြောက်စရာလည်းမလိုဘူး၊
အတိတ်က ဝဋ်ကြွေးပါလာရင်
ရက်ပိုင်းလပိုင်းအထိ နာမည်ပျက်
သိက္ခာကျတဲ့ဒဏ်ကို ခံရပါမယ်၊
အပါယ်ငရဲ ဆွဲချနိုင်တဲ့
တရားမဟုတ်လို့ နည်းနည်းမှ
ကြောက်စရာမလိုပါဘူး။

(မေတ္တာရှင် - ရွှေပြည်သာ)

လှိုင် တိုး.

No comments:

Post a Comment