Pages

Monday, July 14, 2014

ဖြစ်ချင်ဖြစ် မဖြစ်ချင်မဖြစ် သစ္စာ ၄- ပါးအနှစ်

Photo: ဖြစ်ချင်ဖြစ် မဖြစ်ချင်မဖြစ်
**********************
   သစ္စာ ၄- ပါးအနှစ်
*****************

   ခန္ဓာထဲမှာ ကြည့်နော်......။
   ဖြစ်ပေါ်လာတယ်၊
   ရင့်ရော်ပျက်စီးသွားတယ်။
   ပေါ်တဲ့အာရုံ၊ မှတ်သိတဲ့စိတ်၊
   အတွဲလိုက် အတွဲလိုက် ဖြစ်ပေါ်လိုက်၊
   ရင့်ရော်ပျက်စီးသွားလိုက်။

   အဲဒါ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်
   စက်ရဟတ်ကြီး ပြတ်သွားအောင်၊
   စွဲလမ်းမှုကင်းအောင်
   လုပ်နေကြရတယ်။
   ထပ်ထပ်ပြီး ဖြစ်ချင်တဲ့
   အကြောင်းသမုဒယကြောင့်
   အကျိုးဒုက္ခတွေ
   ထပ်ထပ်ဖြစ်နေတယ်။

   ဖြစ်ချင်ဖြစ် မဖြစ်ချင် မဖြစ်
   သစ္စာလေးပါး တရားတော်အတိုင်း
   ဖြစ်ချင်တဲ့ သမုဒယကြောင့်
   ထပ်ထပ်ဖြစ်နေတာ
   ဇာတိ ဒုက္ခပဲ.....။

   မဖြစ်ချင်တာ မဂ္ဂ၊
   မဖြစ်တာ နိရောဓပဲ၊
   ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေး
   မှတ်ဖို့နော်။
   ဖြစ်ချင်ဖြစ် မဖြစ်ချင် မဖြစ်
   သစ္စာလေးပါး အနှစ်ပဲ။
 
  ဒုက္ခခပ်သိမ်း ငြိမ်းချင်ရင်.....

   မဖြစ်တဲ့ နိရောဓသစ္စာ
   ဆိုက်ရောက်ဖို့ရာ
   ဖြစ်ခိုက် ရုပ်နာမ်ကို
   အမှန်ကို အမှန်အတိုင်းသိအောင်
   ရှုမှတ်ရမယ်။

   ရွှေဥမင် ဆရာတော်ဘုရားကြီး

   ဖြစ်ချင်ဖြစ် မဖြစ်ချင်မဖြစ်
**********************
သစ္စာ ၄- ပါးအနှစ်

*****************

ခန္ဓာထဲမှာ ကြည့်နော်......။
ဖြစ်ပေါ်လာတယ်၊
ရင့်ရော်ပျက်စီးသွားတယ်။  

 ပေါ်တဲ့အာရုံ၊ မှတ်သိတဲ့စိတ်၊
အတွဲလိုက် အတွဲလိုက် ဖြစ်ပေါ်လိုက်၊
ရင့်ရော်ပျက်စီးသွားလိုက်။

အဲဒါ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်
စက်ရဟတ်ကြီး ပြတ်သွားအောင်၊
စွဲလမ်းမှုကင်းအောင်
လုပ်နေကြရတယ်။
ထပ်ထပ်ပြီး ဖြစ်ချင်တဲ့
အကြောင်းသမုဒယကြောင့်
အကျိုးဒုက္ခတွေ
ထပ်ထပ်ဖြစ်နေတယ်။

  ဖြစ်ချင်ဖြစ် မဖြစ်ချင် မဖြစ်
သစ္စာလေးပါး တရားတော်အတိုင်း
ဖြစ်ချင်တဲ့ သမုဒယကြောင့်
ထပ်ထပ်ဖြစ်နေတာ
ဇာတိ ဒုက္ခပဲ.....။

မဖြစ်ချင်တာ မဂ္ဂ၊
မဖြစ်တာ နိရောဓပဲ၊
ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေး
မှတ်ဖို့နော်။
ဖြစ်ချင်ဖြစ် မဖြစ်ချင် မဖြစ်
သစ္စာလေးပါး အနှစ်ပဲ။

ဒုက္ခခပ်သိမ်း ငြိမ်းချင်ရင်.....

မဖြစ်တဲ့ နိရောဓသစ္စာ
ဆိုက်ရောက်ဖို့ရာ
ြ ဖြစ်ခိုက် ရုပ်နာမ်ကို
အမှန်ကို အမှန်အတိုင်းသိအောင်
ရှုမှတ်ရမယ်။

  ရွှေဥမင် ဆရာတော်ဘုရားကြီး



ကိုလှိုင် တိုး

No comments:

Post a Comment